Saturday, October 30, 2021

ထန်တလန် နာတော့မှာကို ဟားခါး- ထန်တလန်လမ်းပေါ်က တံတားကို ဗုံးခွဲဖျက်စီးကထဲက ဗီယက်နမ်နိုင်ငံသား မြန်မာ့အရေး လေ့လာသူတစ်ယောက်က ဟောကိန်း ထုတ်ပြီးသားပါ။


စိတ်ဓာတ်မြှင့်တင်ရေးအတွက် 
မြို့တစ်မြို့ထိမ်းနိုင်တယ်ဆိုတဲ့
နယ်မြေစိုးမိုးနိုင်မှုရဖို့ပြင်ဆင်နေကြ
ပြီ၊တပ်ကလည်း ပစ်ရှင်းရှင်းပြီး ဝင်
မှာမို့ မြို့နာတော့မှာ ကြိုမြင်ကြတယ်။

အဲဒါကြောင့်
ကြိုတွက်ပြီးသား ကိစ္စတွေပါ။

မြို့ကိုထိမ်းဖို့ကြိုးစားတာက
ဆာဆာတို့NUG အလုပ်၊ပြန်သိမ်း
ဖို့က စစ်တပ်အလုပ်၊မျက်ရည်ချူရ
မှာက လော်ဘီတွေအလုပ် ဒါပါပဲ။

စစ်ကို သေသေချာချာမမြင်ဖူးသူ
တွေက စစ်ကိုခေါ်ကြတာပါ။အထိ
ကရုန်းစာအုပ်တွေကို များများဖတ်
ကြည့်ကြပါ။

လွန်လေပြီးသောနှစ်ပေါင်းများစွာက 
ထုတ်ဝေထားတဲ့ စာအုပ်တွေထဲမှာ 
စစ်ကြောင့် ရူးသွားသူတွေ ဘဝပျက်
သွားသူတွေများစွာရှိခဲ့ပြီး ခေါင်းဆောင်
အကြမ်းဖက်သူတွေကသာ ခနအတွင်း
ချမ်းသာသွားတာပါ။

တန်းတူ အသက်ပေး ဘဝပေးမယ့် 
ထင်ကြလား။သူပုန်အကြမ်းဖက်က
နေ မြို့တမြို့ကို ထိန်းသိမ်းနိုင်ဖို့ဆို
တာ တကယ်တော့ လုံးဝ မလွယ်ပါ
ဘူး။

မီးတွေပါပဲ အပူမီးတွေ
ကိုယ်တိုင် မမွှေးမိကြပါစေနဲ့။

#aerial 211030