Friday, October 29, 2021

💚 " ဓမ္မဓိဋ္ဌာန်၊ ယုတ္တိကျကျ " 💚 💥💥


စာတအုပ်ရဲ့တန်ဘိုးကို မျက်နှာဖုံးနဲ့ဆုံးဖြတ်လို့မရဘူးတဲ့
ပညာရှိတွေစကားများမှန်လိုက်တာ၊

လူတွေ အသွင်အမျိုးမျိုး၊ စိတ်အမျိုးမျိုး
ပြီးတော့ စေတနာအရင်းခံကဖြစ်လာတဲ့ ကံတွေလဲ အမျိုးမျိုးပဲ၊
ပါးပါးမြင်တယ်၊ ပါးပါးနဲ့ပဲဖြတ်သန်းကြတယ်
ပါးပါးပဲလောက်ပဲဖြစ်ကြပြန်တော့ ခပ်ထူထူပေါက်ကွဲကြပြန်ရော။

Contentment ကို 'တင်းတိမ်ခြင်း၊ ရောင့်ရဲခြင်း' လို့
နားလည်ထားကြတယ်၊ Laziness နဲ့လဲရောထွေးတတ်လေ့ရှိတယ်၊
'ရောင့်ရဲတာ' ဟာအပျင်းကြီးတာမဟုတ်ဘူး
ရောင့်ရဲသူတွေမှာ အပြည့်အဝအလုပ်မလုပ်ရဘူးဆိုတဲ့ဒသနမရှိဘူး
ကြိုးစားမှုအပြည့်၊ တွေးခေါ်မှုအပြည့်နဲ့အလုပ်လုပ်လေ့ရှိပေမဲ့
ထွက်လာတဲ့အဖြေပေါ်မှာ လက်ခံနှိုင်ခြင်းကိုသာ
ရောင့်ရဲတယ်လို့သတ်မှတ်ပါတယ်၊
'ရလဒ်' 'အဖြေ' အပေါ်လက်ခံနှိုင်ခြင်းကအဓိကလက္ခဏာဖြစ်ပါတယ်။

.................

💚 နဂိုရ်ရှိမှ နကိုင်းထွက်တယ်

တဦးတယောက်ကနေ.. နိုင်ငံတခုအထိ
အလကားဘာမှမဖြစ်လာဘူး၊ ရှေးကံကောင်းလွန်းလို့
အကျိုးပေးပြီး ပင်ကိုယ်အရည်အချင်းမရှိရင် ခဏပဲခံမယ်
ဆက်ဖြစ်နေသူတွေကိုကြည့်... သူ့အရည်အချင်းနဲ့သူကိုတွေ့ရသလို
မဖြစ်တဲ့သူတွေကိုကြည့်ရင်လဲ သူ့အရည်အချင်းအမှန်ကြောင့်ပဲ။

တချို့အပြောကောင်းတယ်၊ တချို့အရေးကောင်းတယ်
( စာရေးဆရာလုပ်တော့ ကိုယ်တိုင်လဲပါနေပါတယ်)
တက်ကျမ်းတွေရေးကြတယ်၊ ရေးတဲ့သူအိမ်မှာ စားစရာမရှိဘူး
ဘယ်လိုအားကိုးရမှာလည်း၊ ဒေးလ် ကာနယ်ဂျီ တို့၊ ဘီလ်ဂိတ်တို့၊ 
ဝါရင်းဘတ်ဖက်တို့က ကိုယ်တိုင်ချမ်းသာအောင်လုပ်ပြီးမှာ
'အတွေ့အကြုံ' နဲ့ယှဉ်ရေးခဲ့တာ၊ Proven ဖြစ်ပြီးသား။

မြန်မာတွေမတိုးတက်ရခြင်းရဲ့အကြောင်းရင်းတခုမှာ
' နိုင်ငံရေး' 'စီးပွားရေး' 'လစ်ဘရယ်' အကြောင်းတွေကို
မိုးလောက်အထိတက်ပြောလေ့ရှိတာပဲ၊ 
( ပြောတဲ့၊ ရေးတဲ့သူကို နောက်ကြောင်းလေးလှန်ကြည့်လိုက်ပါ
  ဘာများဖြစ်ဖြစ်မြောက်မြောက်လုပ်ခဲ့ပြီးပြီလဲလို့
   á€œá€€á€şá€á€˝á€ąá€ˇá€Ąá€€á€ťá€†á€Żá€śá€¸á€žá€ąá€Źá€Ąá€–á€źá€ąá€€á€­á€Żá€á€˝á€ąá€ˇá€•á€Ťá€œá€­á€™á€ˇá€şá€™á€šá€ş)

