Wednesday, October 27, 2021

🍄 " အခင်းကျင်းသစ်၊ အဂ္ဂဗျူဟာသစ် " 🍄

                   State of the art Grand Strategy
                                            &
                               New World Order

ခေတ်သစ်ခေါင်းဆောင်တွေ အမြင် Vision၊
သဘောတရားရေး Concept တွေပြောင်းလာသလို
မဟာဗျူဟာ Strategy ၊ အဂ္ဂဗျူဟာ Grand Strategy
တွေကို ပြောင်းလဲပေးမဲ့ Doctrine တွေလဲ သိသိသာသာ
ပြောင်းလဲလာတာ သတိထားမိတယ်၊

ဝိဝါဒကွဲပြားတဲ့တချက်တော့ရှိတယ်၊
ဘယ်ဟာအပေါ်ဘယ်ဟာက မှီတည်စဉ်းစားကြသလဲဆိုတဲ့
အချက်၊ ရေးရေးပေါ်ပေမဲ့မသေခြာသေးလို့မရေးသေးဘူး၊

................

🍄 စစ်တိုက်တယ်ဆိုတာ
       When war is.....

* နိုင်တဲ့သူကိုသာတိုက်တယ်
* မလွှဲသာမရှောင်သာမှတိုက်တယ်
  ( ရှောင်သာအောင် ဒါကြောင့် Proxy ထားတာ )
* အင်အားမတိမ်းမယိမ်းမှာမတိုက်ဘူး၊

 đŸ’Ľ Case study (1) -
အာဖဂန်က စလိုက်တဲ့စစ်ဟာ ဆီရီးယားအထိ ရောက်လာတယ်
Asymmetrical war ဆိုတဲ့ အချိုးမညီ တဖက်သတ်စစ်ပွဲ
နိုင်ချင်တိုင်းနိုင်၊ လုပ်ချင်တိုင်း လုပ်လို့ရတဲ့စစ်မျိုး
ဆီရီးယားမှာ ရုရှားအကျိုးစီးပွား ( ရေတပ်စခန်းနဲ့ သြဇာ )
ရှိလေတော့ နောက်ဆုံး ရုရှားဝင်လာတယ်၊
S-400 ဖြန့်ကျက်ပြီး Lock လုပ်ပြီးပြီလို့ကြေငြာလိုက်တာနဲ့
အမေရိကန်တိုက်လေယာဉ်တွေ တစီးမှလေထဲပျံမတက်
တော့ဘူး၊ Symetrical war ဆိုရင် မသေခြာတော့ဘူးလေ၊

 đŸ’Ľ Case study (2)
အခု...
တောင်တရုတ်ပင်လယ်မှာ အမေရိကန် ဦးဆောင်တဲ့
အုပ်စုနဲ့ တရုတ်တွေ့ကြတယ်၊ ဖိလစ်ပိုင်က အမေရိကန်
အုပ်စုထဲကပြန်ထွက်သွားတယ်၊ ( စဉ်းစားစရာ )

နေ့ချင်း ညချင်းစစ်ဖြစ်တော့မယ်လို့ လော်နေကြသူတွေ
မရေးနိုင်ကြတော့ဘူး၊ 
 * တရုတ်-အိန္ဒိယ ပူးတွဲ စစ်ရေး လေ့ကျင့်မှု၊ 
 * အီရန်က လေယာဉ်တင်သင်္ဘောတုကို ဒုံးနဲ့
   á€•စ်ခတ်နသစ်မဟသုပ်ပဟမသု၊ 
 * တရုတ်ကုန်းတွင်းက DF- 26 နဲ့ပင်လယ်ထံ ပစ်ပြမှု၊
 * မြောက်ကိုရီးယားက နျူတပ် တာလတ် ဒုံးစမ်းဖို့
    အဆင်သင့်ဖြစ်နေပြီလို့ ထုတ်ပြောမှု၊
 * နောက်ဆုံး ရုရှားဦးဆောင်တဲ့ ကော့ကပ်စ် ( မြန်မာပါဝင်)
    စစ်ရေးလေ့ကျင့်မှု စတဲ့သတင်းတက်လာတော့...
    အားလုံးငြိမ်ကျသွားတယ်၊

စစိမဖြစ်ပါဘူး
အီရန်၊ မြောက်ကိုရီးယားနဲ့ ရုရှား ဖက်တာကို
မေ့ထားလို့မရပါဘူးဆိုပြီး ကြိုရေးခဲ့ပါတယ်၊

................

