Sunday, October 31, 2021

အမှန်တရားက ဖိနပ်စီးနေချိန် မုသားက ကမ္ဘာပတ်နေပြီ


အခုထန်တလန်ကိစ္စလည်း ပြည်ဖျက်မီဒီယာတွေရဲ့ 
မဟုတ်မမှန်သတင်းတွေကြောင့် သတင်းအမှားတွေ 
ပျံ့နေပြီ...

မသိရင်စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့၊ မီးရှို့လို့ပဲ ထန်တလန်မြို့က အိမ်တွေ မီးလောင်သွားသလိုလိုနဲ့ မဟုတ်
တမ်းတရားတွေဖွနေကြ တယ်... 

အဖြစ်မှန်ကို သိနေမြင်နေရတဲ့ ဒေသခံတစ်ယောက်
အနေနဲ့ မပြောဘဲ မနေနိုင် လို့ကို ပြောပြမယ်...

တကယ်တော့ ကျွန်တော်တို့ရဲ့ ထန်တလန်မြို့လေးကို 
စစ်တပ်က စစ်သားတွေက မီးရှို့တာမဟုတ်ပါဘူး... 
စဖြစ်တာက ထန်တလန်မြို့ အမှတ်(၁) ရပ်ကွက်မှာ 
ထန်တလန်မှာ ကင်းလှည့်နေတဲ့ လုံခြုံရေးကင်းလှည့်
အဖွဲ့ကို ချင်း CDF အဖွဲ့(၁၅)ယောက်လောက်က မြို့ထဲ
က နေအိမ်တွေထဲမှာ နေရာယူပီး စပြီးတိုက်ခိုက်ခဲ့တာ.. 

အမှတ်(၁) ရပ်ကွက်မှာ စပြီးတိုက်ပွဲဖြစ်ပြီး အဲဒီမှာ 
စစ်သားတစ်ယောက်တောင် ဒဏ်ရာရသွားသေး
တယ်...

တပ်က ပြန်ပစ်တော့ CDF တွေ အခြေအနေမကောင်း
မှန်းသိပြီး ထွက်ပြေး သွားတယ်။ 

CDF က သူတို့ထွက်ပြေးတဲ့နောက်ကိုတပ်က ချက်ချင်း
မလိုက် နိုင်အောင် အဲဒီအမှတ်(၁) ရပ်ကွက်ထဲက လက် 
လှမ်းမီတဲ့ နေအိမ်တွေကို သူတို့ကိုယ်တိုင် မီးရှို့သွား
တယ်...

CDF ကပဲ မီးလောင်နေတဲ့ ထန်တလန်ရဲ့မြို့ပုံကို ဓာတ်
ပုံရိုက်ပြီး မီဒီယာတွေက တစ်ဆင့် လက်ဦးမှုယူပြီး 
အိမ်တွေကို တပ်ကပစ်တယ်... လက်နက်ကြီးနဲ့ ပစ်
တယ်... မီးရှို့ပါ တယ်ဆိုပြီး မဟုတ်မမှန် ဝါဒဖြန့်ခဲ့ကြ
တာပဲ…။ 

ဓာတ်ပုံတွေ ကြည့်လိုက်ရင် စနစ်တကျ နဲ့ အပေါ်စီး
ကနေ ကြိုတင်ပြင်ဆင်ပြီးတော့မှ အချိန်ကိုက် သေချာ
ရိုက် ထားတာ အဲဒီပုံတွေနဲ့ မီဒီယာတွေဆီကို ပို့ပြီး အခု
လို မဟုတ်မမှန်ဝါဒဖြန့်ဖို့ ကြိုတင် စီစဉ်ထား ကြတာပါ။ 

ပထမဆုံး နေအိမ်တွေ မီးလောင်တော့ လုံခြုံရေး အဖွဲ့
တွေကလည်း မီးမငြိမ်းရဲဘူး... ဘာလို့လဲ ဆိုတော့ အိမ်
တွေထဲကနေ ချောင်းပစ်ဖို့ စောင့်နေတဲ့ CDF အဖွဲ့တွေရှိ
နေတာကိုး...

အခု ဖြစ်စဉ်မတိုင်ခင်ကလည်း မြို့ကိုပြန်လာချင်တဲ့ 
ဒေသခံ တွေကို CDF တွေက မောင်းထုတ်တယ်...
ပြန်မလာခိုင်းဘူး...ပြီးတော့ စစ်တပ်ကြောင့် စစ်ဘေး
တောင် ရှောင်နေရပါတယ် ဆိုပြီး စစ်ဘေးရှောင်စခန်း
တွေမှာပဲသွားနေ ခိုင်းတယ်... 

အခု ကိုယ့်မြို့ကို CDF က ဘာကြောင့် မီးပြန်ရှို့တာလဲ
ဆိုတော့ စစ်တပ်နဲ့ ဖြစ်တဲ့ တိုက်ပွဲတွေမှာ CDF တွေ
အကျအဆုံး များနေရတာဟာ မြို့ပေါ်က ဒလန်တွေ
ကြောင့် ဆိုပီး လုပ်ကြတာကတစ်ချက် ...

