Monday, June 28, 2021

အဖြူထည် လူငယ်များအတွက် ၈၈ & ၂၁ ဂျင်းဆိပ်ဖြေဆေး (33)


         ICJ ကနေ တရားစွဲတယ် ဆိုတဲ့ နို့တစ်လဲ ပို့လိုက်ရော NLD က ရှေ့နေပါ ငှားပြီးပြီ ဆိုတဲ့အကြောင်း ၂၄ နာရီ အတွင်း သတင်းထုတ်ပြန်ခဲ့ပါတယ် ။ 

      NLD ပါ​တီရဲ့ ဥပတိရုပ် ပျက်လောက်တဲ့ ကိစ္စ နှစ်ခု ရှိပါတယ် ။ ကိုဖီအာနန် အစီခံစာကို လိုက်နာပါ့မယ် ဆိုပြီး စာထုတ်ပြန်တာလည်း ၂၄ နာရီ အတွင်းပဲ ။ ICJ ကို ရင်ဆိုင်ပါမယ် ဆိုတာလည်း ၂၄ နာရီ အတွင်းပဲ ချက်ချင်း တုန့်ပြန်ခဲ့ပါတယ် ။ ဒါဟာ ဘယ်အချက်ကို ပြနေသလဲ ဆိုရင် 

-ဒေါ်စုကြည် တယောက်တည်း သဘောနဲ့ ဘယ်သု့မှ မတိုင်ပင်ပဲ ထက်ရာစိုင်းနေခြင်း

- တိုင်းပြည်အပေါ် ကြိုတင် အကောက်ကြံ ယုတ်မာထားခြင်း ဆိုတဲ့ အချက် နှစ်ချက်ကို ထင်ရှားစေပါတယ် ။ 

       ICJ ပြဿနာကို ရှင်းတော့လည်း ထုံးစံအရဆိုရင် ရှေ့နေတွေ သွားရှင်းရမှာပါ ။ ဒါကိုပဲ ဒေါ်စုကြည်ဟာ သူကိုယ်တိုင် နန့်နန့်တက် သွားရှင်းပါတယ် ။ သွားတော့လည်း တပ်မတော်သား ခြံခုန်တွေပဲ ခေါ်သွားပါတယ် ။ မိခင် အဖွဲ့အစည်း အပေါ် သစ္စာဖောက်ခဲ့သူ ဆိုတာ တိုင်းပြည်အပေါ်မှာလည်း သစ္စာဖောက်ဖို့ ဝန်မလေးတဲ့ လောက်ကောင်တွေ မို့ပါပဲ ။ 

          ICJ မှာ ထုံးစံအရ တရားသူကြီး ၁၇ ဦး ရှိပါတယ် ။ ၁၅ ဦးက ပင်တိုင် ကျန် ၂ ဦးက တရားလို ၊ တရားခံ က ငှားကြရတာပါ ။ ကိုယ်ငှားတဲ့ တရားသူကြီးက ကိုယ့်ကို မဲပေးကြတာ ထုံးစံပါပဲ ။ ဒါပေမယ့် ထူးခြားစွာပဲ ဒေါ်စုကြည် ထွက်ဆိုချက်တွေကြောင့် မြန်မာက ငှားထားတဲ့ တရားသူကြီးကိုက ဂမ်ဘီယာနိုင်ငံဖက်ကို မဲပေးခဲ့လို့ 
၁၇ မဲ ၀ မဲ နဲ့ စောက်ရှက် ကွဲခဲ့ရပါတယ် ။ 

      အရည်အချင်း မရှိတာထက် အဲလိုဖြစ်အောင် ဒေါ်စုကြည် တမင် ယုတ်မာခဲ့လို့ ဖြစ်ပါတယ် ။ ICJ ထွက်ဆိုချက်ကို NLD အနေနဲ့ တရားဝင် မထုတ်ပြန်ရဲကပါဖူး ။ ဘာကြောင့်လည်းဆိုတော့ တိုင်းပြည်ကို သစ္စာဖောက်ပြီး တပ်မတော်ကို ချောက်ချခဲ့တဲ့ အတွက် မထုတ်ပြန်ရဲတာပါ ။ 

