Friday, June 18, 2021

အထင် နဲ့ အမြင်

        တခါတုန်းက ရွာတရွာမှာ အလွန်ချစ်ခင်ကြတဲ့ ငယ်သူချင်း အဖိုးကြီး ၃ ယောက်ရှိတယ် ။ တယောက်က အသက် ၅၀ လောက်မှာ မျက်စိကွယ်သွားရှာတယ် ။ 


     ဒီတော့ သူ့ဆီကို ကျန် နှစ်ယောက်က လာ လာ ပြီး စကားစမြီ ပြောကြတာပေါ့ ။ တနေ့ စကားပြောနေကြရင်း မျက်စိမြင်တဲ့ နှစ်ယောက်က ပြောတယ်..

"အခုခေတ်ကတော့ အရှက်တရား ကင်းကုန်ပါပြီကွာ တို့ ငယ်ငယ်ကနဲ့ တခြားစီ ပဲ ''

"ဟုတ်ပါ့ ကွာ တို့ငယ်ငယ်ကဆို အမျိုးသမီးတွေများ ခြေသလုံးသားတောင် မမြင်ရပေါင် ကွာ ''

"ဟုတ်တယ်ဟေ့ တနေ့က ငါ့မြေးကြီး ဖုန်းထဲက မြန်မာမတွေတဲ့ ကွာ မပြောချင်ဖူး ငါလို အဖိုးကြီးတောင် ပစ်မှားချင်လာတယ် ဟေ့''

"အဲဒါတော့ ဟုတ်တယ်ကွ ငါလည်း အတူတူပဲ ကိုယ့်မြေးအရွယ်မှန်း သိလည်း ဒင်းတို့ ဖော်ပြ ချွတ်ပြ နေတော့ အကုသိုလ်ရသကွာ ''

"အံမယ် အဲဒီ အကုသိုလ်ကြတော့ ဒီကောင်ကြီးပဲ ကင်းသကွာ သူက ဘာမှ မမြင်းရတော့ နားအေးရော ဟေ့ ''

"အေး ဟုတ်တယ်ကွ ဟေ့ကောင်ကြီး မင်းမျက်စိကန်းနေတာ အကုသိုလ် နည်းတယ် ကွ ''

       ဒီလိုပြောနေတာကို နားထောင်နေရတဲ့ မျက်မမြင်အဖိုးကြီးက သက်ပြင်းချပြီး....

"အင်းးးးမင်းတို့ ပြောတာ ဟုတ်သလို လို နဲ့ မဟုတ်သေးဖူး ကွ ''

"ဘယ်လို ဘယ်လို .....''

"ဒီလိုကွ အခု မင်းတို့က မျက်စိမြင်တော့ အကုသိုလ်များတယ် ငါက မမြင်တော့ အကုသိုလ် မဖြစ်ဖူး ဒီလို ပြောနေတာ မဟုတ်လား ''

"အေးလေ ကွာ ဒါကို မင်းက မဟုတ်ဖူး ဆိုတော့....''

"ငါက မျက်စ်မမြင်တော့ ဖိနပ်သံကြားရုံနဲ့  ဒါ ယောကျ်ား ၊ မိန်းမ ၊ ရဟန်းသံဃာ ၊ သီလရှင် ၊ အပျို အအို ၊ ကလေး ၊ လူကြီး မကွဲဖူးလေ ''

"အေးပေါ့ ဟ မင်းမှ မမြင်ပဲကိုး''

"အေး အဲလို ခွဲခြားမသိတော့ ဖိနပ်သံကြားတိုင်း အကုန်ပစ်မှားနေမိလို့ ငါက အကုသိုလ် ပိုများနေတာ ကွ ''

"ဟိုက်...ငါတို့ထက် ဆိုးနေပါ့လားကွာ😂😂😂''

      နောက်တယောက်က ပြန်ဖို့ နှုတ်ဆက်ပြီး နှစ်ယောက်သား ပြန်သွားပြလေရဲ့ ။ အပြန်ခရီးမှာတော့ ဖိနပ်လေးတွေ ခါးထိုးပြီး ခြေသံမကြားရအောင် သူခိုးတွေလို ခြေဖျားလေးထောက်ပြီး ဖွဖွလေး ပြန်သွားကြလေ ရဲ့......

