Friday, June 18, 2021

အပျိုကြီး တွေ ဖြစ်နေပြီ

          နေ့လယ်စာ မစားရသေးဖူး ကိုစိုးက အဖော်လာခေါ်လို့ ခင်ဗျား ကျွေးရမှာနော် လို့ ပြောတော့ အဝစားကွာ ။ ဒါနဲ့ လက်ဖက်ရည်သွားပြီး မြေအိုးမြည်းရှည် တပွဲ မှာပြီး အားပါးတရ စားနေမိတယ် ။ ပူပူလောင်လောင် ဆိုတော့ အမြန်စားမရဖူး ဗျ ။ ဘေးနားက စားပွဲက လူတွေ ပြောနေသံလည်း ကြားနေရတာပေါ့ ....


"ဟေ့ကောင် စခ တွေ အတော်သေနေတယ်ဆို ''

"အေးလေ အခုဆို တပ်ထဲမှာ လူတောင် သိပ်မကျန်တော့ဖူးတဲ့ ကယား ၊ ကရင် ၊ ကချင် ၊ ချင်း အကုန်လုံး ဝိုင်းဆော်နေတော့ မအလ တော့ ပျားတုတ်နေတာပဲဟေ့ ''

"အေး အားရသကွာ အမေ့အကွက်တွေက မိုက်တယ်ဟေ့ မကြာတော့ဖူး အမေပြန်လာမှာပါ ''

        သူတို့ချင်းပြောပြီး ထသွားလေရဲ့ ကိုစိုးကတော့ မြည်းရှည်စားနေတဲ့ ကျနော့်ကို မေးငေါ့ပြနေလေရဲ့ ။ သူတို့ အထွက် တခြားလူတွေ အဝင် စကားပြောသံတွေ ကြားရပြန်ပါပြီ ။ 

"မိုက်တယ်ကွာ ရွှေဘ အကွက်တွေကတော့ နိုင်ငံတကာကို မီးခိုးတိတ်ပဲဟေ့ ''

"တိတ်မနေနဲ့ အမေရိကန်သံရုံးက ကင်းမရွာကို နစက အဖွဲ့တွေ မီးရှို့တယ် ဆိုပြီး ဖွနေပြီ ''

"Video ဖိုင်တွေ ရှိပါတယ်ကွာ အသာလေး အကွက်ပြလို့ရပါတယ် အခုလည်း အမေရိကန်က မြန်မာသံအမတ်ကို ပြန်ခေါ်လိုက်ပြီ အမေရိကန်သံအမတ်ကိုလည်း နှင်ထုတ်လိမ့်မယ် ''

"ကြိုက်တယ်ကွာ အဘက အဲလိုပြတ်သားတာကွ အခုဆို GZ တွေကို ဘယ်သူပုန်မှ လက်မခံရဲတော့ဖူးဟေ့ သောင်ပြင်လွှတ်တဲ့ ခွေးတွေ ဖြစ်ကုန်ပြီ အကွက်လှတယ် ဆိုတာ အဲဒါမှ... ''

       သူတို့ ပြောပြီးထွက်သွားတော့ ကျနော်လည်း စားပြီးပါပြီ ။ ကိုစိုးက......

 "ကဲ ကြားတယ် မဟုတ်လား ကွ မင်း ဘယ်လို ထင်သလဲ နှစ်ဖက်လုံး ကတော့ ဟုတ်နေတာပဲ ဟေ့''

"အင်း ကျနော်တို့က လော် နှစ်သင်းကြားထဲမှာ အပျိုကြီး ညီအမလို ဖြစ်နေတာ ဗျ ''

"အင်း လုပ်စမ်းပါအုံး ပေါက်တီးပေါက်ရှာ တွေ ''

"တခါက အသက် ၃၅ နှစ်အရွယ် လောက် အပျိုကြီး ညီအမနှစ်ယောက် ရှိတယ်ဗျ အခြားဆွေမျိုး မိဘတွေ မရှိပဲ နှစ်ယောက်ထဲ နေကြရတာ ''

"အင်း ဟုတ်ပြီ ဆိုးတိုင်ပင် ကောင်းတိုင်ပင်ပေါ့လေ ဆက်ပါအုံး ''

"အင်မတန် ရိုး အင်မတန်အေး ကြပြီး ဗဟုသုတလည်း အလွန်နည်းတယ် ဗျ ''

"အေးပေါ့ ဒီတော့...''

