Wednesday, October 27, 2021

စစ်ဖိနပ်အောက်မှာမနေချင်ဘူး အမှောင်ခေတ်ကိုပြန်မသွားချင်ဘူး ဆိုတဲ့ ဇင်ဝိုင်း၊ မင်းမော်ကွန်း၊ လူမင်း၊ ပြေတီဦးတို အကြောင်း မင်းအုပ်စိုး ပြောပြီ


မင်းအုပ်စိုးက အနုပညာလောကထဲက တော်လှန်ရေးသမားကြီး လေးဦးအကြောင်းကို ပရိတ်သတ်များ သဘောပေါက် နားလည်စေရန် ရေးသားပြဆိုလိုက်ပါတယ်။ မင်းအုပ်စိုးရဲ့ ရေးသားဖော်ပြချက် အပြည့်အစုံကို အောက်မှာ ဖော်ပြပေးလိုက်ပါမယ်။

တော်လှန်ရေးသမား၊ မင်းတိုက တော်လှန်ရေးလုပ်နေကြတာလား၊ တောထဲသွားပြီး အိုက်တင်တွေလုပ် စတန့်တွေထွင်နေကြတာလားဟင် ....
တောထဲမှာ လက်ထပ်ပွဲတွေလုပ်လိုက်၊ မွေးနေ့ပွဲတွေလုပ်လိုက်၊ သေနတ်တွေကိုင်ပြီး အိုက်တင်မျိုးစုံနဲ့ဓာတ်ပုံတွေရိုက်လိုက်ကြနဲ့၊ အထူးသဖြင့် ရုပ်ရှင်မင်းသားဆိုတဲ့အကောင်တွေကိုပြောချင်တာပါ။

ဇင်ဝိုင်းနဲ့ မင်းမော်ကွန်းဆိုရင် ကိုဇင်ဝိုင်းကပိုဆိုးပါတယ်။ နဝတခေတ်၊ နအဖခေတ်တလျှောက်လုံး ရိုက်ခဲ့သမျှ နိုင်ငံတော်ကားတွေမှာ ဒီလူမပါတဲ့ကားဆိုတာ အင်မတန်ရှားပါတယ်။ စစ်အစိုးရကလုပ်တဲ့ ညစာစားပွဲတွေဆိုရင်လည်း ကိုဇင်ဝိုင်းမတက်တဲ့ ညစာစားပွဲဆိုတာ မရှိသလောက်ပါပဲ။ 

ပြီးတော့ လူမင်း၊ ပရိတ်သတ်ကြီးသာ သတိထားပြီး ပြန်စဉ်းစားကြည့်မယ်ဆိုရင် စစ်အစိုးရလက်ထက်တလျှောက်လုံး ရိုက်ကူးခဲ့တဲ့စစ်ကားမှန်သမျှ၊ လူမင်း မပါတဲ့စစ်ကား မရှိသလောက်ပါပဲ။ 

ပြီးတော့ ပြေတီဦး၊ ဒီကောင့်ဘဝ စခဲ့ရတာ ဒါရိုက်တာဦးခင်ဇော်ရိုက်ကူးတဲ့ မြန်မာစာ မြန်မာစကားဆိုတဲ့ ဇာတ်လမ်းတိုလေးတွေမှာ ဝင်သရုပ်ဆောင်ရင်း စခဲ့ရတာပါ။ အဲဒီဇာတ်လမ်းတိုလေးတွေကို မြန်မာ့ရုပ်မြင်သံကြားကနေ လွှင့်တာပါ။ မြန်မာ့ရုပ်မြင်သံကြား ဆိုတာကလည်း အဲဒီအချိန်တုန်းက စစ်တပ်ပိုင်တာပါပဲ။ 

အခုချိန်ရောက်တော့မှ စစ်ဖိနပ်အောက်မှာမနေချင်ဘူး။ အမှောင်ခေတ်ကို ပြန်မသွားချင်ဘူး။ စစ်ကျွန်ပညာရေးကို မလိုချင်ဘူးဆိုတော့ ဇင်ဝိုင်း၊ လူမင်း၊ မင်းမော်ကွန်း၊ ပြေတီဦး အဲ့လေးယောက်စလုံး ဘွဲရလာတာ စစ်အစိုးရလက်အောက်မှာပါ။ အဲ့ဒီလေးယောက်စလုံး အောင်မြင်တဲ့မင်းသားတွေ ဖြစ်လာခဲ့တာလည်း စစ်အစိုးရလက်အောက်မှာပါပဲ။ အဲ့ဒီလေးယောက်စလုံး တိုက်ပုံအကျီအနက်လေးတွေဝတ်ပြီး ညစာစားပွဲတွေမှာ တပ်ချုပ်ကြီးနဲ့ ဝန်ကြီးတွေကို လက်အုပ်လေးတချီချီ လုပ်ခဲ့ကြတာလည်း အထင်အရှားပါပဲ။

