Wednesday, June 16, 2021

၄၉ ခုနှစ် ဖြူးလူသတ်ပွဲအပြီး ၂၀၂၁မှာ ပဲနွယ်ကုန်းက ဗမာလူမျိုး ၂၅ ယောက်ကို ဝေါ်လေမှာ သတ်ခဲ့ပြီး ဂျီနီဗာ ကွန်ဗန်းရှင်းကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့ပြန်တဲ့ KNDO

၁။ မေလ ၃၁ ရက်နေ့တုန်းက မြဝတီခရိုင်၊ ဝေါလေမြို့နယ်ထဲမှာရှိတဲ့  အူးဟူချောင်း တံတား ဆောက်လုပ်ရေးလုပ်ငန်း ခွင်က အလုပ်သမား ၄၇ ယောက်ဟာ နယ်ဒါးမြ ဦးစီးတဲ့ KNDO အဖွဲ့ရဲ့ ဖမ်းဆီးခြင်းကိုခံခဲ့ရတယ်။ ဖမ်းဆီးရမိတဲ့အထဲက အမျိုးသမီးအချို့နဲ့ ကလေးငယ်တွေကို လွှတ်ပေးခဲ့ပေမယ့် အမျိုးသား ၂၅ ယောက်ကတော့ KNDO တို့ရဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းကို ခံခဲ့ရတယ်။

၂။ ဖမ်းဆီးခံရတဲ့  ၄၇ ဦးစလုံးဟာ အူးဟူချောင်းတံတား ဆောက်လုပ်ရေးအတွက် ပြည်မထဲကနေလာရောက်လုပ်ကိုင်နေတဲ့ ပဲခူးတိုင်း၊ ပဲနွယ်ကုန်းမှာ နေထိုင်တဲ့ ဗမာလူမျိုးအရပ်သားစစ်စစ်တွေ ဖြစ်သလို လူမှုကွန်ရက်တွေပေါ်မှာ ပေါ်ထွက်လာတဲ့ ဓာတ်ပုံတွေကိုကြည့်ရင် အသတ်ခံရတဲ့ ၂၅ ဦးစလုံးဟာ လက်ပြန်ကြိုးတွေ အတုပ်ခံရပြီးမှ ရက်ရက်စက်စက် သတ်ဖြတ်ခံထားရတယ် ဆိုတာ တွေ့ရှိခဲ့ရတယ်။

၃။  ၁၉၄၉ ခုနှစ် စတုတ္ထဂျီနီဗာ သဘောတူစာချုပ်မှာ စာချုပ်(၄)ခုနဲ့ နောက်ဆက်တွဲ ပရိုတိုကော(၃)ခုပါတယ်။ စာချုပ်ထဲမှာ နားမကျန်း/ဒဏ်ရာရ စစ်သည်တွေ၊ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေနဲ့ အပြစ်မဲ့အရပ်သားတွေကို အကာအကွယ်ပေးရေးဆိုတဲ့ အချက်တွေကို လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ အဓိကလိုက်နာရမယ်လို့ သတ်မှတ်ထားပေမယ့် KNDO အနေနဲ့ အပြည်ပြည်ဆိုင်ရာနိုင်ငံတကာက လိုက်နာကျင့်သုံးတဲ့ ဂျီနီဗာ ကွန်ဗန်းရှင်း စာချုပ်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြလိုက်ခြင်းလည်းဖြစ်တယ်။ 

