Wednesday, June 23, 2021

မြန်မာပြည် ဘာဟုတ်သေးလဲ

Daily Mail က ဒိုင်ယာနာနဲ့ပါတ်သက်တဲ့
သတင်းတပုဒ် ဒီနေ့တက်လာတယ်၊ 
1990s ကာလတွေအကြောင်း၊ အတွေးထဲ
ဝင်လာတယ်၊

Prince Charles နဲ့ Diana ကွဲတယ်၊
ဒိုင်ယာနာက အစ္စလမ်ဘာသာဝင် သူဌေး ဒိုတီနဲ့
အကြောင်းပါတယ်၊ ကိုယ်ဝန်ရှိလာတယ်
ပြင်သစ် ဥမင်တခုမှာ ကားအက်ဆီဒင့်နဲ့သေတယ်၊

ပထမပိုင်း ကားချို့ယွင်းချက်လို့ ဆိုပြီး
သတင်းထွက်လာတာနဲ့ မာဆေးဒက်စ် ( Mercedez )
ရဲ့ S Class တွေ Safety အတွက်ဘယ်လို
စမ်းသပ်ပြီးမှထုတ်လုပ်ထားကြောင်း
ကမ္ဘာကို ပြသလိုက်တော့ အဲ့ဒီသတင်းငြိမ်သွားတယ်။
အခြားသုံးသပ်ချက်တွေ ထွက်လာသေးတယ်။

......................

သူတို့ကိစ္စဖြစ်ပြီး သိပ်မကြာခင်မှာပဲ
အလုပ်ကိစ္စနဲ့ပြင်သစ်ရောက်တော့
သွားလေ့လာချင်စိတ်ဖြစ်လာတယ်၊
ဥမင်က သေးသေးလေးပါ၊ တကွေ့စာလောက်ပဲ
ရှိပါတယ်၊ အမှတ်မမှားရင် (1996) လောက်ကလို့
ထင်တာပဲ၊ လွန်ခဲ့တဲ့ (၂၅) နှစ်ဝန်းကျင်၊

တိုက်စရာရယ်လို့မတွေ့မိပါဘူး
တိုက်ချင်လို့တောင်လဲ မရပါဘူး၊ 
ဒါပေမဲ့ ကားအက်ဆီဒင့် ဖြစ်ပြီးသေသွားခဲ့တယ်၊ 
ကမ္ဘာကျော် သတင်းဆိုတော့
ပူပူနွေးနွေးလဲဆိုတော့ ပန်းကုံးတွေ
လာချထားတာတော့ တွေ့တယ်၊
စာရေးဆရာဆိုတော့တွေးတာပေါ့။

....................

တွေးမိတဲ့အတိုင်းပဲ နောက်ပိုင်းတက်လာတဲ့
သတင်းတွေက MI6 လက်ချက်ဆိုတဲ့အယူအဆ
ပိုအားကောင်းလာတော့တယ်၊

အဓိက ကကိုယ်ဝန်ရှိသွားတာ
နန်းတွင်းရေးအပေါ်ဂယက်ရိုက်ကြမှာကို
ကြောက်ကြတာ၊ ရှေ့မှာက မင်းသား (၂) ယောက်
မွေးထားလေတော့.. သူတို့နဲ့  ဝမ်းကွဲညီအစ်ကို
ဖြစ်လာပြီး၊ နောက်ပိုင်းရှုပ်နိုင်တဲ့ ဇာတ်လမ်းတွေ၊
ဘမောင်ရဲ့ လုပ်ငန်းမိတ်ဖက် ပြင်သစ်ကြီးနဲ့
အဲ့ဒီကိစ္စတွေ ညဉ့်နက်အထိ စကားပြောဖြစ်ကြသေး
သူကေတာ့
သူ့နိုင်ငံထဲမှာ လာလုပ်ကြံတဲ့ အဖြစ်ကို
မကြေနပ်တဲ့ရှုဒေါင့်ကပေါ့၊ နိုင်ငံသိက္ခာကျတယ်
ဆိုပြီး မကြေမနပ်နဲ့။

နောက်ဆုံးတော့
ဟိုလိုလို ဒီလိုလိုနဲ့ အဲဒီသတင်းကို
ကမ္ဘာကြီးက မေ့မေ့ပျောက်ပျောက်ပျောက်
ဖြစ်သွားကြတာ... ဒီနေ့အထိပဲဆိုပါတော့၊

......................

