Saturday, October 30, 2021

#အပျင်းအပြေဖတ်ဖို့😁😁


ရှေးလူကြီးများသည် မလိမ့်တစ်ပတ် လုပ်သည်ပြောရမလား ဘဒီးဘဒါးတွေလုပ်ဆိုရမလားမပြောတတ်။ အကြိုးရှိသော စကား များကို ရိုးရိုးရှင်းရှင်း မမှာ။စကားထာလိုလို တဘောင်လိုလို လုပ်လေ့ရှိသည်။

    သွားကိုက်ပျောက်ဆေးနည်းကို ငပိလက်လေးသစ် ဟု အတိုကောက်ပြောခဲ့သည်။
ငပိလက်လေးသစ်မှာ သွားထဲကိုမပြောနှင့် ပါးစပ်ထဲထည့်ရန်ပင် မဖြစ်နိုင်။ 
အမှန်မှာ င = ငရုပ်ကောင်း
ပိ = ပိတ်ချင်း လက် = လက်ချား 
လေး = လေးညှင်း သစ် = သစ်ဂျပိုး ဖြစ်သည်။
အမှန်ကိုမသိလျှင် 
င ကို ငရုပ်သီး
လက် ကို လက်ထုပ်ကြီး
သစ် ကို သစ်စိမ့်သီး ဖော်စပ်မိပါက မခတ်ပေဘူးလား။
ကျောင်းစာတွင်လဲ အဖေက သားကိုသေခါနီးမှာခဲ့ပုံမှာ -
ခေါင်းတစ်ရာသားကိုစားပါ
အိမ်နောက်ဖေး စျေးဆိုင်တည်ပါ
တစ်နေ့ပုဆိုး သုံးခါလဲပါ
ခေါင်းသုံးလုံးရှိသူထံတွင် ပညာသင်ပါတဲ့

တည့်တည့် မပြောတော့ သားက ပေါက်ကရတွေ
လျောက်လုပ်ပြီး ဆင်းရဲသွားသည်။ နောက်ဆုံး
 ဒူးခေါင်းနှစ်လုံးကြားမှာ ဦးခေါင်းထားသလို
 စောင့်ကြောင့်ထိုင်နေတဲ့ အဖိုးအိုကိုတွေ့မှ နည်းမှန်ရပြီး ချမ်းသာသွားသည်။ အဲတော့ အစကတည်းက တည့်တည့် ပြောလိုက်လျှင် အချိန်မကုန် လူမပင်ပန်းပဲ အဆင်ပြေသွားနိုင်သည်။
ခုတော့ အရင်မွဲ ပြီးမှ ချမ်းသာရသည်။ 

ယခုလို ပြောနေရခြင်းသည် ကျွန်တော်နှင့်ဆိုင်သောကြောင့်ဖြစ်သည်။ ဂွတိုက်နေခြင်းမဟုပ်ပါ။

ကျွန်တော့ အဖေ ကျွန်တော့်အတွက်ရေးခဲ့တဲ့ 
သေတန်းစာကိုကြည့် ----

ပထမအချက်က
နို့အလုံးတစ်ရာဆို့ပါတဲ့....

ရှူးပြီ... ဘာကိုပြောမှန်းမသိ
စိတ်ညစ်ညစ်နှင့် Tv ထိုင်ကြည့်နေလိုက်သည်။ ပဲနို့ ကြော်ညာတွေ့မှ သဘောပေါက်သွားသည်။
ကျွန်တော် ပဲနို့ တစ့်နေ့တစ်လုံးသောက်သည် ။ ပဲ့နို့တွင် ကယ်လ်ဆီယမ်နှင့် ပရိုတင်းများပါသော
ကြောင့် ငပိန်ငချောက် ကျွန်တော် ပြည့်ပြည့်ဖြိုးဖြိုးဖြစ်လာသည်။

ဒုတိယအချက်က......
ငရဲပြည်နှင့် ဆက်သွယ်ပါ တဲ့

ငါ့ အဖေရှူးနေပြီလားလို့တောင်တွေးမိသည်။
နောက်မှတွေးမိတာက ငရဲဆိုတာ အဝီစိ ပဲ...
ဒါကြောင့် ကျွန်တော် အဝီစိတွင်းတူးလိုက်သည်။
ရေရှားသော ကျွန်တော်တို့အရပ်တွင် ရေရောင်း၍ကျွန်တော် အတော်လေးပြေလည်လာသည်။

တတိယအချက်က...
ကျင်ငယ်ရည် စက်ရုံတည်ပါတဲ့...

