Friday, October 29, 2021

▪️PDF တွေကိုငွေထောက်ပံ့နေသော အလှူရှင်ဆိုသူများရေ။


▪️အပါယ်လားစေသော အလှူဆယ်ပါးထဲမှာ
     သတ်ထဒါနဆိုတဲ့ လက်နက်အလှူဆိုတာပါပါတယ်။
     သူ့ရဲ့ အနက်အဓိပ္ပါယ်ကတော့ဒီလိုပါ။

▪️သတ်ထဒါန - လက်နက်၊ခဲယမ်းမီးကျောက်အလှူ 
     လူတစ်ဦးတစ်ယောက်၊အုပ်စုတစ်စု 
     ဒါမှမဟုတ် အဖွဲ့တစ်ဖွဲ့ စသည်တို့ကို 
     သတ်ဖြတ်ဖို့အတွက်သေစေနိုင်သော 
     လက်နက်များကို အခမဲ့လုပ်ပေးခြင်း၊ ပေးလှူခြင်း၊       
     လက်နက်ဝယ်ရန်ငွေထောက်ပံ့ခြင်း 
     စတဲ့အလှူဒါနကို ပြောတာဖြစ်ပါတယ်။

▪️ကိုယ်တို့ဘောမတွေကတော့ စစ်တပ်ကို
     လက်နက်မလှူခဲ့ဖူးပါနော်။
     စစ်တပ်ကထုတ်တာကို သုံးကြတာရှိပေမယ့်
     ထုတ်ကုန်ကိုကြိုက်လို့ သုံးစွဲရန်အတွက်
     ဝယ်ကြတာပါ။
     ဘယ်သူမှ လက်နက်ရစေလို့တွေးပြီးမသုံးတာမို့
     အကုသိုလ်မဖြစ်ပါဘူး။

▪️စစ်တပ်က သူ့ဖာသာ 
     ရတဲ့ငွေနဲ့လက်နက်ဝယ်တိုက်တာ
     သူ့အပိုင်းဖြစ်ပါတယ်။
     ဗုဒ္ဓဘာသာဆိုရင် ဒါတွေနားလည်ပါလိမ့်မယ်နော်။

▪️ရှင်တို့ကတော့ PDF ဆိုတာစဖြစ်လာကတည်းက
     ငွေလှူတယ်ဆိုပြီး လှူကြတယ်။
     ဒီငွေတွေဟာ အဖွဲ့အစည်းတစ်ခုခု
     လူတစ်ယောက်ယောက်ကို သတ်ဖြတ်ရန်အတွက်
     အသုံးပြုမယ်ဆိုတာကိုလည်း 
     စိတ်ရင်းစေတနာတွေကသိကြပါတယ်။
     အချို့ဆိုရင် နာနတ်သီးဝယ်ရန် နှုတ်ခမ်းနီဝယ်ရန်
     အတိုဝယ်ရန်ဆိုပြီးတောင်
     ခေါင်းစဉ်တပ်ကာ လှူကြတာမြင်မိပါတယ်။

▪️ရှင်တို့ပေးတဲ့ငွေတွေဟာ လက်နက်တွေဖြစ်လာပါပြီ။
     ရှင်တို့ရဲ့စိတ်‌စေတနာမှာကလည်း
     လက်နက်များများရပါစေဆိုတဲ့ 
     အကုသိုလ်စိတ်ကပါနေပါတယ်။
     ဒီလိုရလာတဲ့လက်နက်တွေဟာ အခုဆိုရင်
     အပြစ်မဲ့ပြည်သူတွေကို ဒလန်ဆိုပြီးသတ်နေပါတယ်။
     ကလေးသူငယ်တွေ ဗုံးဒဏ်သင့်ကာ 
     သေကြေနေရပါတယ်။😥

▪️ဒါဟာ ရှင်တို့အလှူရဲ့ အကျိုးဆက်တွေပါပဲ။
     ရှင်တို့ဟာ ဒီလူတွေကို သွယ်ဝှိုက်ကာသတ်နေတာပါပဲ။
     အကုသိုလ်ကြီးလိုက်ကြတာရှင်။
     သံသရာတလျှောက်လုံး ပါလာတော့မယ့်
     အကုသိုလ်မျိုးကို ဒီဘဝစိတ်ကိုအလိုလိုက်ကာ
     ရှင်တို့ပြုမူရဲတယ်နော်။
     အံ့သြစရာကောင်းလိုက်တာရှင်။