        ကျနော် အသေးစိတ်ရေးဖူးပါတယ် 

- ဘဂ်ါလီတွေကို အကြမ်းဖက်လို့ မသုံးပဲ တော်လှန်သူတွေ တဲ့ ။

- သုတို့က ရာစုနှစ်ပေါင်းများစွာကတည်းက မြန်မာပြည်မှာ နေခဲ့တာတဲ့ ။ 

- ရခိုင် ဗုဒ္ဓဘာသာ အစွန်းရောက် အကြမ်းဖက်တွေက တိုက်ခိုက်သတဲ့ ။ 

- တပ်မတော်က လိုအပ်တဲ့ အင်အားထက် မလိုအပ်ပဲ  အလွန်အကျွံ အင်အားသုံးပြီး ကြမ်းကြမ်းတမ်းတမ်း ရက်ရက်စက်စက် တိုက်ခဲ့ကြသတဲ့ ။ 

        ကိုင်း အကြမ်းဖျင်း အဲသလို ယုတ်မာစွာ ထွက်ဆိုခဲ့ပါတယ် ။ 

     ဆရာမကြီး ဒေါ်ရင်ရင်နွယ်က ကာလကို အလျှော့မပေး နဲ့ ပျော့ရင် နင်းတတ်တာ ကုလအကျင့်ပဲ ၊ ICJ ကို ကိုယ်က လက်မခံရင် ဘာမှ မဖြစ်ဖူး ဆိုပြီး အကြံပေးခဲ့ပါတယ် ။ 

      ကုလမှာ အဆင့်မြင့်ကိုယ်စားလှယ်အဖြစ် တရုတ်လို ဗီတိုအာဏာရ တိုင်းပြည်ကြီးမှာ တာဝန်ထမ်းဆောင်ခဲ့သူ ၊ တရုတ် သမ္မတကနေ  ဂျက်ကီချမ်း အထိ တွေ့ချင်လို့ပါ ဆိုရင် တလေးတစား လာတွေ့ရသူ ဆရာမကြီး အကြံကိုလည်း ကုလမှာ နေ့စား စာပေးစာယူ လောက် လုပ်ခဲ့ရသူ ဒေါ်စုကြည်က လက်မခံပါဘူး ။ 

      ဘယ်လက်ခံမလဲ သူက တိုင်းပြည်ဖျက်ဖို့ ကြံစည်နေတဲ့ ယုတ်မာသူကိုး ဗျ ။ ဒီနေရာမှာ ဒေါ်စုကြည်ရဲ့ ပညာအရည်အချင်းကို မသိသူတွေ အတွက် ပြောပြချင်ပါတယ် ။ 

        အောက်စဖို့စ် ဝင်ခွင့်ရဖို့ လော့မောင့်ဘက်တန်က ဘုရင့်ဆွေမျိုး အခွင့်သြဇာသုံးပြီး လုပ်ပေးခဲ့တယ် ။ ပညာရေးမှာ ဓားမနောက်ပိတ်ခွေး အဆင့် 3th အဆင့်ကနေ ဘွဲ့ရခဲ့တယ် ။ 3 th အဆင့်ဆိုတာ တကယ်တန်း စာမေးပွဲ ကျတယ် လစာ မှန်မှန်ပေးရင် အအောင်ပေးလိုက်တယ် ။ လစာ မပေးရင် အကျပေးတယ် ။ သူ့အဆင့် မှန်းသာ ကြည့်တော့ ။

         ထား​တော့ဗျာ ICJ မှာ အဲလိုဖြစ်ပြီး အခု တရားရင်ဆိုင်ကြရအုံးမယ် ။ ဒေါ်စုကြည် ရှုံးတဲ့ အဆင့်က တရားစွဲသင့် မစွဲသင့် အဆင့်မှာ ရှုံးထားတာပါ ။ တကယ်စစ်ရင် နှစ်ပေါင်းများစွာ ကြာအုံးမယ် ။ 