"တနေ့ သူတို့ ညီအမဆီကို မြို့နယ်အဆင့် မောင်ပြိုင်ပွဲ နဲ့ မယ်ပြိုင်ပွဲ အားပေးဖို့ ဖိတ်စာနဲ့တကွ မြို့မျက်နှာဖုံး အမကြီးတယောက်က ဖိတ်ပါရော ''

"ဒီတော့...''

"အဲဒီပြိုင်ပွဲတွေလည်း တခါမှ မကြည့်ဖူးတာရယ် ဖိတ်သူကို အာနာတာရယ်ကြောင့် ညီအမ နှသ်ယောက်လုံး သွားကြည့်ကြတယ် ဗျ ''

"အေး ကြည့်ပြီးတော့..''

"ပွဲပြီးလို့ အိမ်ပြန်ရောက်တော့ ညီအမ နှစ်ယောက် စကားပြောကြတယ် ဗျ ''

"အင်း ဘာတွေ ပြောလည်း ''

"အမရယ် ကောင်မလေးတွေက အတော်လှကြတာပဲ နော် ''

"အေးဟဲ့ ဖက်ရှင်တွေကလည်း လှတာပဲ ''

"အမရယ် မောင်ပြိုင်ပွဲက လူတွေကဖြင့် တောင့်လိုက်တဲ့ ဗလ နဲ့ ဆိုးလိုက်တဲ့ ရုပ်ကြီးတွေပါ အမရယ် ''

"ဟယ်...ညည်းကမှ မောင်ပြိုင်ပွဲကို ​သေသေချာချာ ကြည့်ရဲသေးတယ် ငါဖြင့် သူတို့ ကိုယ်တုံးလုံးကြီး ထွက်လာတာ နဲ့ ကြည့်ရမှာ ရှက်လွန်းလို့ အဝတ်ကပ်နေတဲ့ တနေရာ ကြည့်ပြီး ကျန်တာကို မကြည့်ရဲတော့ပါဖူးအေ.....တဲ့ဗျာ ''

"ဟားးးးးပေါက်တီးပေါက်ရှာ ကွာ မောင်ပြိုင်ပွဲ အဝတ်ကပ်နေတဲ့ နေရာက ဟာ...အတော် နောက်တဲ့ ငမျိုးရာ..''

"အေးလေ ကျနော်တို့လည်း ရှက်လွန်းလို့ အဝတ်ကပ်တဲ့ တနေရာပဲ ကြည့်ရဲတဲ့ အမအပျိုကြီးလို ဖြစ်နေတာ ဗျ ''

"ဟိုက် ဘယ်လို   ဘယ်လို  ''

"အနီကော ဘောမရော နှစ်ဖက်လုံး သောက်သုံးတာ မကျသေးတာ လုံမယ်ထင်တဲ့ တနေရာတည်းသော အဝတ်ကပ်တဲ့ နေရာလေးလက်ညှိုးထိုးပြနေတာ ကြည့်ပြီး ပိုပြီးရှက်စရာ ကောင်းနေတဲ့ အပျိုကြီးလို ပြည်သူတွေ ဖြစ်နေရတာ လေ ဗျာ ''

"ဟေ.... ဟုတ်သားပဲ ကွ ''

"ကဲ အပျိုကြီးစိုး ပြန်ကြစို့ ''

"လုပ်ပြီ ခွေးကောင်😁''

           မျိုးဝင်

Related Posts:

