Friday, October 29, 2021

မြင်းလောင်းကစားသမား ရှုမောင် ( ဉီးနေဝင်း )


နိုင်ငံရေးလောကသားတွေက ဉီးနေဝင်းကို မြင်း
လောင်းကစားတစ်ဉီးလို့ ဝေဘန်အပုတ်ချ ပြောဆို
ရေးသားကြတာ ယနေ့ထိပါပဲ။

ထိုကာလက မြင်းပြိုင်ပွဲ လောင်းကစားကြတာ
ဉီးနေဝင်းတစ်ယောက်တည်း မဟုတ်ပါဘူး။ ဝန်ကြီး
ဝန်လေး အတွင်းဝန် အရာရှိအရာခံကအစ အောက်
ခြေပြည်သူ တော်တော်များများ ပါဝင်ကြတယ်။

မြင်းပွဲဆိုတာ ယခု အောင်ဘာလေ သန်းထီလိုတ
ရားဝင် လောင်းကစားခွင့်ပြုထားတဲ့ ပြိုင်ပွဲတစ်ခုဖြစ်
ပြီး
မြင်းပြိုင်ပွဲနေ့ မရောက်မှီ ပုဂိုလိက သတင်း
များမှာယှဉ်ပြိုင်မယ့်မြင်းအမည်၊ စီးနင်းမည့်ဂျော်ကီ
နဲ့ပွဲစဉ်များကို ဖော်ပြကြပါတယ်။

ဒါ့အပြင် မြင်းလောင်းကစားမည့် ဝါသနာရှင်များ
အတွက်
ယခု ၂လုံးထီ ၃ လုံးထီ အတွက်ချိုင်းများထွက်သလို
မြင်းလောင်းကစားပွဲစဉ်များအတွက်လည်း တစ်ကြို
များကို ခန့်မှန်း တရားဝင် ထည့်သွင်းဖော်ပြပေးကြ
ပါတယ်။
ဝင်း ပလေး စသည်ဖြင့် ကြားဘူးနားဝရှိပါတယ်။

အဲဒီခေတ်က မြင်းလောင်းကစားက အဆန်းတကြယ်မှ မဟုတ်ပဲ။ တရားဝင်လောင်းက
စားပွဲတစ်ခုသာဖြစ်တယ်။
ကိုယ်ကျင့်တရားနဲ့ဆိုင်တယ်ပြောရင် တော်တော်
များများက မလွတ်ကြပါဘူး။
ထီထိုးတာပင် လောင်းကစား ပြောမရလား

ထိုအချိန်က မြင်းပြိုင်ပွဲက ရန်ကုန်တစ်မြို့တည်းရှိ
တာမဟုတ်ပါဘူး။ ပြည်မြို့တွင်လည်း အစိုးရကမြင်း
ပွဲများဖွင့်လှစ်ပေးခဲ့ပါတယ်။ နေရာက ပြည်မြို့ မူရာ
ဘင်ကွင်းမှာ ဖြစ်ကြောင်းကို ဆရာကြီးဒဂုန်ရွှေမျှား
ကသူရေးတဲ့ # ဘဝအတွေ့အကြုံ # စာအုပ်မှာ ရေး
သားထားတာ ဖတ်ရှုရပါတယ်။

မြန်မာနိုင်ငံမှာ
မြင်းပြိုင်ပွဲကို အဂ်လိပ်ခေတ် ၁၉၂၄ ခုနှစ်လောက်
မှာစတင်ခဲ့ပါတယ်။ ၁၉၂၄ ခုနှစ် မေလ ၁၄ ရက်နေ့
ရန်ကုန်မြို့မှာ ကျင်းပတဲ့ မြင်းပြိုင်ပွဲကို အိန်ဒိယဘု
ရင်ခံ လော့ဒ်ဒရင်းတက်ရောက်ပြီး ပြိုင်ပွဲဝင်ဆုရသူ
များကို ဆုအသီးသီး ချီးမြှင့်ခဲ့ပါတယ်။

မြင်းပြိုင်ကွင်းမှာ မူလက ယောက်လမ်းအနီးတွင် တည်ရှိခဲ့ပြီး ၁၉၂၆ ခုနှစ်မှာ ကျိုက်ကဆံကွင်းနေရာ
သို့ပြောင်းရွှေ့ခဲ့ပါတယ်။

မြိုင်းပြိုင်ကွင်းကြီးရှိသလို မြင်းပိုင်ရှင်များကလပ်
ဂျော်ကီများကလပ်များလည်း ဖွဲ့စည်းတည်ရှိခဲ့ပါ
တယ်။

စတီရီယိုတေးသံရှင် စိုးပိုင်ရဲ့ဘခင်ဖြစ်သူဟာ
မြင်းစီးဂျော်ကီကောင်း တစ်ယောက်ဖြစ်ကြောင်း
ကြားသိဘူးပါတယ်။

၁၉၆၃ ခုနှစ် မတ်လ ၁၅ ရက်နေ့မှာ
ရန်ကုန်မြို့ အလံပြဘုရားလမ်း ဒဂုံရိပ်သာတွင်
တော်လှန်ရေးကောင်စီဉကဌဗိုလ်ချုပ်ကြီးနေဝင်းကမြင်းပြိုင်ကွင်းရှိ အသင်းများကို ဘိတ်ကြားပြီး
မြင်းပွဲပိတ်ရန် စတင်ဆွေးခဲ့ပြီးနောက်မှာ
မြင်းပွဲကို အပြီးအပိုင်ပိတ်လိုက်ပါတယ်။

Credit