နောက်ပြီးတော့ ချင်းပြည်နယ်ကို ချနင်းပြီး နိုင်ငံရေးမှာ 
အသုံးချဖို့ လုပ်နေတာတွေကြောင့် အခုလိုလုပ်နေကြ
တာပါ.. 

အခုလို ရှင်းပြနေတယ် ဆိုတာကလည်း ချင်းတစ်
ယောက်အနေနဲ့ ခရစ်ယာန် ဘာသာ ဝင်တစ်ယောက
ဖြစ်တဲ့ ကျွန်တော်အနေနဲ့ အမှန်တရားကို သိပါလျက်နဲ့ 
မပြောဘဲ နေချင်းဟာ အဖဘုရားသခင် မကြိုက်တာမို့ 
တစ်နိုင်ငံလုံးက ပြည်သူတွေ သိအောင် ရှင်းပြရခြင်း
ဖြစ်ပါတယ်... 

ဘုရားသခင် ချင်းလူမျိုးတွေအပေါ် ကောင်းချီးပေး
ပါစေ။

ချင်းတိုင်းရင်းသားတစ်ဦး
=========
ထန်တလန်မြို့လေးဟာ
အိမ်ခြေ ၂၃၀၀ ကျော်၊ လူဦးရေ ၁၂၀၀၀ ကျော်ရှိပြီး 
ခရစ်ယာန်ဘုရားရှိခိုးကျောင်း ၁၀ ကျောင်း၊ 
ဘုန်းကြီးကျောင်း ၁ ကျောင်းနှင့် စာသင်ကျောင်း ၂ 
ကျောင်းရှိတဲ့ လှပပျော်ရွှင်ဖွယ်ကောင်းတဲ့ ချစ်စရာမြို့
ကလေးဟာ အကြမ်းဖက် CDF တွေကြောင့် မီးလောင်
ပျက်စီးခဲ့ရပါပြီ ။

#KT

Related Posts:

  • ကြောက်စရာ အကြမ်းဖက်သမားကြောက်စရာ အကြမ်းဖက်သမား ကျွန်တော်တို့ ရပ်ကွက်ထဲက လူတချို့ပြောနေကြတယ်။ "ကျောင်းတက်လဲ အပိုပဲ။ တစ်လကြာရင် ကျောင်းတွေက ပြန်ပိတ်မှာ" စသဖြင့် ပြောဆိုသံတွေ ကြားနေရပါတယ်။ ဒီစကားတွေက ဘယ်ကလာလဲလို့ အဖြေရှာကြည့်ရင် အကြမ်းဖက်အဖွဲ့NLD… Read More
  • နွားကျောင်းသားတွေ သိဖို့နွားကျောင်းသားတွေ သိဖို့==================Ko Myo WinMyo Winn.(ဖြေရဲရင် ဖြေပါ) ၁ ။ အမြန်လမ်းဘေး သရက်ဥယျာဉ် ဧက၅ရာ ဘယ်လိုပုံစံဘယ်ကပိုက်ဆံနဲ့ဝယ်တာလည်း၂ ။ ပိုင်ဆိုင်မှုပြစာအိပ်ကိုဘာလိုပြန်ယူသွားရတာလည်း၃ ။ မြစ်ဆုံ ကို ၂၀ဘီလီယံ… Read More
  • အာဏာမက်သူ ဘယ်သူလဲအာဏာမက်သူ ဘယ်သူလဲ===================        ကိုစိုးတယောက် မနက်လင်းတာနဲ့ စပ်ဖြီးဖြီးနဲ့ ရောက်လာတာပါပဲ ။ လက်ဖက်ရည်ဆိုင်ရောက်တော့ "ဟေ့ ကောင် ဒီတခါ မင်းအကောင့် ကျတာ ဟိုဖက် ဒီဖက် တွယ်လို့ဖြစ်မယ် ကွ '' … Read More
  • မင်းကင်းဆရာတော်အသတ်ခံရတာသတင်းအမှန်ပါတဲ့ 😢 😢 😢မင်းကင်းဆရာတော်အသတ်ခံရတာသတင်းအမှန်ပါတဲ့ 😢 😢 😢6.6.2021            ချင်းတောင်တန်းသာသနာပြုဆရာတော် အရှင်ပညာဇောတသည် သက်တော်(၅၂)နှစ်၊ ဝါတော်(၁၆)ဝါရှိပြီး မင်းတပ်-မတူပီ ကားလမ်းပေါ်ရှိ တွီဒိန်းကျေးရွာ… Read More
  • မိတ္ထီလာ မှသည်မိတ္ထီလာ မှသည် .......ညနေ ၂: ၃၀ ခန့် ရွှေအုန်းပင်စားသောက်ဆိုင်ရှေ့ ဆယ်ပေခန့် မှာ ဗုံးတလုံးပေါက် ။        ပေါက်ကွဲတဲ့ နေရာမှ ပေ ၂၀ ခန့်မှာ မပေါက်သေးတဲ့ တလုံးတွေ သတင်းပို့ ။    ... ၂… Read More