Thursday, October 28, 2021

ဒေါ်အောင်ဆန်းစုကြည်ကို ဆီလူးပေးပါ ဘိုင်ဒင်


မြန်မာအိမ်စောင့်အစိုးရကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်လျှောက်လှမ်းဖို့ အာဆီယမ်အစည်းအဝေးမှာ သမ္မတဘိုင်ဒင် ပြောကြားလိုက်ပါတယ်။

တကယ်တော့ ဒီမိုကရေစီလမ်းကြောင်းပေါ်မလျှောက်ခဲ့တာ NLDပါတီနှင့် NLDအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ပဲ ဖြစ်ပါတယ်။

NLDပါတီဟာ လွှတ်တော်ထဲမှာ ငါးနှစ်လုံးလုံး တစ်ပါတီအာဏာရှင်လို လုပ်ခဲ့ပါတယ်။အစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း အစိုးရအဖွဲ့ထဲမှာ အာဏာရှင်လို လုပ်ခဲ့ပါတယ်။သူ့ကို ဝေဖန်သူတွေကို ထောင်အနှစ် နှစ်ဆယ်ချနိုင်တဲ့ ပုဒ်မ၁၂၄-က နဲ့ တရားစွဲထောင်ချခဲ့ပါတယ်။ကျွန်တော်ကိုယ်တိုင် ထောင်၇နှစ်ကျခဲ့ပါတယ်။

ဦးသန်းရွှေ၊ဦးသိန်းစိန်တို့လက်ထက်မှာ သူတို့ကို ဝေဖန်ရှုတ်ချဆဲဆိုသူတွေကို ၁၂၄-ကနဲ့ တရားမစွဲခဲ့ပါ။ယခု အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာလည်း သူ့ကို ဝေဖန်ရှုတ်ချဆဲဆိုသူတွေကို ၁၂၄-ကဖြင့်တရားစွဲခြင်း မရှိပါ။

ဒီမိုကရေစီနည်းလမ်းမကျသူက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မဟုတ်ပါ။ဒီမိုကရေစီ နည်းလမ်းမကျသူက ဒေါ်အောင်ဆန်းစုကြည်ပါ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လျှောက်ဖို့ သမ္မတဘိုင်ဒင်ရဲ့ ပြောကြားမှုဟာ မရောင်ရာဆီလူးခြင်းဖြစ်ပါတယ်။

ရောင်နေတာက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မဟုတ်ပါ။အမှန်တကယ်ရောင်နေတာက ဒေါ်အောင်ဆန်းစုကြည်ပါ။ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ဆီလူးပေးလိုက်ပါ ဘိုင်ဒင်။

ငါးမင်းဆွေ
၂၈-၁၀-၂၀၂၁