Sunday, October 31, 2021

ငါတို့ နိုင်ပြီ ဟုတ်စ😁😁


           ဒီနေ့ ဖြစ်နေတဲ့ တဖက်ရပ်ကွက်က အနေအထားကို လေ့လာကြည့်ပြီး ဖြစ်ရပ်မှန် နဲ့ ဘာဆက်လုပ်သင့်သလဲ ဆိုတာ သုံးသပ်ကြည့်ပါစို့ ဗျာ ။ 

          တဖက်မှာ ပြည်တွင်း ပြည်ပ မီဒီယာအား လော်ဘီအားတွေနဲ့  မျှော်လင့်ချက် သတင်းမှားတွေ ပေးပြီး ပြည်ဖျက်လုပ်ငန်းတွေ တွင်တွင်လုပ်နေကြတာ တွေ့နေရပါတယ် ။ 

 -  သူတို့ကို တပြည်လုံး ထောက်ခံသတဲ့ ။ 

(ဒါဆိုရင် အခုလုပ်နေတဲ့ တပ်မတော်ထောက်ခံပွဲ တက်ရောက်သူတွေက မိုးပေါ်က ကျလာတာလား မေးရမယ် ။ ဒါတောင် အခြေအနေ အချိန်အခါအရ ခွေးကိုက်ခံရနိုင်ချေ ရှိနေတဲ့ ပြည်သူတွေ မတက်နိုင်တာ 90 % ရှိတယ်) 

- ပြည်သူထိခိုက်မှာ စိုးလို့ စစ်ဆင်ရေးတွေ ဖျက်ရသတဲ့ ။

(ဟုတ်ပါ့ကွာ အမှိုက်ကောက်တဲ့ ကလေးတွေပါ သတ်ဖို့ လမ်းညွှန်တယ် သတ်လည်းသတ်ကြတယ် ၊ မွေးကင်းစ ကလေးပါ သတ်တယ် ၊ ဘုန်းကြီးတွေ သတ်တယ် ၊ ငွေလိုချင်တော့ တက္ကစီသမား ၊ ဆိုင်ကယ်ကယ်ရီ ၊ စျေးသည် အလွှာမျိုးစုံက အရပ်သားတွေ သတ်တယ် အခုချိန် အင်အားချိနဲ့သွားပြီး အင်မတန် သတ်ချင်တဲ့ တပ်မတော်ထောက်ခံပွဲတွေနားတောင် မကပ်နိုင်မှ ခွေးပါးစပ်က နတ်စကားထွက်ပြနေတာ)

- မီတာမဆောင်နဲ့တဲ့ ပြည်ပထွက်ပြေးတဲ့ သူတောင်းစားတွေက အမိန့်ပေးနေတယ် ။

(လက်တွေ့မှာ မီတာမဆောင်လို့ မီးဖြတ်တော့ ပူတာတမျိုး ရေမရှိတာ တမျိုး ၊ နောက်ဆုံးဖုန်းအားသွင်းဖို့တောင် အဆင်မပြေသူတွေအတွက် ယပ်တောင်တချောင်း ၊ ရေ တလီတာ ၊ ပါဝါဘန့် အသေးစားတလုံး ၊ တခုမှ မထောက်ပံ့နိုင်ပဲ လေကျယ်နေတာ ရီစရာပဲ)

- မြို့ပေါ်က ပျော်နေတဲ့သူတွေကို သစ္စဖောက်တွေတဲ့ ။

(သူတို့က တောထဲမှာ တွေ့ရာလူနဲ့  တော်သလင်းဇတ်ခင်းပြီး ဗိုက်တွေ တလုံးပြီး တလုံးဖျက်ချနေရတာ မပြောကြဘူး )

- ငါတို့ နိုင်နေပြီတဲ့ ။

(ဘယ်နေရာ နိုင်နေလဲ ကြည့်တော့ လက်နက်မရှိ ၊ တပ်မတော် အကာအကွယ်ပေးနိုင်ခြင်း မရှိသေးတဲ့ အရပ်သားတွေ သတ်ပြတာပဲ တွေ့ရတယ် ၊ တပ်မတော် စစ်ကြောင်းနဲ့တွေ့တိုင်း ပိုးလိုးပက်လက် အလောင်းတွေ ဂွေးပေါ် ဖင်ပေါ် လူမြင်မကောင်းဘူး) 