🍄 မချစ်လဲ အောင့်နမ်းလိုက်
               Making friend

သမ္မတ Truman လက်ထက် အမေရိကန်တွေ 
အလှည့်အပြောင်းဖြစ်ခဲ့တယ်၊ ဆိုဗီယက်တွေက
နိုင်ငံရေးသဘောတရားတွေအပေါ်ဖက်တွယ်နေတုန်း
သူ့သြဇာ ကျယ်ပြန့်လာမှုကို အမေရိကန်က ခုခံနေတဲ့
အချိန်၊ အမေရိကန်ကိုကြိုက်တာက လုပ်ရဲကိုင်ရဲတာ၊

Coalescence Containment Strategy ကိုသုံးသွားတယ်
CCS မှာ Marshall plan ထဲ့ထားတယ်၊ Friendly Dictators
ဆိုတဲ့ မဟာဗျူဟာနဲ့ ပေါင်းစပ်ထားတယ်၊
Type of strategy ကိုလေ့လာလိုက်တော့...
လား... လား... Offensive Defence ( တိုက်စစ်သဘောပါ
ခံစစ်ဖြစ်နေတယ် ) ငယ်ငယ်က စစ်တုရင်မှာ
သဘောကျခဲ့ဘူးတဲ့ စစ္စလီယံ ခံစစ်မျိုး၊ ချက်ခြင်း
တိုက်စစ်ကို ပြောင်းနိုင်တဲ့ ခံစစ်မျိုး၊

အဲ့ဒီဗျူဟာရဲ့ အဓိက အစိတ်အပိုင်းတွေမှာ...
 * ဆိုဗီယက်သြဇာ ဖြန့်ကျက်မှုကို တားဆီးမဲ့
    Marshall plan ( နိုင်ငံတွေကို အကူပေးအစီအစဉ်)
    Friendly Dictators ( အာဏာရှင်တွေကို မိတ်ဖွဲ့ခြင်း )
    Covert action ( လှို့ဝှက် လုပ်ငန်းများ )
    Subversion ( ပူးသတ် )

( မှတ်ချက် - အမေရိကန်ဟာ သူ့အကျိုးစီးပွားအတွက်
                        အာဏာရှင်နဲ့လဲ မူဝါဒဘေးထားပြီးပေါင်းတာ
                        တွေ့နိုင်သလို၊ ဒီမိုကရေစီ လစ်ဘရယ်ဝါဒနဲ့
                        ဆန့်ကျင်တဲ့ လု့အခွင့်အရေးချိုးဖေါက်မှုတွေလဲ
                         á€œá€Żá€•်ခဲအတယ်၊ မြန်မာတွေကို ဒါကြောင့်
                         á€œá€…á€şá€˜á€›á€šá€şá€™á€€á€źá€ąá€Źá€„á€şá€€á€źá€•á€Ťá€”á€˛á€ˇá€œá€­á€Żá€ˇá€žá€á€­á€•á€ąá€¸á€á€˛á€ˇá€á€Ź)

.................

🍄 အချိန်တန် ပစ်ချလိုက်
       Breaking friends.

မင်းသားကြီး Ronald Reagan လက်ထက်မှာ ဆိုဗီယက်ကို
နိုဘယ်ဆု ဗုံးနဲ့ အမေရိကန်ကြဲလိုက်ပြီး၊ အစိပ်စိပ်ခွဲပစ်တယ်၊

CIA အကြီးအကဲဖြစ်ခဲ့တဲ့ Bush ( Sr ) တက်လာတယ်
ပြိုင်ဘက်မဲ့ အမေရိကန်ဟာ အာဏာရှင်တွေကို စပြီး
လက်တွဲဖြုတ်လိုက်တဲ့အပြင် အာဏာရှင်တွေ ကျဆုံးရေး
စတင်ခဲ့တယ်၊ Bush- 41 Strategy လို့ခေါ်တယ်