လိုက်မမှီတော့ပါ....ဘယ်လိုမှ တွေးလို့မရ။
စိတ်ညစ်ညစ်နှင့် လမ်းထွက်လျှောက်ခဲ့သည်။
လမ်းမှာ ရပ်ကွပ်ထဲက အရက်သမားကြီး ဦးပြည့်ဖြိုးရွှေ နှင့်တွေ့လို့ နုပ်ပ်ဆက်စကားပြောမိသည်။

" ဦးလေး... ဘီယာလိုက်သောက်ပါလား...ကျွန်တော်ပျင်းလို့ ဘီယာဆိုင် သွားမလို့ဗျ "

" ဟေ့ကောင် မင်းဘီယာကို အလကားရတာတောင်
ငါမသောက်ဘူးကွ...ယီးပဲ...သေးပေါက်တာပဲ အဖတ်တင်တယ်...မူးလဲမမူးဘူး "

ကျွန်တော် ဥာဏ်အလင်းပွင့်သွားသည်။ ဟုပ်ပေသားပဲ.....
ဘီယာဆိုင်ကောက်ဖွင့်လိုက်သည်။ စီးပွားရေး အဆင်ပြေလာသည်။

နောက်ဆုံးအချက်က
ဦးနှောက်မရှိသော ပညာရှိကို အနားမှာထားပါ...

ပညာရှိ ဟူသည် မေးသမျှကို ဖြေနိုင်သည်ကများသည်။ အကြိုးအကြောင်းခိုင်လုံသည်။ 
သိုသော် ဦးနှောက်တော့ရှိသည်။ ပုံပြင်ထဲက ပညာရှိ ဦးဇီးကွပ်ပင် ဦးနှောက်ရှိသည်။

ဦးနှောက်မရှိ သောပညာရှိ?
?
?
?
နောက်တော့
ကျွန်တော် ကွန်ပျူတာတစ်လုံး ဝယ်လိုက်သည်။

(မူရင်းစာ ရေး သူ ဆရာမင်းလူ ဝထ္တုအား အလွန်အမင်း ပြုပြင်ထားပါသည် 🙏🙏🙏)

အဲမွန်ဒယာ
Oct 30


Related Posts:

  • NUG ရဲ့ အရှုံးပြီးတော့...အရှုံးများ***************************စက်တင်ဘာလ ဒုတိယအပတ်ထဲမှာနိုင်ငံရေးကိုစိတ်ဝင်စားသူ လေ့လာတတ်သူတွေကကျွန်တော့် Facebook မိတ်ဆွေတွေထဲမှာ တပ်ချုပ်မင်းအောင်လှိုင်ရဲ့ နိုင်ငံရေးလမ်း လျှောက်လှမ်းခဲ့ပုံ လုပ်ကိုင်ခဲ့ပုံကို ခန့်မှန်းတွက်ဆချက်… Read More
  • တချိန်က မြန်မာပြည်၏ ဓာတ်ပုံများကို အမှတ်တရဖြစ်စေရန် မိမိတို့ တွေ့ရှိသလောက်တင်ပြပေးသွားမည်ဖြစ်ပါသည်။မြန်မာပြည်၏ တချိန်က လူနေမှုဘဝ၊ စီးပွားရေးနှင့်အဆောက်အဦးအချို့သည် စိတ်ဝင်စားဖွယ်ကောင်းလှသည်တွေကို တွေ့ရှိရပေမည်။ထို့ကြောင့် မိမိတို့ တွေ့ရှိသလောက် မှတ်တမ်းတင်ရန် သဘောမျိုးနှင့် ဤ အယ်ဘမ်ကို ကျွန်တော်တို့ ဖွဲ့ပါသည်။IMAGE: Ko L… Read More
  • အစိမ်းတွေနဲ့ အေးချမ်းစွာနေလိုကြသောပြည်သူတွေ ...တပ်ထောက်ခံသူတွေ......အားလုံးကို  စေတနာနဲ့ ပြောပါရစေ။န စ က ကိုလည်း အားမကိုးနဲ့...........န စ က ကို အားကိုးလွန်းယင်....န စ က တရားထိုင်ပြီးတဲ့ အချိန် ......ခင်ဗျားတို့ကျုပ်တို့ တွေ လူ့လောကကြီးမှာ.မရှိတော့ဘူး.....................… Read More
  • တံခါးခေါက်သံ ကျယ်လာပြီ-----------------စာရင်းအရ သံဃာနှစ်သိန်းလောက်ပဲ ရှိတော့တယ်လို့ သိရပြီးတဲ့နောက် တံခါးခေါက်သံကျယ်လာပါပြီ။လွန်ခဲ့တဲ့ငါးနှစ်က သုံးရာနီးပါးရှိတဲ့ ကျောင်းက ယခုနှစ် နှစ်ရာလောက်ပဲရှိတော့တယ်။ အရင် ဝင်ခွင့်ဖြေတဲ့အကြိမ်တွေမှာ သုံးဆယ်ကျော… Read More
  • မူးယစ်နွံထဲက လူငယ်တွေက ဘယ်ဆေးကတော့ဖြင့် လူကို မထိခိုက်ဘူး၊ ဘယ်ဆေးကတော့ ဖြင့် အန္တရာယ်ကင်းတယ် ဘယ်ဆေးကတော့ဖြင့် မစွဲပါဘူး စသဖြင့် ဆင်ခြေအမျိုးမျိုးပေးပြီး သုံးစွဲတတ်ကြပါတယ်။ ဒါတွေက ကိုယ်ဆင်ခြေပေးတာသက်သက်သာဖြစ်ပြီး ဘယ်မူးယစ်ဆေးကမှ လူတွေကို ကောင်းကျိုး… Read More