     နောက်ဆုံး ဘာလုပ်ပါ ညာလုပ်ပါ အမိန့်ချမယ် ။ မလုပ်ဖူးကွာ ယီး ဖြစ်လားဆိုပြီး ဘာမှ လုပ်မပေးဖူး ဆိုပါတော့ ။ ICJ က ကုလ ကောင်စီမှာ တင်ပြမယ် ။ တရုတ် နဲ့ ရုရှား တနိုင်ငံက ဗီတို နဲ့ ပယ်ချမယ် ပွဲပြီး ပြီ ဒါပဲ ။ 

     ရှေ့မှာ ICJ ဆုံးဖြတ်ချက် မလုပ်ပေးတဲ့ အမှုတွေ မရေနိုင်ဖူး ။ ပူပန်နေကြမှာ စိုးလို့ တဆက်တည်း ရေးလိုက်တာပါ ။ 

         ဒီလိုနဲ့ မဲပေးရမယ့် ရာသီ ရောက်ခါနီးလာပြန်ပါပြီ ။ တရုတ်ပြည် ဝူဟန်က စတဲ့ COVID ကလည်း ကမ္ဘာကို ပတ်နေပါပြီ ။ အာဏာရူး ဒေါ်စုကြည်ကတော့ ပြင်ဆင်မှု မလုပ်ပဲ မဲဆွယ်နေပါတော့တယ် ။ 

        လေဆိပ်တွေ မပိတ်တော့ ပြည်တော်ပြန်တွေကနေ ကူးလာပါတယ် ။ ဗုဒ္ဓဘာသာ တရားပွဲတွေ ၊ အလှူတွေ ၊ မဂ်လာဆောင်တွေ ဖမ်းပါတယ် ။ ခရစ်ယာန် တရားပွဲ မပိတ်ပါဖူး ။ အင်းစိန် ခရစ်ယာန် တရားပွဲကနေ ကူးလိုက်တာ အားလုံး ပြန့်သွားပါတယ် ။ 

       ဒေါ်စုကြည်ဟာ သာမန်ပိတ်စနဲ့ mask ချုပ်ဖို့ တိုက်တွန်းတယ် ။ ဘယ်မှာ ချုပ်မလဲ ဆိုတော့ Q စင်တာကနေ ချုပ်ပြီး အပြင်ကို ပေးကြပါတဲ့ ။ ဒီလောက် စောက်ကျက်သရေတုန်း တဲ့ အကြီးအကဲ မတွေ့ဖူးပါဘူး ဗျာ ။ 

       မြန်မာပြည်သူတွေ ရဲ့ ကံတရားလို့ ပြောရမလားမသိဖူး covid ပထမလှိုင်းက အငေအပျောက် မရှိသလောက် နဲ့ ငြိမ်သွားပါတယ် ။ ဒါကိုပဲ အစိုးရ အစီအမံ ကောင်းလို့တဲ့ အံ့​သြပါ့ ။

        မဲစာရင်းတွေ ထုတ်ပြန်ပါပြီ ။ ပေါက်ကရ အမှားတွေ ဗလပွ နဲ့ မို့ ပြောကြပါတယ် ။ ပြန်ပြင်တယ် မှားတုန်းပဲ ။ covid ဒုတိယလှိုင်း ဘဂ်ါလားမှာ ဝင်ပြီ ။ အနောက်နယ်စပ်ကို ဖွင့်ပေးထားတယ် ။ ပြည်သူတွေ ပြောလည်း စောက်ဂရုမစိုက်ပါဘူး ။ လင်ပါသားတွေ အတွက် ဒလဟော ဖွင့်ထားပါတယ် ။ 

      အကျိုးဆက်ကတော့ မြန်မာပြည် covid ဒုတိယလှိုင်း ဝင်လာရတာပါပဲ ။ သူများလှူထားတဲ့ စစ်ဆေးတဲ့ စက်တောင် ရအောင်သယ်မထားဖူး ။ 95 N Mask အတုတွေ နဲ့ ဆရာဝန်တွေကို ကုသစေတယ် ။ တကယ့်ကို ဗရန်းဗတာ ပါပဲ ။ 