သူ့သား Bush (Jr) က Bush-43 Strategy ကိုသုံးတယ်၊
Relooking Global Engagement ဆိုတဲ့ အမေရိကန်ရဲ့
ကမ႓ာကြီးမှာ ပါဝင်ပါတ်သက်မှုတွေကို ပြန်သုံးတယ်၊

9-11 ကိုသိကြမှာပေါ့
အဖေထက် သားကလက်စောင်းထက်တဲ့ပွဲ
အရှေ့အလယ်ပိုင်းတခုလုံးကို မီးလောင်တိုက်သွင်းတာ
သူကစခဲ့တာ၊

( ထုတ်မရေးဖြစ်ဘူးသေးတဲ့ အကြောင်းတခုရှိတယ်၊
   9-11 ဖြစ်ဖြစ်ချင်း " အင်" ထုပြီလို့ ဦးဆုံးပြောခဲ့ ရေးခဲ့တာ
   á€˜á€™á€ąá€Źá€„် ပထမဆုံးဖြစ်လိမ့်မယ်၊ ပင်တဂွန်ကိုလေယာဉ်
   á€á€­á€Żá€€á€şá€•ဟဎးပဟဎးခဝင်းပဟ္ဏတဏ၊ အမေရိကန်ရဲ့ Defence system
   á€€á€­á€Żá€žá€­á€›á€„á€şá€•á€źá€ąá€Źá€œá€­á€Żá€ˇá€›á€á€šá€şáŠ
   á€™á€žá€­á€žá€ąá€¸á€á€Źá€€ 9-11 ကို ဖန်တီးတာ ဘယ်သူလဲ
   Bush လား ?
    Deep State လားဆိုတာပဲ )

...............

🍄 ရန်သူရဲ့ရန်သူကို မိတ်ဆွေဖွဲ့ပါ
        Making friend the enemy of enemy.

The enemy of the enemy is friend.လို့ အများသိကြတယ်
ဘာကြောင့်ပါလဲ ?
 * အနာမခံချင်လို့
 * သမိုင်းမပျက်အောင်လို့
 * ဆုတ်လွယ်၊ တက်လွယ်ဖြစ်အောင်လို့

နောက်ပိုင်း ဒီဗျူဟာ ကျယ်ပြန့်လာတယ်၊
အသုံးလဲ အတော်တဲ့လာတယ်၊ ဒီအိုင်ဒီယာကပဲ
အကြမ်းဖက်တွေကိုကြီးထွားလာစေခဲ့တယ်၊

.............

🍄 ပြိုင်ဖက်မိတ်ဆွေတွေ ချပလေ့စေ
       Making fight the friendly enemies.

ခေတ်သစ်မှာ အယူအဆ သဘောတရားတွေပိုမြင့်လာတယ်
ပိုသိမ်မွေ့လာတယ်၊

ပြိုင်ဖက်မိတ်ဆွေတွေကို အချင်းချင်း ဖန်တီးယူပြီး
ချခိုင်းတာမျိုး၊

Case study - 
အရှေ့အလယ်ပိုင်းမှာ အကြောင်းရင်းခံရှိထားတဲ့
* ဆွန်နီနဲ့ ရှီအိုက်ကို ချခိုင်းတာမျိုး
* အာဖဂန်မှာ ရုရှားနဲ့ချခိုင်းတာမျိုး
* လောလောဆယ် အမေရိကန်နဲ့တရုတ် ထိတ်တိုက်
   á€á€˝á€ąá€ˇá€•္းတဏမဝိုး၊

  ပူတင်က အမေရိကန်ကို ရာဇဝင်ကြွေး ဆပ်နေတဲ့အပြင်
  တချိန်မှာ ပြိုင်ဖက်ဖြစ်လာမဲ့ တရုတ်ကိုလဲ " နာ" အောင်
  ကြိုလုပ်ထားတာ၊

