Saturday, October 30, 2021

ထန်တလန် ဆိုတာ ဟားခါးနဲ့ .. မိုင် ၂၀ လောက်သာဝေးပြီး .. အင်မတန်သာယာတဲ့ မြို့လေးပါ ..


အခုတော့ စစ်ကို ဖိတ်ခေါ်ခဲ့တဲ့ ..
အကျိုးကျေးဇူးအဖြစ် မြို့ပျက်ကြီးလုံးလုံး ..
ဖြစ်သွားခဲ့တာ တွေ့ရတာ စိတ်မကောင်းစရာပါ ..

-

CDF တွေ လွန်ခဲ့တဲ့ ရက်ကတည်းက ..
မြို့သူ၊မြို့သား၊ သက်ကြီးရွယ်အို၊ ..
ကလေးငယ်တွေ နဲ့ နိုင်ငံ့ဝန်ထမ်းတွေကို
မောင်းထုတ်ပြီး မြို့ကို ထိန်းချုပ်ဖို့ လုပ်ခဲ့ကြတယ်..

အနီးအနားဝန်းကျင်က လုံခြုံရေး ၊ရဲစခန်းတွေကို
အင်အား၊အလုံးအရင်းနဲ့ ဝင်စီးနင်းပြီး ...
မီးရှို့၊ဖျက်ဆီး ခဲ့ကြတယ် ..

ထန်တလန်ကို ဝင်နိုင်မယ့် လမ်း၊တံတားတွေမှန်သမျှ
ဖောက်ခွဲ ဖျက်ဆီး ခဲ့ကြတယ် ..

လုံခြုံရေး တပ်ဖွဲ့ဝင်တွေ မြို့ထဲမရောက်အောင်
မြို့ထဲက လူနေအဆောက်အအုံတွေပေါ်ကနေ ..
အခိုင်အမာ ခံတပ်ပုံစံလုပ်ခဲ့ကြတယ် ..

-

လက်နက်ကိုင်လို့ နိုင်ကြစတမ်းဆို ..
လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ လောက်ကတည်းက
မြန်မာနိုင်ငံ အစိတ်စိတ်ကွဲသွားတာကြာပေါ့ ..

တိုင်းတပါးကနေ အအိပ်၊အစားမပျက် ..
သွေးထိုး၊လှုံဆော်မှုတွေကို နားယောင်ပြီး ..
စစ်ကို ခေါ်ခဲ့ကြတဲ့ ခင်ဗျားတို့တွေ ..
အခု နိုင်သွားပြီလား ?

စစ်ဘေးရှောင်ရင်း ဒုက္ခများနေကြရှာတဲ့
ခင်ဗျားတို့ရဲ့ မိဘ၊ဆွေမျိုး၊ညီအကို၊မောင်နှမတွေရဲ့
အနာဂတ်ကရော ဘယ်မှာလဲ ?

ဆင်ခြင်နိုင်ကြပါစေ
🙏🙏🙏
Credit