- လုပ်စားဂွင် ကျဥ်းလာတော့ တွေ့ရာလူ ဒလံတံဆိပ်ကပ် သတ်ပြပြီး အလှူခံစားတယ် ၊ CDM တွေ အားပျော့လာတော့ ဇွတ်အတင်း ခြိမ်းခြောက်ပြီး CDM လုပ်ကြောင်း လက်မှတ်ထိုးခိုင်းနေတယ် ၊ နီးရာဒါး ကြောက်တော့လည်း ထိုးပေးရတာပေါ့ ကိုယ်ချင်းစာရပါတယ် ။ 

(လတ်တလော လိုင်းပေါ် ကြားနေရတဲ့ CDM ပြုလုပ်ကြောင်း ဝန်ခံလက်မှတ်တွေဟာ နစက ရဲ့ အုပ်ချုပ်မှု အားနည်းချက် နယ်မြေစိုးမိုးမှု အားနည်းချက်ကြောင့် ဖြစ်လာရတာမို့ နောင်တချိန် အရေးယူဖို့ ဖြစ်လာရင် ဒီအချက်ကို ထည့်သွင်းစဥ်းစား ဖြေလျှော့ရပါမယ်)

- သေကြေဒဏ်ရာ ရတာ ပြပြီး အလှူခံမယ် မျက်ရေချူမယ် ဒါပေမယ့် စိတ်ဓာတ်ကျကုန်မှာလည်း ကြောက်နေတယ် ။ 

(ဒီတော့ ကိုဘာသာ ရုပ်ရှင်ရိုက်ပြီး ထန်တလန်ကို မီးရှို့ မှတ်တမ်းယူ မျက်ရေချူပါတယ် ၊ အမှန်တရားကတော့ ပေါ်လာရတာပါပဲ)

         ဒါတွေက သူတို့ရပ်ကွက်မှာ ဖြစ်နေတာတွေ ။ သနားစရာကောင်းတာက သတင်းမှန်တွေ သူတို့ မဖတ်ရဲလောက်အောင် ကြောက်နေကြတယ် ။ 

       ဒါကြောင့် သူတို့ အခြင်းခြင်း ဝါဒဖြန့်ထားတဲ့ ငါတို့နိုင်တော့မှာ ဆိုတဲ့ ငိုသံပါကြီး နဲ့ ဖြစ်ညှစ်အော်နေကြတဲ့ အသံကိုပဲ နားစွင့်ပြီး အားတင်းနေကြရတဲ့ အနေအထားဖြစ်နေတော့ ပိတ်သထက် ပိတ်ကုန်တာပေါ့ ဗျာ ။ 

            ဘက် နှစ်ဖက်က ယှဥ်ကြည့်လေ ရည်မှန်းချက်ခြင်း ၊ ရည်ရွယ်ပုံခြင်း ရလာဒ်ခြင်း ကွာခြားလေ ပါပဲ ။

        အလှူခံတာခြင်း ယှဥ်ကြည့်လေ ။ ဒီဖက်လူတွေ အလှူခံပြီဆိုရင် သဘာဝဘေး ဒုက္ခသည်တွေ ၊ စစ်ဘေးဒုက္ခသည်တွေ ၊ စားဝတ်နေရေးအတွက် ကာလာမရွေး ကူညီဖို့ အလှူခံတယ် ။ စုန်းပြူးအချို့က လွဲပြီး ငွေကြေးကဏ္ဍ ရှင်းလင်းအောင် အတိအကျ ဆောင်ရွက်ကြတယ် ။ လုပ်သမျှ အတွက် လှူသူရော အလှူခံရော ကုသိုလ်တရားနဲ့ ပြည်စုံတဲ့ ကောင်းသောကံများ အကျိုးပေးဖို့ပဲ ရှိပါတယ် ။ 