ဗြိတိသျှအင်ပါယာခေတ်ကို
နေမဝင်အင်ပါယာလို့ တင်စားတယ်၊
ကမ္ဘာတခြမ်းအထိ သိမ်းထားနိုင်လေတော့
နေဝင်က နေထွက်အထိ သူတို့လက်အောက်ခံ
နိုင်ငံတွေချည့်ပဲလေ၊ နေဝင်တာ နေထွက်တာ
ဘယ်ရှိတော့မှာ တုန်း။

သမိုင်းဆိုတာ တပါတ်လည်တတ်သလို
တပါတ်လည်ခြင်းကိုလည်း မြန်မာလို "ဝဋ် " လို့
ခေါ်ကြပြန်သေးတယ်၊

Diana လုပ်ကြံခံရတာ ကိုယ်ဝန်ရှိသွားလို့
သွေးနှောမှုရဲ့ အရှုပ်အထွေးကို ကြိုတင်
ကာကွယ်တဲ့သဘောပဲ၊

ဒါပေမဲ့
ကာလတခုကို ကျော်ဖြတ်လာပြီးတဲ့အချိန်မှာ
UK ရဲ့ အချက်အခြာ London မြို့တော်ဝန်ဟာ
အစ္စလမ်ဘာသာဝင် ဆာဒစ်ဖြစ်လာတယ်၊
အခုဆိုရင် အရွေးပြန်ခံရလို့ ဒုတိယသက်တမ်း
တာဝန် ပြန်ထမ်းဆောင်နေပြီ၊
UK မြို့တော်ဝန် (၇) ခုဟာ အစ္စလမ်ဘာသာဝင်
မြို့တော်ဝန်တွေဖြစ်နေကြပြီ၊

အံ့သြစရာ ဘယ်လောက်ကောင်းသလဲ
နေမဝင်အင်ပါယာ အခုလိုကျဆုံးလိမ့်မယ်လို့
ဘယ်သူ ကြိုပြောနှိုင်ကြပါမလဲ !
“ဝဋ် " ဆိုတာ တကယ်ရှိတဲ့အရာသာပါ။

......................

ပြီးခဲ့တဲ့ (၅) နှစ် မြန်မာမှာ ဘာဖြစ်ခဲ့သလဲ ?
MI6 က ဂျိုးဖစ်ရှာဟာ ဒေါ်စုအနားမှာ
ဘာတွေလုပ်ခဲ့မလဲဆိုတာ တွေးကြည့်လို့
ရကြပါလိမ့်မယ်၊
ဒီနေ့ဖြစ်စဉ်တွေဟာ တရက်၊ တမနက်နဲ့
ထလုပ်လို့ရတာတွေမှ မဟုတ်တာ။

စဉ်းစားကြည့်ကြပါ
ဘုရင်မကြီး အဲလစ်ဇဘက်ရဲ့ ချွေးမ
မင်းသား (၂) ယောက်ရဲ့ အမေဖြစ်တဲ့
ဒိုင်ယာနာကိုတောင် ပုရွက်ဆိတ်လေးလို
လုပ်ကြံနိုင်သေးရင်....

မြန်မာ နိုင်ငံဟာ
ဘာမှ သွေးတော် သားစပ်တာ မဟုတ်ဘူးလေ။

#နေဇင်လတ်  ( 23.6.21 ) 😅