  ( ထရမ့်ကို ပူတင် တင်ခဲ့တာ၊ အခုလဲ Joe Biden ကို
     á€Ąá€žá€˛á€Ąá€žá€”် တိုက်ခိုက်နေပြီး၊ ထရမ့်သမ္မတ ဆက်ဖြစ်ရေး
     á€€á€źá€­á€Żá€¸á€…á€Źá€¸á€”á€ąá€á€šá€şá€œá€­á€Żá€ˇ တနေ့ကမှ FBI ညွှန်မှုးက ထုတ်ပြော
     á€‘ဏးတဏ၊ ဘာကြောင့် ပူတင်က ထရမ့်ကို သမ္မတ
      ဖြစ်စေချင်ရတာလဲ ? အဖြေကရှင်းနေပြီ )

.....................

🍄 ဘာတွေဆက်ဖြစ်ကြမှာလဲ ?
        What’s about to happen ?

နိုင်ငံကြီးတွေ တိုက်ရိုက်ပါတဲ့စစ်မျိုး ဖြစ်နိုင်ခြေ
အလွန်နည်းပါတယ်၊ ဖျက်အားကြီးစွမ်းရည်ဗုံးအားလုံးကို
၁၀၀% ကြာဖြတ်ဖျက်ချနိုင်မယ်လို့ အာမ မခံနိုင်သေးပါ၊

စစ်ဆိုတာ ဆုတ် / တက်လွယ်တဲ့ကိစ္စမျိုးမဟုတ်ဘူး
စစ်ရှုံးနိုင်ငံဆိုတာ ခါးသီးလှတယ်၊ တောင်းသလောက်
ပေးရလိမ့်မယ်၊ နိုင်ငံအနေနဲ့လဲ တခါထဲ အောက်ဆုံးလဲ
ရောက်သွားနိုင်တယ်၊

ဒါဖြင့်ရင်..... ဘာဖြစ်လာမလဲ
မပူပါနဲ့ ထိတ်တိုက်ကတော့ မတွေ့လို့မရတော့ပါဘူး၊

ထရမ့်က Trade war နဲ့စစ်ဖွင့်တယ်၊
တရုတ်က ခံစစ်နဲ့တုန့်ပြန်တယ်
နောက့်တဆင့်တက်တယ်၊ တရုတ်ဖက်က မျှောလိုက်တယ်
မတူတဲ့ Political structure, Economic structure တွေက
တရုတ် ခံနှိုင်အောင် အပံ့အပိုးပေးထားတာတွေ့ရတယ်၊

ရေရှည်ဆိုရင် Trade war ကနေ Economy war တွေ
Financial war တွေအထိ ကူးသွားနိုင်တယ်၊
Bretton Wood ကနေအားသားချက်ယူလာတဲ့
အမေရိကန်ရဲ့ Position ကတောင့်နေတုန်းပံ

ဒီမှာတင်...
Covid-19 ဖြစ်လာတော့တယ်၊
ကြားနိုင်ငံတွေကတော့ ခေါင်းငုံ့ပြီးခံရတဲ့ဘဝ

Second wave ထပ်လာပြန်ပြီ
ဘယ်လောက့်ခံရဦးမလဲမသိဘူး၊ Fist wave မှာ
သိပ်မထိတဲ့ မြန်မာဟာ Second wave မှာ ဘယ်သူ့ ဘုန်းကံ
ဘယ်ဝါ့ ဘုန်းကံတွေလဲ မကယ်နိုင်တော့ဘူး၊

စစ်ဆိုတာ သွေးစွန်းတယ်
လူမြင်တယ်၊ သမိုင်းအမဲစက်ကျန်တယ်
အရေးကြီးတာက ရန်သူအသက်သွေးကြောကို
ဖြတ်တောက်ဖို့ပဲ၊
စီးပွားပျက်အောင်ဖျက်နိုင်ရင် စစ်ပွဲနိုင်တာပဲ။
အယူအဆ သဘောတရားတွေပြောင်းလာခဲ့ပြီ။

.............

🍄 ညံ့သူခံ
        Take account, the shit idiot .