  • ဒီခေတ်မှာ ဖြတ်၄ဖြတ်မလိုဘူး။ ဖြတ်၁ဖြတ်ပဲ လိုတယ်။ အင်တာနက်ဖြတ်လိုက်ပါ။ အတိုင်းအတာ တစ်ခုအထိအလှူခံလည်း ဒီကအလှူခံတယ်။ မဟုတ်မမှန် သောသတင်းအချက်အလက်ကောလဟာလ သတင်းမှန်သမျှ ဒီကစီးဆင်းတယ်။ လူထု စိုးရိမ်ပူပန်မှု ဖြစ်လာအောင်ဒီကလုပ်တယ် Fb ကြည့် YouTube ကြည့် tictokကြည့်ဖျော်ဖြေရေးဆိုတာထ… Read More
  • အမှတ် ၂၀၀ တဲ့လား....?         ပွဲဆူနေတဲ့ ဦးဌေးအောင် ကိစ္စကို မေးကြမြန်းကြ ကာကြ ဖာကြ ဝေဖန်ကြနဲ့ ပေါ့ ဗျာ ။        လိုအပ်လို့ ထည့်ထားတာ ဆိုတဲ့ ဘောပိတွေကတဖက် လူမျိုးသား ဘာသာခြားဆိုရင် နောပ်ဖေးပေါက်ကလည်း ထပ်မံ အဝင်မခံလိုတဲ့ မျိုးချစ်တွေက တဖက် ဖြစ်နေက… Read More
  • ထိုက်တန်ပါရဲ့လား?ဘုရားဂုဏ်ကို ဖျက်တဲ့အခါဗုဒ္ဓဘုရားဆိုတာ အိန္ဒိယတိုက်ငယ်ထဲက#မင်းသားတစ်ပါးဘဲ..တဲ့။သာမာန်လူပုဂ္ဂိုလ်တစ်ယောက်ဘဲမိုအရမ်းကြီး အလေးအနက်ထား #ကိုးကွယ်စရာမလိုပါဘူး..တဲ့လေ...တရားဂုဏ်ကို ဖျက်တဲ့အခါ သတင်းစာရဲ့ မျက်နှာဖုံးထောင့်နားကဗုဒ္ဓအဆု… Read More
  • သူတို့ထောက်ခံတဲ့ပါတီသာ နိုင်သွားခဲ့ရင်စီးပွါးရေးက ဂျက်လေယာဉ်လို တစ်ဟုန်ထိုးတက်မယ်လို့ ပြောတာတွေ ကြားရမယ်။ဂေါ်ဇီလာနိုင်ငံဖြစ်မယ်လို့ပြောတာတွေ ကြားရမယ်။မိုးပျံတံတား၊မြေအောက်မြို့တော် ဆောက်မယ်ဆိုတဲ့စကားတွေ ကြားရမယ်။ကျူးတွေအကုန် တိုက်ပေါ်ရောက်မယ်လို့ ပြောတာတွေ ကြားရမ… Read More
  • NUGမှ သူတို့နဲ့ပူးပေါင်းဖို့ တပ်မတော်သားတွေကို စည်းရုံးနေတဲ့ပို့စ်အောက်က စစ်သားတစ်ယောက်ရဲ့ကွန်မန့်© မင်းတို့အစိုးရမဖြစ်ခင်ကတည်းကတပ်မတော်တစ်ရပ်လုံးက ငါတို့ရဲဘော်တွေအပါအဝင် တပ်မိသားစုတစ်ခုလုံးကိုပြည်သူနဲ့သွေးခွဲလာတာငါတို့မမေ့သေးဘူး© မင်းတို့အနီတွေ အာဏာရှိစဉ်ကရှေ့တန်း မှာအသက်နဲ့ရင်းပြီးပြည်နယ်အေးချမ်းရေးဆောင်ရွက်နေတဲ့ရဲဘော်တ… Read More