(စိတ်ထားမကောင်းရင် အမြင်ကန်းတဲ့ သူတောင် အဲလို အန္တရာယ် ရှိနေမှတော့ အသိကန်းနေတဲ့ လူယုတ်မာတွေဆို ပိုဆိုးပြီပေါ့ ဗျာ)

           မျိုးဝင်

Related Posts:

  • နောင်အနှစ် ၁၀၀ - ၁၂၅ ကာလတွင်ယုံချင်ယုံ မယုံချင်နေပါ။ Wikipedia မှာ ဆိုထားတာက ရခိုင်ပြည်နယ်ထဲမှာ ၁၉၈၃ ခုနှစ်က ဘင်္ဂါလီ ၅၈၀,၀၀၀ ငါးသိန်းရှစ်သောင်းသာ ရှိရာမှ ၂၀၁၄ ခုနှစ်မှာ ၁,၄၀၀,၀၀၀ တစ်သန်းနဲ့လေးသိန်း ထိ၊ နှစ် ၃၀ အတွင်း ၃ ဆနီးပါး တိုးလာတယ်လို့ ရေးသားဖော်ပ… Read More
  • မြန်မာနိုင်ငံ ရှိ ပါတီပေါင်း ၉၀. ကျော်သို့ကိုဗစ် ၁၉ ကပ်ရောဂါရေကြီးမှုကုန်စျေနှုန်းမြင့်မားမှု  တွေ ပြည်သူတွေ ခံစားနေရချိန်မှာမိတ်ဆွေတို့ ပါတီပေါင်း ၉၀ကျော်ဟာရွေးကောက်ပွဲ မဲဆွယ်စဉ်ကလိုအပြိုင်အဆိုင်   သူနိုင်ကိုယ်နိုင်ပဝါမကူ  ရေမရှူပဲ    အနိုင်မခံမခံ  အရှုံးမပေးအားပေး … Read More
  • ညီငယ် မျိုးဆက်သစ်များသို့ (အောင်ဘုန်းရေးသည်)“ဖက်ဆစ်စစ်တပ် ငါတို့မျိုးဆက်မှာ လုံးဝ အဆုံးသတ်စေရမယ် ဟေ့” တဲ့ ရေးထားတာကတော့ အားတက်ချင်စရာကြီး …အားကြီးနဲ့ 😁အဲလိုပြောပြီးမင်းတို့မျိုးဆက်လဲ အသက်တွေကြီး မင်းကိုနိုင်တို့နေရာကိုရောက် မင်းတို့ပြောတဲ့ ဖက်ဆစ်စစ်တပ်ကြီးကတော့အလုံးအရ… Read More
  • ဆင်သမနွယ် နဲ့ ဆင်တုံးမနွယ် အတူတူလား ?        ၁၀၈ တောင် ဆရာတော်ကြီးရဲ့ ဆေးနည်းကို ဆရာကြီးဦးစိန်လှိုင်ဆီမှ တဆင့် ရရှိပြီး လူနာများနဲ့ တိုက်ကျွေးကြည့်ရာမှ သက်သာပျောက်ကင်းကြောင်း သိရ၍ ဝမ်းသာစရာ သတင်းကောင်း အဖြစ် ပို့စ် တင်ပြီး သတင်းပေးလိုက်ပါတယ် ။        ပြဿနာက ဆင်… Read More
  • ဒေါ်အောင်ဆန်းစုကြည်မလိုဘူး၊ မြန်မာနိုင်ငံပျက်ဖို့ပဲလိုတယ်ဒေါ်စုအအသက်အရွယ်ဖြင့် ရေရှည်အလုပ်မဖြစ်သည်ကိုသူတို့ကောင်းစွာသိကြပါသည်။ဒေါ်စုအရွယ်ကောင်းစဉ် အာဏာရခဲ့မည်ဆိုလျှင် မြန်မာကိုနှစ် (၃၀)အတွင်း ကောင်းစွာဖျက်ဆီးနိုင်ခွင့် ရှိနေပါ၏။နိုင်ငံရေးဝမ်းစာနည်းပါးသောကြောင့်အရွယ်လွန်မှ အာဏာရလာသေ… Read More