သူများတွေ နတ်ပြည်တက်တွေးနေတဲ့အချိန်မှာ
ဘမောင်တို့ လက်ဆေးပြနေကြသေးတယ်၊
ဖြစ်တာတော့ ဖြစ်နေကြပြီ
အရင်ရေးခဲ့တဲ့အတိုင်း တဖက်ဖက်ကပြိုမှပဲ
ရပ်မဲ့ပွဲ၊ ဗီဇပြောင်းနဲ့ ရောချမဲ့ နောက်မျိုးစိပ်သစ်တမျိုး
မလာဘူးလို့ ဘယ်သူအာမခံကြမှာလဲ ?

ညံ့ရင်ခံကြရမှာပဲ
ညံ့တာကိုမှကြိုက်နေရင်တော့လဲ 
မပြောတတ်တော့ဘူးပေါ့လေ။

နေဇင်လတ် ( 22.9.20 ) 🍄

❤️ Nay Zin Latt We Love ❤️ admin team က ပြန်လည်တင်ပြပါသည်။ 😊

https://www.facebook.com/groups/191890793056290/


Related Posts:

  • ☘️ အမေရိကန်တွေမိသွားတဲ့ အကြီးစား "ဂျင်း"CIA စင်တင်လိုက်တဲ့ဒေါ်စုဟာ မြန်မာအစိုးရဖြစ်ခဲ့တဲ့ဂျင်းလိုပဲ....တရုတ်နဲ့  တရုတ်မယောင်္ကျားတို့တင်လိုက်တဲ့ ဘိုင်ဒင်လဲ အမေရိကန်သမ္မတဖြစ်လာတယ်လို့ခပ်စောစောထဲက ပြောတော့သိပ်မယုံချင်ကြဘူး၊အခု...ဘိုင်ဒင်သား ငွေစာရင်းကိုFBI စစ်နေပြီ၊ … Read More
  • မိစ္ဆာရန်မှ ကယ်တင်ခြင်းရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် (က)ရပ်ကွက် ဝေဘာဂီလမ်းမကြီးပေါ်တွင် လွန်ခဲ့သောနှစ်ပေါင်း(၅၀)ကျော်မှ အစ္စလာမ်ဘာသာ ဗလီတစ်ခုဆောက်လုပ်နေခြင်းအား  (စျ)ရပ်ကွက်ရှိဘုန်းတော်ကြီးကျောင်း(၇၀)ကျော်သီတင်းသုံးတော်မူသော ဇဗ္မူအေးကျ… Read More
  • NCA လက်မှတ်ရေးထိုးခြင်း ၆ နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြု့သောအားဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင် ၁၁၄ ဦးကို တပ်မတော် မှ လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ကြောင်း န-စ-က ၏ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။#PeopleMedia #Peace #နစက… Read More
  • 🍄 ငါးကြီး-ငါးသေးခေတ်မဟုတ်တော့ပါ 🍄 Gone of Big fish- Small fish Time for Fast fish- Slow fish. မဟာဗျူဟာဆိုတဲ့ Strategy ရဲ့မူရင်းကစစ်ရေးဖက်ကလာတယ်၊ စီးပွားရေးဖက်ကယူသုံးရင်း အများသုံးဖြစ်လာတယ်၊စစ်ဆိုတာက....တခါတလေမှ ဖြစ်တတ်တဲ့ကိစ္စမျိုးစီးပွားရေးသဘာဝကတော့ နိစ္စဓူဝဒါကြောင့် စီးပွားရေးဖက်မှာမဟာဗျူဟာအပြောင်းအလဲတွေကပိုပြီး မြန… Read More
  • ဖတ်ကြည့်ကြပါ OIC ရဲ့ ယုတ်မာမှူ"တပ်မတော်သည်အမျိုး သားရေးကိုဘယ်တော့မှသစ္စာမဖေါက်"ယ္ခု Post သည်မိမိတာ ဝန်ထမ်းဆောင်ခဲ့မှုနှင့်မိမိ၏ခံယူချက်ကိုတင်ပြခြင်းသာဖြစ်ပြီး မြန်မာ့သ မိုင်းတွင်သိထားသင့်သောအချက်အလက်အချို့ကိုသိမြင်နိုင်စေရန်ရည်ရွယ်ရေးသားခြင်းဖြစ်ပါသည်။   â€Ś Read More