▪️အခုပြထားတဲ့ပုံထဲက ကလေးတွေကို
     သတ်ဖြတ်တဲ့ဗုံးဟာ ရှင်တို့ရဲ့ငွေတွေက ဖန်တီးတာပါ။
     ဒီကလေးတွေဟာ ရှင်တို့သတ်တာခံရတဲ့ကလေးတွေပါ။

▪️ဒီနေရာမှာ ကံကောင်းတာတစ်ခုက။
     KBZ က Free လုပ်လိုက်လို့
     အကြမ်းဖက်တွေဆီ မပါသွားတဲ့ငွေတွေအတွက်တော့
     တစ်နည်းဆိုရရင် ဝမ်းသာသင့်ပါတယ်။
     အနည်းဆုံးတော့ အကုသိုလ်ထဲကိုယ့်ငွေမပါဘူးလေ။
     မဟုတ်ဘူးလားရှင်။

▪️နောက်တစ်ချက်က ရှင်တို့ဆီကအလှူခံပြီး
     ဘုန်းပြေးတဲ့လူတွေကို ပေးမိတဲ့
     ငွေတွေဆိုရင်လည်း အကြမ်းဖက်တွေဆီ
     မရောက်တော့ဘူးပေါ့။
     
▪️ဘုန်းပြေးသူက အများဆုံးလုပ်ရင်
     ဆေးချမယ်၊ ဖာချမယ်၊ အိမ်ဝယ်မယ်၊
     မိသားစုကိုပေးမယ်၊ နိုင်ငံခြားပြေးဖို့သုံးမယ်ဒါပဲရှိတာ။
     ဒီလိုကလေးတွေအထိ သတ်တာမျိုးဆီ
     ရောက်တာထက်စာရင်တော့ 
     အများကြီးတော်သေးတာပေါ့ရှင်။
     တော်လှန်ရေးမှာ ငွေဘုန်းသွားသူတွေကို
     ကျေးဇူးတင်သင့်ပါတယ်နော်။🥴🤣

▪️ဒီတိုက်ပွဲဟာ တိုင်းပြည်တစ်ခုကို
     ကယ်တင်မယ့်တိုက်ပွဲအဖြစ်ကနေ 
     တိုင်းပြည်တစ်ခုကို ဖျက်ဆီးဖြိုချမယ့်တိုက်ပွဲဆီသို့
     အသွယ်ကူးပြောင်းသွားခဲ့ပါပြီ။
     သူတစ်ပါးကိုဖျက်စီးခြင်းဟာ
     အကုသိုလ်သိပ်ကြီးတယ်ဆိုတာ
     သဘောပေါက်ကြမယ်ထင်ပါတယ်။

▪️လူတစ်ယောက်ကို ဖျက်ဆီးတာတောင်
     အကုသိုလ်ကြီးတာ။
     လူပေါင်းများစွာ မှီတည်နေထိုင်နေသော
     တိုင်းပြည်တစ်ခုကို ဖျက်စီးခြင်းဆိုရင်တော့
     သံသရာတလျှောက်လုံး ဆပ်မကုန်တဲ့
     အကုသိုလ်တွေရမယ်ဆိုတာ 
     ပြောစရာလိုမယ်မထင်ပါဘူး။

▪️ဒီတော့ PDF ကိုငွေထောက်ပံ့နေသူတွေဟာ
     ကိုယ်ရဲ့ဘဝ ကိုယ့်ရဲ့ကျန်းမာရေး 
     ကိုယ့်ရဲ့မိသားစုတွေကို သေချာပြန်လေ့လာပါ။
     ကိုယ့်ဆီမှာ အရင်နဲ့မတူဘဲ
     ဆိုးဆိုးဝါးဝါးကံတရားတွေ 
     စတင်ဖြစ်ပေါ်နေပြီဆိုရင်တော့
     အကုသိုလ်တွေ စတင်အကျိုးပေးနေပြီဆိုတာကို
     သိရှိနားလည်လိုက်ကြပါနော်။

▪️ဒီတော်လှန်ရေးမှာ ငါဘာတွေလုပ်ခဲ့သလဲဆိုတာ
    ကိုယ့်ကိုကိုယ်အသိဆုံးပါပဲ။

▪️ဒီစာလေးဟာ နိုင်ငံရေးနဲ့
     အလျဥ်းသက်ဆိုင်ခြင်းမရှိပါနော်။
     ဗုဒ္ဓဘာသာအချင်းချင်းမို့ 
     သတိလက်လွတ်ဖြစ်နေသောသူများကို
     ကုသိုလ်ဖြစ် တရားပြခြင်းဖြစ်ပါတယ်။

▪️အသိမှန်အမြင်မှန်တွေနဲ့ 
     လမ်းမှန်ကိုပြန်ရောက်ကြပါစေသော်။

#SniperSu