        တဖက်က အလှူခံတွေ ကြည့်လိုက်ပါအုံး ၊ သူတပါးကို သတ်ဖြတ်ဖို့ သေနတ် ၊ ဗုံး ၊ ခဲယမ်း ဝယ်ဖို့တဲ့ ။ ဝယ်ပြီး သတ်ပြတာက နို့စို့ကနေ ဘုန်းကြီးအထိ လစ်သလို သတ်နေတာလေ ။ 

       လူသတ်အားပေး အကုသိုလ်ဝယ်ယူသူ အလှူရှင်တွေရဲ့ ငွေတွေကလည်း တာဝန်ခံတွေ စိတ်တိုင်းကျ ခိုးပြီးမှ အရိုးအရင်း ချကြွေးနေလို့ ပြဿနာပေါင်း သောင်းခြောက်ထောင် မကြားချင် အဆုံး ဗျာ ။ 

       သူတို့ အလှူတွေက အကုသိုလ် အတွက် ကိုယ့်စားရိတ်နဲ့ကိုယ် ငရဲပြည်အသွားလက်မှတ် ဝယ်နေကြတာပဲ ဗျ ။ လူသတ်လက်နက် အတွက် အလှူခံသူရော လှူသူတွေရော ငရဲကို ပူးတွဲသွားကြဖို့ အကြောင်းရှိနေတာ တွေ့ရပါတယ် ။ 

        ကဲ ငါတို့ နိုင်ပြီတဲ့ ။ ဘယ်မလဲ နိုင်နေတာ သက်သေပြလေ ဆိုတော့ ဝေလေလေပါပဲ ဗျာ ။ 

      တခုတော့ ရှိတယ် ။ ဒေါ်စုကြည်ရဲ့ ဘုန်းကံလို့ ခေါ်ရမလား မသိဖူး ဗျ ။ သူလည်း အဖမ်းခံရ ၊ စွဲချက်တင် ဖြေရှင်းရ နဲ့ ဖြစ်နေချိန်မှာ ထူးခြားချက်တွေ တွေ့ရတယ် ။ 

      သူမရဲ့ အခြေရံတွေက ထောင်ထဲ ကြိုရောက်နေရတာ ထူးဆန်းတယ် ။ အောင်မဲညိုတို့ ဝင်းထိန် တို့ အခြား လက်တိုလက်တောင်းတွေ တအုပ်ကြီး နဲ့ ပေါ့ဗျာ ။ 

       ဟော ကြည့်အုံး လောလောဆယ် ဖြစ်ရပ် ကို ။ 
ဒေါ်စုကြည် ထောင်ကျရင် ထောင်ထဲမှာ သက်တန်း ကုန်ဖို့များတယ် ။ သူလုပ်ခဲ့တာလည်း နဲတဲ့ အကုသိုလ်မှ မဟုတ်တာလေ ။ ဒီတော့ ထောင်ထဲမှာ မုန့်ဟင်းခါး ကျွေးရင် အဆင်ပြေစေဖို့ မြောင်းထဲက ဒေါ်ချို တို့ မိသားစုလိုက် ကြိုရောက်နေရတယ် ။ 

       အချိုပွဲ အတွက် အင်းစိန်ကို ရွှေပုဇွန် အုပ်စု ထပ်ရောက်ရင်တော့ သေချာပြီ ဘွားတော်ကြီး အတော် ဘုန်းကံကြီးတာပဲ ဆိုတာလေ 😁😁😁 

         အရူးတွေရဲ့ ငိုသံပါကြီးနဲ့ ငါတို့ နိုင်ပြီဆိုတဲ့ အသံကို တွေးမိတွေးရာ တွေးတောရင်း တောရေးတောင်ရေး ရေးမိပြန်ပြီ ဗျာ ။ 

