မြိတ်မြို့ကို ပင်လယ်လမ်းကြောင်းမှ အမြန်ယာဥ်စီးပြီးလာ ခဲ့လျှင် ဆိပ်ငယ်ဘောတံတား၌
'' တနင်္သာရီတိုင်း သည် မြန်မာနိုင်ငံ၏ ဆီအိုးကြီးဖြစ်သည် ''
ဟူသော စာတန်းအား စာလုံးအကြီး ကြီးဖြင့် ရေးထားသည်ကိုတွေ့ရမည် ဖြစ်သည်။
ကျွန်တော်တို့က
ဆီး ( သေး) အိုးကြီးဖြစ်သည်ဟု နောက်ပြောင်ကြသည်။
တကယ်တော့ တနင်္သါရီတိုင်းသည် မြန်မာနိုင်ငံ၏ ဆီအိုးကြီး ဖြစ်သင့်သည်။ တစ်နိုင်ငံလုံးသုံးနေသော စားအုန်းဆီ၏ ကုန်ကြမ်း ဆီအုန်းဆိုက်ပျိုးရေးသည် တနင်္သာရီတိုင်း တွင် ဖြစ်ထွန်းသည်။ပိုလျံ၍ပင်နေသည်။
သို့သော်
စားသုံး၍ ရသည်အထိ ကုန်ချော မထုပ်လုပ်နိုင်။
ဆီအုန်းသီးများအားကျိတ်၍ ထွက်လာသော ကုန်ကြမ်းအရည်များအား သန့်စဥ်ရန် မလေးရှား အပါဝင် နည်းပညာရှိသော နိုင်ငံများသို့ တင်ပို့ရသည်။
၎င်း နိုင်ငံများမှ သန့်စဥ်ပြီးစားအုန်းဆီများအား မြန်မာနိုင်ငံသို့ စျေးတင်၍ ပြန်သွင်းသည်။
မတတ်နိုင်ပါ။ နည်းပညာမရှိ၍ ကိုယ်စိုက်သောအပင်အား စျေးကြီးပေး၍ ဝယ်စားကြရသည်။
ငါးကြင်းဆီနှင့် ငါးကြင်းကျော်နေသည်ကို သိသိကြီးနှင့် ခံနေရသည်။
တနင်္သါရီတိုင်းတွင်
ယုဇန ကုမ္ပဏီ ၊ ပြည့်ဖြိုးထွန်း (ppt) ကုမ္ပဏီ ၊
အေးရှားဝေါ ကုမ္ပဏီ စသဖြင့် ဆီအုန်း လုပ်ငန်းကြီးများ ရှိပါလျက် ဆီသန့်မထုပ်နိုင်သေးသည်မှာ အသည်းနာစရာကောင်းသည်။
အဲ့တော့ လျှပ်စစ်ရထား လုပ်သည် မလုပ်သည် ဖြစ်နိုင်သည် မဖြစ်နိုင်သည်ကို ဘာမှမပြောလိုပါသော်လည်း အခြေခံစားသောက်ကုန်ဖြစ်သည့် စားအုန်းဆီ သည် နည်းပညာရလျှင် အဆမတန် စျေးသက်သာသွားမည်ဖြစ်မှာသေချာသည်။ ထိုကဲ့သို့ လက်တွေ့ကျသော ကိစ္စများကို အားထည့်ဆောင်ရွက်ခြင်း သည် နိုင်ငံနှင့်ပြည်သူအတွက် ပို၍ လက်တွေ့ကျသည် ဟုထင်မိသည်။
အဲမွန် ဒယာ
Oct 28