Thursday, October 28, 2021

နကန် နဲ့ ဝရဇိန်


         ၈၈ အရေးအခင်းမှာ မန္တလေးဆေးတက္ကသိုလ်က မြင်းခြံသား ကိုသန့်ဇင် ( အထက ၂ ကျောင်းအုပ်ကြီး ဦးကိုကိုကြီး ရဲ့ သား) က ကျောင်းသားသမဂ္ဂဥက္ကဌ ပါ ။ အရေးအခင်းပြီးတော့ ထောင်ကျတယ် ။ ပြန်လွတ်လာတော့ ဆွေမျိုး မိတ်ဆွေတွေဆီ အလည်အပတ် သွားတာပေါ့ ။ 

       ကိုသန့်ဇင် ပြန်သွားတာ နဲ့ သူအလည်လာသွားတဲ့ အိမ်ရှင်ကို ထောက်လှမ်းရေးက 

- ဘယ်သွားမယ် ပြောသွားလဲ.. ?

- ဘာလုပ်မယ် ပြောသွားလဲ.. ?

- ဘယ်တော့ပြန်လာမယ် ပြောသွားလဲ... ?

       ဆိုတဲ့ မေးခွန်းတွေကို ခဏခဏ ခေါ်မေးတယ် ။ ကြာတော့ အဖမ်းမခံရပေမယ့် ကိုသန့်ဇင် တခါလာတိုင်း ဆယ်ခါလောက် သွားဖြေနေရတာကို ဆွေမျိုး မိတ်ဆွေတွေ မခံစားနိုင်တော့ဘူး ။ 

       သူတို့ စိတ်ထဲမှာ နိုင်ငံတော်ကို ဆန့်ကျင်ဖို့ မပြောနဲ့ ကိုသန့်ဇင်ကိုတောင် နောက်မလာပါနဲ့တော့လို့ တားမြစ်လာကြရပါတယ် ။ ဒါက ဥပမာ တခုပါ နောက်တခု ဆက်ပြောပါမယ် ။ 

         မြင်းခြံ နာရီစင်အရှေ့ဖက်မှာ အဲဒီကာလတုန်းက အရောင်းရဆုံး လဖက်ရည်ဆိုင်ကြီး ရှိခဲ့ဖူးတယ် ။ ကိုလူပေါ ဆိုရင် မြင်းခြံသားတွေ သိကြမှာပါ ။ သူက ၂၀၀၇ ရွှေဝါရောင် အရေးအခင်းမှာ သံဃာတွေကို ရေသန့်ဗူးတွေ ကပ်ပါတယ် ။ အစိုးရက သူ့ကို မဖမ်းပါဘူး ။ သို့သော် နောက်ရာသီအတွက် အကြော်အလှော် လိုင်စင် ချမပေးတော့ဘူး ။   

         ဒီတော့ ကိုလူပေါလည်း သူ့ဆိုင်က ပစ္စည်းတွေကို ကိုကျော်ဇင်ဆီကို ပေးပြီး ဆိုင်ထောင်ခိုင်းလိုက်တာ ပြည့်ဝ လဖက်ရည်ဆိုင် ဆိုပြီး ပေါ်လာရတာပဲ ။ 

        ကျနော် ပြောချင်တာက အဲဒီခေတ်တုန်းက အကြမ်းဖက် ဥပဒေဆိုတာ မရှိသေးပေမယ့် ရတဲ့ ဘောင်ထဲကနေ နိုင်ငံတော်ကို ဆန့်ကျင်သူများအား တုန့်ပြန်ခဲ့ပုံကို ပြောချင်တာပါ ။        

           ယနေ့ကာလမှာ အကြမ်းဖက် ဥပဒေပြဌာန်းပြီး ဖြစ်ပါတယ် ။ ပြင်ဆင်ချက်တွေတောင် ထပ်မံပြုလုပ် တင်းကြပ်ထားတာ တွေ့ရပါတယ် ။ အဲဒါကို ထိရောက်အောင် သုံးစွဲဖို့တော့ လိုအပ်နေပါပြီ ။ 

      ယခုလတ်တလော နာမည်ကြီး ဘဏ်ဓားမြ မြောင်းမြဒေါ်ချို တို့ အမှုဟာ ငွေကြေးရလိုမှုထက် PDF လုပ်ငန်းတွေအတွက် အားပေးချင်လို့ ဆောင်ရွက်ကြတာ ရှင်းနေပါတယ် ။ သူတို့ရဲ့ ပုဂ္ဂလိက ရပ်တည်မှုအတွက် မလိုဘူးဆိုတာ အရင်း ၃၀၀ တန်ကို တထောင်ရောင်းစားနေကြတာတောင် အလုအယက်စားနေကြတော့ အမြတ်ကို တွက်ကြည့်ပြီး သိနိုင်ပါတယ် ။ 

         အမှန်က ပိုင်ဆိုင်မှုအားလုံးကို အကြမ်းဖက် ဥပဒေအရ သိမ်းဆည်းပစ်ရမှာပါ ။ မိသားတစုလုံး တက်ညီလက်ညီ ကျူးလွန်ထားကြတာလေ ။ 

        ကျနော်တို့ တပ်ချုပ်ကြီးက ဆန့်ကျင်မှုကို ဒီမိုကရေစီ အရ လက်ခံတယ် ဆိုပြီး အလျှော့ပေးထားတာ တွေ့ရပါတယ် ။ 