      တပ်မတော်မှာ စစ်ဆေးနိုင်တဲ့ စက်ရှိပေမယ့် ဆေးမရှိလို့ မစစ်နိုင်သေးဘူး ။ ဆေးရလာတော့ ကူပြီး စစ်ဆေးပေးမယ် ဆိုတာ လွှဲမပေးခဲ့ဖူး ။ အစိုးရ လက်ထဲက စစ်ဆေးတဲ့ စက်ကိုလည်း မီးစက် မရှိလို့ ဆိုပြီး မစစ်ဆေးပေးဖူး ။ 

      ပြည်သူ့အသက်တွေ နဲ့ ရင်းပြီး covid နဲ့ နိုင်ငံရေး ကစားခဲ့တဲ့ ယုတ်မာမှုတွေ မြင်အောင်ကြည့်စမ်းပါ ။ သေချင်သလောက် သေလို့ရတယ် ။ ဆေးဖိုး စာရင်း လိမ်စားပြတယ် ၊ အင်မတန်ယုတ်မာတဲ့ ဆေးလောက အဖြစ် ​မြင်တွေ့ရပါပြီ ။ 

       ဆရာဝန်တွေဟာ covid အကြောင်းပြုပြီး သြဇာအာဏာ ကြီးလာပြတယ် ။ ဒါကို သာယာနေပြီး အာဏာစွဲသွားကြပြီ ။ နိုင်ငံရေးသမား NLD ပါတီကလည်း covid ဗန်းပြ ကစားလို့ ရနေပြီ ။ ဘဏ္ဍာငွေ နဲ့ ပြိုင်ဖက်အပေါ် နှိပ်ကွပ်မှု တွေ စိတ်ကြိုက်လုပ်လို့ ရနေပါတယ် ။ 

         Q ဝင်သူတွေကို အလှူရှင်တွေက ကျွေးတယ် အဲဒါကို ဒေါ်စုကြည်က တယောက် ခြောက်သိန်း စာရင်းပြတယ်  ။ Q + တွေကို စီဗစ်ပဲ တိုက်တယ် တယောက်  ၁၅.သိန်း တဲ့ ။ အရေးပေါ် ICU သမား သိန်းခြောက်ဆယ် တဲ့ ၊ အောက်စီဂျင်တောင် လောက်အောင် မပေးနိုင်ပဲ စာရင်းပြတာပါ ။ အဲသလို ဘဏ္ဍာတွေကို ဗြောင်ခိုးခဲ့တာ ဒေါ်စုကြည် ကိုယ်တိုင်ပါပဲ ။

     အဲသလောက်နဲ့ မရပ်ပါဖူး ။ ပြည်သူတွေ အားကိုးနေရတဲ့ အဖြူရောင် ပရဟိတတွေကို သူ ဥက္ကဌ လုပ်တဲ့ ကော်မတီလက်အောက် ဝင်ရမယ်ဆိုပြီး အမိန့်ထုတ်ပြန်ပါတယ် ။ NGO ဆိုတဲ့ အဓိပ္ပါယ်ကို က အစိုးရ နှင့် မသက်ဆိုင်သော အစုအဖွဲ့ ဆိုတာကို မသိလောက်အောင် အာဏာရမ္မက် ဖုံးကွယ်နေပေပြီ ။ 

        ဒီကြားထဲမှာ မဲပေးမယ့် စည်းမျဥ်းတွေကို ဥပဒေအား ကျော်လွန်ပြဌာန်းပါတယ် ။ မဲခိုးဖို့ပါ တပါတည်း အကွက်ကျကျ လုပ်ပုံတွေကတော့ မသပ်မရပ် နဲ့ လူတိုင်းသိသာစေခဲ့ပါတယ် ။ 

     မဲခိုးဖို့ လှသိန်းတို့ ဘယ်လိုတွေ ကြိုတင် ယုတ်မာထားသလဲဆိုတော့.........  
Crd 

      ဆရာ မျိုးဝင်း