စစ်အစိုးရကိုမကြိုက်ရင်၊ စစ်ကျွန်ပညာရေးကိုမလိုချင်ရင်၊ အမှောင်ခေတ်မှာ မနေချင်ကြဘူးဆိုရင် အဲဒီအချိန်တည်းက စစ်တပ်နဲ့မပတ်သတ်ဘဲနေခဲ့ကြပေါ့ကွာ။ စစ်တပ်လက်အောက်မှာသင်ရတဲ့ ပညာရေးကိုမသင်ခဲ့ကြနဲ့ပေါ့ကွာ။ စစ်တပ်ကိုရွံနေမုန်းနေတဲ့ မင်းသားတွေက စစ်ကားတွေမှာဝင်ပြီးတော့ သရုပ်မဆောင်ကြနဲ့ပေါ့ကွာ။ စစ်ဗိုလ်ချုပ်တွေနဲ့ တွေ့ရင် လက်အုပ်မချီကြနဲ့ပေါ့ကွာ။ 

မင်းတိုတွေက စစ်တပ်ရဲ့ ကူညီပံ့ပိုးမှုတွေကိုလည်း ယူခဲ့ကြတယ်။ စစ်အစိုးရက တာဝန်ရှိတဲ့လူကြီးတွေကိုလည်း ဖားခဲ့ကြ
ကပ်ခဲ့ကြတယ်။ အခုလိုမျိုးအချိန်လည်းရောက်လာရော မင်းတိုတွေအကုန်လုံးက ပရိတ်သတ်ရဲ့လက်ခုပ်သံကို လိုချင်ကြလေတော့ ပရိတ်သတ်အကြိုက် စကားလုံးတွေပြောကြ၊ ပရိတ်သတ်အကြိုက် အမူအယာတွေလုပ်ပြ၊ အဲလိုလုပ်ပြ၊ ပြောပြနေရင်းပဲ တပ်မတော်ကြီးက တစ်စစီပြိုကွဲပြီး မင်းတိုလိုချင်တဲ့အစိုးရက အာဏာပြန်ရလာလိမ့်မယ်အထင်နဲ့ ဇာတ်ရှိန်တွေမြှင့်ကြ၊ နောက်ဆုံးမှာတော့ အမူအယာတွေကျွံ၊ စကားလုံးတွေကျွံ၊ လုပ်ရပ်တွေကျွံပြီး မိသားစုနဲ့ဝေးကွာ၊ ပရိတ်သတ်နဲ့ဝေးကွာကြရ၊ ဥပဒေရဲ့အပြင်ကိုရောက်သွားကြရနဲ့၊ မင်းတိုလိုချင်မိတဲ့လက်ခုပ်သံရယ်၊ ပြန်လိုက်ရတဲ့ အကျိုးဆက်ရယ်က
မတန်ပါဘူးကွာ။

တကယ့်ကို စစ်မှန်တဲ့ယုံကြည်ချက်ကြောင့် တောထဲအထိ အရောက်သွားပြီး တော်လှန်ရေးလုပ်နေကြတဲ့ လူငယ်လေးတွေလည်းရှိနေကြပါတယ်။ သူတိုကိုတော့လေးလည်း လေးစားတယ်။ အသိအမှတ်လည်းပြုပါတယ်။ ဘာကြောင့်လဲဆိုတော့
သူတိုလေးတွေမှာ မင်းတိုလိုမျိုးစစ်တပ်အပေါ် ဖားခဲ့ကြ၊ ကပ်ခဲ့ကြတာမျိုးမရှိဘဲ သူတိုရဲ့သမိုင်းကြောင်းက မင်းတို သမိုင်းကြောင်းထက် ဖြူစင်ခဲ့ကြတယ်သန့်စင်ခဲ့ကြတယ်ကွ။ 

မင်းတိုကိုတော့ မင်းတိုတွေရဲ့အကျင့်စရိုက်၊ ကိုယ်ကျင့်တရား၊ မင်းတိုဖြတ်သန်းခဲ့ကြတဲ့သမိုင်း အားလုံး၊ အားလုံးကို ခရေစေ့တွင်းကျသိနေလေတော့ လေးစားလိုလည်းမရ၊ အထင်ကြီးလိုလည်းမရဘဲ မင်းတိုဖြတ်သန်းခဲ့တဲ့ နောက်ခံသမိုင်းနဲ့ အခုလက်ရှိပုံစံတွေ အပြောတွေကို နှိင်းယှဉ်ကြည့်ပြီး ရယ်ချင်နေမိတယ်ကွ။

မင်းတိုတွေရဲ့ ပါးစပ်တွေက တော်လှန်ရေးဆိုတဲ့ စကားလုံးတွေ ထွက်ထွက်လာတိုင်း သခင်သန်းထွန်း၊ သခင်ဇင်၊ သခင်ချစ်၊ ဗိုလ်ရန်အောင်၊ ဗိုလ်ဇေယျ၊ ဗန်းဗော်တင်အောင် သူတိုတွေရဲ့မျက်နှာတွေကို မြင်မြင်လာမိပြီး မင်းတိုအစား သူတိုအပေါ်အားနာမိ မျက်နှာပူမိပါရဲ့ကွာ။

ဒါကတော့ တော်လှန်ရေးမင်းသားကြီးတွေရဲ့ သရုပ်မှန်ကို မင်းအုပ်စိုးက ပြည်သူအများသိအောင် ချပြလိုက်ခြင်းပဲ ဖြစ်ပါတယ်။

Credit