        ဒီနေရာမှာ ဒီမိုကရေစီ သ​​ဘောအရ အလျော့ပေးတာကို လက်ခံပေမယ့် ဆန့်ကျင်တာ နဲ့ စော်ကားတာကိုတော့ တပ်ချုပ်ကြီး ခွဲခြားသိမြင်တတ်ဖို့ လိုအပ်နေပါပြီ ။ 

          Royal Express လို ပါဆယ်ပို့တဲ့ အသင်းက စစ်တပ် နဲ့ ဆက်နွယ်ပတ်သက်တဲ့ ကုန်တွေ လက်မခံဘူး တဲ့ ။ 

           ဒေါ်ချိုတို့လည်း ရင်ဘက်ခြင်းတူမှ ဆိုင်ထဲဝင်ပါ ဆိုပြီး NLD ဝတ်စုံတွေနဲ့ ကြေငြာခဲ့တယ် ။ 

          နေပြည်တော်နေပြီး စစ်တပ်ကို ဒန်ပေါက် မရောင်းဖူးဆိုတဲ့ မိုးပျံဒန်ပေါက် ဝက်မစားရှိခဲ့ဖူးတယ် ။

          စစ်သား ရဲသား စျေးမရောင်းပါ ဆိုပြီး နေ့ပြန်တိုးယူပြီး ငတ်နေတဲ့ လမ်းဘေးကျူး​​ကျော်ဆိုင်က ဆိုင်းပုဒ်တပ်ခဲ့တယ် ။

         စစ်သား ရဲသား ဆေးမကုပါတဲ့ ဆရာဝန်တွေ ရှိခဲ့တယ် ။

         စစ်သား ရဲသား သားသမီးတွေ စာမသင်ပါဆိုတဲ့ ကျောင်းဆရာတွေ ဇောင်းထဖူးတယ် ။ 

       ကုန်ကုန်ပြောရရင် မိတ်ကပ်ပြင်တဲ့ အခြောက်က အစ စစ်တပ်နဲ့ပတ်သက်ရင် အလှမပြင်ဖူးဆိုပြီး စော်ကားထားပါပြီ ။

         တကယ်တော့ ဒါတွေဟာ ဒီမိုကရေစီစနစ်အရ မတူကွဲပြားတဲ့ အဆင့်မဟုတ်တော့ပါဘူး ။ တိုင်းပြည်ရဲ့ အာဏာသုံးရပ်ကို စွဲကိုင်ထားတဲ့ တပ်မတော်ဆိုတဲ့ အဖွဲ့အစည်းကြီး တရပ်လုံးကို စော်ကားပြနေတာပါ ပဲ ။ 

         သာရေး နာရေး ကိစ္စမှာ တပ်ချုပ်ကြီးမိသားစုကို ဖိတ်ကြား အသိအမှတ် မပြုပဲ နေတဲ့ သာမန် ပြဿနာမျိုး မဟုတ်တော့ပါဘူး ။ ဒါမျိုး အပြုအမူတွေဟာ PDF ကဲ့သို့ ပြည်သူတွေရဲ့ ခန္ဓာကိုယ်အား ထိခိုက် သေကြေအောင် လက်နက်ကိုင် သတ်ဖြတ်တဲ့ အဆင့် မရောက်သေးပေမယ့် စိတ်ကို သတ်ဖြတ်နေတဲ့ အဆင့်ဖြစ်ပါတယ် ။ 

          ဝါးဆိုတာ မြစ်ကနေ စတင်​ပေါ်​ပေါက်လာရသလို PDF ဆိုတာကလည်း အဲသလို လူစားတွေကနေ တိုက်ရိုက်တမျိုး သွယ်ဝှိက်၍တဖုံ မွေးထုတ်ပေးနေတာပါ ပဲ ။ 

          ယခင် ဘရွှေကြီးနဲ့ ဦးခင်ညွှန့်တို့ဟာ သူတို့လက်ထဲရှိထားတဲ့ နကန်(နွားရိုက်ရန်ကြိမ်)တချောင်းနဲ့ နွားအုပ်ကို ကောင်းစွာ ထိမ်းကျောင်းနိုင်ခဲ့တာ အရှိတရား သမိုင်းမှန်ဖြစ်ပါတယ် ။ 

      ယခု လက်ရှိ တပ်ချုပ်ကြီးရဲ့ လက်ထဲမှာ နိုင်ငံတော်အား ဆန့်ကျင်နေတဲ့ သူပုန်အပေါင်းအား နှိမ်နင်းနိုင်ရန်အတွက် အကြမ်းဖက် ဥပဒေဆိုတဲ့ သိကြားမင်းရဲ့ ဝရဇိန်လက်နက် ရောက်နေပါပြီ ။ 

         ရရှိထားတဲ့ ဝရဇိန်လက်နက်ကို နကန်တချောင်းလောက်မှ ထိရောက်အောင် မသုံးတတ်ရင်ဖြင့် တိုင်းပြည်ငြိမ်သက်ဖို့ ဝေးနေအုံးမှာ ဖြစ်ပါတယ် ။ 

         ကိုရွှေမျိုးဝင်း

(ငါက ကြီးမားလေးလံပြီး ခိုင်ခန့်တယ် ဆိုပြီး ဖင်ခေါင်းမကျယ် နဲ့ မောင်းတဲ့လူ စောက်ဖိုးမတန်ရင် မှောက်ပြီး ဘဝပျက်မှာ ပဲ)