Saturday, June 12, 2021

ရင်နှစ်သည်းချာ နိုင်ငံ့ရတနာ အပိုင်း ၂ ~ အခန်းဆက်

လူငယ်နှင့် ဘာသာ‌ရေးအသိအမြင်ကြွယ်ဝမှု ~

အပိုင်း ၁ ~ အခန်းဆက်နှင့် အဆက်အစပ်မိအောင်ရေး

ထားပါတယ် - အပိုင်းလိုက် အပိုင်းလိုက် ဖတ်ရှုမှသာလျှင်

သဘောပေါက်၍ ဆိုလိုရင်းကို ထိထိမိမိနားလည်ကြမှာ

ဖြစ်ပါတယ်ဗျ ~

ယနေ့ခေတ်ကာလ လူငယ် လူရွယ်တို့အနေနှင့် ဂါရဝ နှင့်

အ,ဂါရဝ ထိုနှစ်ပါးကိုပင် မသိရှိကြတော့သည်မှာမျက်မြင်

ထင်ရှားပါ၏ ~ 

အကြောင်းမူကား ဗုဒ္ဓဘာသာဝင်များဖြစ်ကြပါလျက် ~

တရားကိုလည်းမသိ တရားဆိုသည်မှာ အဘယ်နည်းဟုပင်

မေးရ ထင်ရလောက်အောင် ဗဟုသုတ ဆွံ့အ ချိနဲ့လွန်းလှ

ပါသည် ~

ဤသို့ဆိုပါက ထိုလူငယ် လူရွယ်များသည် မည်သည့်အ

ကြောင်းကြောင့် ဤမျှ ဘာသာရေးအသိပညာခေါင်းပါးရ

ပါသနည်း ? အမေးရှိပါက ,  အဖြေရှိရမည်သာ ~

ထိုအဖြေသည်ကား အခြားမဟုတ်တော့ပြီ အကြောင်းရှိလို့ 

အကျိုးပေါ်ရစမြဲသာဖြစ်၏ ~

ထိုအကြောင်းတရားကိုပထမဦးစွာ လေ့လာကြည့်ရအောင်

[ လက်ဦးဆရာ မည်ထိုတ်စွာ ပုဗ္ဗာ စရိယ မိ နှင့် ဖ ] ဟု

ရှေးရှေးပညာရှိများ ရေးသားခဲ့သည်ကိုသတိချပ်သင့်ပါ၏

ဆိုလိုရင်း အနှစ်ချုပ်က သား / သ္မီးများ၏ လက်ဦးဆရာ

သည် မိဘနှစ်ပါးသာဖြစ်တယ်လို့ ပညာရှိများကရေးသား

ခဲ့ခြင်းသာဖြစ်တယ် ~

ဤသို့ဆိုပါက ~ မိမိရဲ့ ရင်နှစ်သည်းချာများဖြစ်သော ~ 

သား / သ္မီး တို့၏ လိမ္မာယဉ်ကျေးမှု ဘာသာတရားကိုင်း

ရှိုင်းမှု ဉာဏ်ပညာအမျှော်အမြင်ကြီးမှုဝေဖန်ပိုင်းခြားတက် 

မှု စသည် စသည်ဖြင့်အမိ + အဖ ~ များအပေါ်တွင်လွန်စွာ

တည်မှီနေကြောင်းကို သိသာထင်ရှားစေပါသည် ~

အပြစ်မြင်၍ ရေးသားရခြင်းမဟုတ် ချစ်ခင်၍သာရေး

သားရခြင်းဖြစ်တယ်ဆိုတာ သိမှတ်ပေးစေလိုပါတယ် ~

ရှေးယခင်က မိဘအများစုသည် အိပ်ယာဝင်ချိန်မှာပင်

မိမိရဲ့ ရင်သွေးငယ်များရဲ့ နဖူးဆံစလေးများကိုသပ်ကာ

သပ်ကာဖြင့် အိပ်ယာဝင် ဗုဒ္ဓဝင်ဆိုသည့်အတိုင်း ဘုရား

သမိုင်း ရာဇဝင် ပုံပြင် ဗုံတိုပတ်စ ပြောဆိုဆုံးမလေ့ရှိကြ

သော်လည်း  ~

ယခုကတော့ ဒီလိုမဟုတ်တော့ပါ အမိ + အဖ ~ များကိုယ်

၌က  [ ဩကာသ ဘုရားရှိခိုး  ] တောင်အဓိပ္ပာယ်မသိကြပါ

မိုးချုပ်ပြီဆိုကတည်းက [ နိုင်ငံခြားဇာတ်လမ်းတွဲ ] ဘယ်

အချိန်လာမယ် ၊ အပိုင်းဘယ်လောက်လာမယ်  စသည်ဖြင့်

စောင့်မျှော်ကြည့်ရှုသူက ကြည့်ကြ၏ ~ တချို့တလေက

အင်တာနက် အသုံးပြု၍ လူမှုကွန်ယက်သုံးသူကသုံးကြ၏

မိမိကိုယ်၌က ဘုရားရှိခိုးဖို့တောင်အနိုင်နိုင် ၊ Television.

Phone. အခြားအထွေထွေကိစ္စများဖြင့်မအားလပ်နိုင်ကြ

မိမိ ရင်မှဖြစ်တည်သော သား / သ္မီး ~ များကို အိပ်ယာဝင်

ပုံပြင် ၊ ဗုဒ္ဓဝင် ၊ အဆုံးအမ ၊ကျင့်ဝတ်များ သင်ကြားပေးဖို့

နေနေသာသာ မိဘများကိုယ်တိုင်ကပင် [ တိုင်ပတ် ] နေ၏

ထို အမိ + အဖ ~များက မွေးဖွားလာသော သား / သ္မီးများ

ဆိုလျင် ပြောဖွယ်ရာမရှိတော့ပြီတကား ။

 11 ~ 06 ~ 2021

 09 : 49 : 15 [ Fri ]

ခေတ်ဘုန်းခ ~ Khit Bone Kha. ခေတ္တ ~ တောင်ကြီး ။