၄။ တကယ်တော့ KNDO ဆိုတာ ခုမှ ဒီလိုမျိုး အရပ်သားတွေကို အကြောင်းမဲ သတ်ရက်တာမျိုးမဟုတ်ဘူး။ 
- ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလတုန်းက  မေမြို့ကို သိမ်းပိုက် ထားစဉ်အချိန်တုန်းကလည်း အပြစ်မဲ့ အရပ်သား ၁၉၄၆ ဦးကို အကြောင်းမဲ့ သတ်ခဲ့ဖူးတယ်။ 
- ၁၉၄၉ မတ်လ (၃)ရက်နေ့မှာလည်း လင်းထင် ဦးစီးတဲ့ KNDO အဖွဲ့ဟာ ဖြူးမြို့ထဲက  အရပ်သား ၂၀၀၀ ကျော်ကို ရက်ရက်စက်စက် လူသတ်ပွဲကြီး ကျင်းပခဲ့ဖူးသေးတယ်။ ယောကျ်ားတွေနဲ့ကလေးတွေကို ရက်ရက် စက်စက် သတ်ခဲ့ ကြသလို မိန်းမတွေကို လည်း  မတရားကျင့်ပြီး ဘုန်းကြီးကျောင်း တွေကိုလည်း မီးရှို့ခဲ့ကြဖူးတယ်။
- ၁၉၅၃ ခုနှစ်မှာလည်း စစ်တောင်းဘက်ကထွက်လာတဲ့ ရထားကို နောင်ကုလားရွာ၊ ကော်ခြံဂိတ်နားမှာ ဗုံးခွဲခဲ့ကြတယ်။ ရထားပေါ်မှာပါလာတဲ့ အမျိုးသမီး အယောက် ၅၀ ကို ဓနုစခန်းကိုခေါ်သွားပြီး မတရားပြုကျင့်တဲ့ဖြစ်စဉ် ရှိခဲ့ဖူးတယ်။
- ၁၉၅၄ ခုနှစ် မုတ္တမ နားမှာ တက္ကသိုလ်ကျောင်းတွေပိတ်လို့ ပြန်လာတဲ့ ရထားတွဲကို အကြမ်းဖက်ဝင်စီးပြီး တက္ကသိုလ်ကျောင်းသူ ၁၀၀ ကျော်ကို ဖမ်းဆီးပြီးတော့ တရုတ်ဖြူဘက်ကို ရောင်းစားခဲ့ဖူးတယ်။ 
- ကမ္ဘာ့သမိုင်းမှာ လေယာဉ်ပြန်ပေးဆွဲမှု ဆိုတဲ့ အကြမ်းဖက်မှုဖြစ်စဉ်ကို စပြီး လုပ်ဆောင်ခဲ့ဖူးတာလည်း KNDO ဆိုတဲ့ အဖွဲ့ပဲဖြစ်တယ်။ 

၅။ ၄၈ မှာ နိုင်ငံတော်လွတ်လပ်ရေးရပြီး ၄၉ မှာပဲ တောခိုသွားတဲ့ ပထမဆုံး သော လက်နက်ကိုင်သောင်းကျန်းသူဖြစ်တဲ့ KNDO တို့ရဲ့လမ်းစဉ်ဟာ လူမျိုးရေးဝါဒ(သို့)စစ် ရေးဝါဒကို အခြေခံခဲ့တယ်လို့ဆိုပေမယ့် သမိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ လုပ်ရပ်မှန်သမျှ ဟာ အကြမ်းဖက်ကိုပဲ ဦးတည်ပြီးတော့ လူမျိုးရေးမုန်းတီးမှုတွေကိုပဲ အခြေခံတာ တွေ့ရတယ်။ KNDO ဟာ တိုင်းပြည်အတွက် ဘယ်တော့မှ ကောင်းကျိုးမပေးခဲ့သလို စတင်ဖွဲ့စည်းကတည်းက သန္ဓေမကောင်းတဲ့ အဖွဲ့အစည်း တစ်ခုလည်းဖြစ်တယ်။ လက်ရှိ KNDO အဖွဲ့ကို အဓိက ကြိုးကိုင်နေတဲ့ နယ်ဒါးမြ ဟာ ထိုင်းနိုင်ငံသားခံယူထားသူဖြစ်လို့  နှစ်နိုင်ငံပူးပေါင်းပြီး အမြန်ဆုံးတရားဥပဒေအရ အပြစ်ပေးနိုင်ပါစေလို့ ဆုတောင်းမိတယ်။ နိုင်ငံရေးနဲ့စစ်ရေးအကြောင်းပြပြီး အရပ်သားတွေအပေါ် လူမျိုးရေး မုန်းတီးစိတ်နဲ့တိုက်ခိုက်မှုများအပေါ် အမြန်ဆုံး အရေးယူ အပြစ်ပေးနိုင်ပါစေ....။ပဲနွယ်ကုန်းသားတို့လည်း အမြန်ဆုံး အမျှ ရကြပါစေ...

#ဖိုးစီ