      ကိုရွှေမျိုးဝင်း

(ဒီပြဿနာ အမြန်ဆုံး ဖြေရှင်းပေးဖို့ကတော့ နစကမှာ တာဝန် 100 % ရှိတယ်ဆိုတာ အမှန်တိုင်း ထောက်ပြဝေဖန်ချင်ပါတယ် မြေပြင် အခက်အခဲကို စာနာနိုင်ပါစေ)


Related Posts:

  • အခြေအနေအချိန်အခါ လုပ်သင့်မလုပ်သင့်      ကျနော်ရေးနေသမျှထဲမှာ ဥပဒေဖောက်ဖျက်တဲ့ သူတွေကို အားပေး ကာကွယ် ရေးသားနေတာ တခါမျှ မရှိခဲ့ပါဖူး ။ ဒါပေမယ့် ဒီနေ့ အကူအညီတောင်းလာတဲ့ ပြဿနာကိုတော့ ရေးသင့်တယ် ထင်လို့ ရေးလိုက်ပါတယ် ။         လှိုင်သာယာအဝေးပြေး နယ်မြေမှာ ကျူး ရာ… Read More
  • တိပု ဒို့ဂဒေါ့.မီသက်မှမီသက်ပဲ😎.အမြဲပြုံးထားပါ___အမေ  လက်နက်ဆိုလို့ အပ်တို တစ်ချောင်းလောက်တာ ကိုင်ခဲ့ဘူးတဲ့___ဒီအမေဘိုးစဉ်ဘောင်ဆက်ချမ်းသာလာပြီ လူငယ်ဘဝမှာကတည်းက ခုခေတ်cele တွေလို ဟော့ဟော့ရမ်းရမ်း မနေခဲ့တဲ့___ဒီအမေအခြားနိုင်ငံရေးသမားဝန်ကြီးတွေလို နိုင်ငံရေးလ… Read More
  • ဘုန်းကြီး နဲ့ ခွေး မငတ်သေးဘူး ခေတ်ပျက်ခြင်း/မပျက်ခြင်း နိမိတ်များ❒ကြက်တွေ အိပ်တန်းမမှန်တော့ရင်။ကျီးတွေ ညပိုင်းအော်ဟစ်ဆူညံကြရင်။ခွေးတွေ နေ့/ည အူသံပေးရင်။သေချာပီ ခေတ်ပျက်မယ်ဆိုတဲ့ နိမိတ်။❒ပတ်ဝန်းကျင်ကိုသတိထားမိကြရဲ့လား ?ကြက်တွေ အိပ်တန်းမှန်နေသေးရင်ကျီးတွေ အရုဏ်မတက်ခင်မှာအသံကြားနေရရင်ခွေးတွေ … Read More
  • သူ့အလုပ် သူလုပ်နေပြီသီဟိုဠ်မှာ ကပ်ဘေးဆိုက်တော့ တဆယ့်နှစ်နှစ်မိုးခေါင်ခဲ့တယ်အဲဒီအချိန်မှာ တောအုပ်ကြီးရဲ့ တစ်ဖက်တစ်ချက်စီမှာ ရဟန္တာပေါင်း တစ်သောင်း နှစ်ထောင်စီ သီတင်းသုံးနေထိုင်ကြတယ်တဲ့၊လူတွေက ကပ်ဘေးဆိုက်တဲ့အခါ ငါတို့ သေချင်သေပါစေ ရဟန်းသံဃာတော်တွေ… Read More
  • လိမ္မာသော နိုင်ငံ (သို့) ဗလီမရှိသော နိုင်ငံနိုင်ငံအတွင်း ဗလီတစ်လုံးမရှိ ဗလီဆောက်ခြင်းလည်း ခွင့်မပြုသည့် စလိုဗက်ကီးယားနိုင်ငံဗလီတစ်လုံးမှမရှိသော ဥရောပသမဂ္ဂ (EU)အဖွဲ့ဝင် နိုင်ငံကို ပြပါဆိုလျှင် စလိုဗက်ကီးယားနိုင်ငံကို ပြရပါမည်။ စလိုဗက်ကီးယားသည် ဗလီတစ်လုံးမှ မရှိသည်သာမက … Read More