ကိုယ့်မိသားစုလေးတောင် တင့်တင့်တယ်တယ်ထားနိုင်တဲ့
အရည်အချင်းမရှိသူ၊ ဖြစ်မြောက်အောင်မလုပ်နိုင်သူက
နိုင်ငံအဆင့် ပြောနေ၊ ရေးနေရင် လက်တွေ့ကျပါ့မလား၊
သူ့တို့ပြောတာ၊ ရေးတာတွေကို ဘယ်လိုစိတ်နဲ့ယုံပေးရမှာလဲ ?
လက်တွေ့ကျကျ သုံးသပ်ပြတာပါ၊
ဝန်ထမ်း (၅၀) လောက်ရှိတဲ့ လုပ်ငန်းလေးကိုပဲလုပ်ကြည့်လိုက်ပါ
Small scale လောက်လုပ်ငန်းမရှိပဲ နိုင်ငံအဆင့်တွေပြောနေရင်
အလွန်ဟာသမြောက်စွာပြောတတ်၊ ရေးတတ်သူလို့ပဲ
သတ်မှတ်ကြပါလိမ့်မယ်၊

ကိုယ်တိုင်ဖြစ်အောင်အရင်လုပ်ကြည့်ပါ
ပြီးရင်ပြောပါ၊ ရေးပါ၊ နဂိုရ်ရှိရင်အလိုလိုနကိုင်းထွက်လာပါလိမ့်မယ်၊

...................

💚 အတွေ့အကြုံဆိုတာ...ပညာ

စစ်အစိုးရလက်ထက် နိုင်ငံတကာဖိအားတွေ အများကြီး
သူတို့အားသာချက်က စီးပွားရေးဖက်သာစိမ်းရင်စိမ်းမယ်
ဗြူရိုကရေစီယန္တရားကို ဗိုလ်ပေါက်စဘဝထဲက ရင်းနှီးပြီးခဲ့သူတွေ
အနှစ်နှစ်အလလကဖြတ်သန်းခဲ့ရတဲ့အတွေ့အကြုံရှိထားသူ
ပြတ်သားမှု၊ တွန်းတွန်းတိုက်တိုက်လုပိနှိုင်မှု၊ အမိန့်နာခံတတ်မှု
မဖြစ်ဖြစ်အောင်လုပ်နိုင်မှုတွေဟာ သာမန်မရနှိုင်တဲ့
အတွေ့အကြုံမျိုးဆိုတာကိုတော့ လက်ခံရလိမ့်မယ်၊
စစ်အစိုးရလက်ထက်မှာ သူ့ပုံစံ system ရှိတယ်
ဦးသိန်းစိန်ဘက်ထက်မှာ စစ်+ အရပ်ဖက် system ကိုပါးနပ်စွာ
ရွေ့သွားတယ်၊ တချို့လူတွေတောင် သိလိုက်မှာမဟုတ်ဘူး၊
ဒီနေ့ မူဝါဒ၊ system ဘာမှန်းမသိဘူး၊ National agenda လုံးဝ
ပျောက်နေတယ်၊ Economic policy ထွက်လာတယ်
မူဝါဒအဆင့်ဖြစ်/ မဖြစ်တောင်မသိရှာတဲ့ဘဝ။

အတွေ့အကြုံနဲ့ ပညာနည်းပါးလေတော့ အဝါရောင်မြင်တိုင်း
ရွှေလို့ထင်တော့တာပဲ၊ အောက်ကလူတင်ပြရင်တောင်
အခံမရှိတော့ အမှား-အမှန်မသိရှာဘူး၊ အများကိုချပြတော့
ကွဲရော၊

လီကွမ်ယူက ဂိုလ်ချုပ်ထောင်ကိုရဖို့ (၅) နှစ်ကျော်ကြာ
အချိန်ယူခဲ့ရတယ်၊ အပြောကောင်း၊ အရေးကောင်းတွေကို
ရွှေနဲ့ကြေး ကောင်းကောင်းခွဲနိုင်တာ လီကွမ်ယူရဲ့ အဓိကအားပဲ၊
လီရဲ့ မူရင်းပရော်ဖက်ရှင်နယ်က ဥပဒေ၊ မလေးရှားကနေ
၁၉၆၅ မှာခွဲထွက်တော့ တနိုင်ငံလုံးတာဝန်ကသူ့ခေါင်းပေါ်
ရောက်လာတယ်၊ နောက်ပိုင်း မဖြစ်မနေရုန်းကန်လာရရင်း
စီးပွားရေးဖက်ပါအလွန် အားကောင်းသွားခဲ့သူ၊
London School of Economics က Master လောက်ကို
သီအိုရီတွေပြန်ရွတ်ပြလိမ့်မယ်၊ သူအောင်မြင်သွားတာ
စင်္ကာပူကို တိုးတက်အောင်လုပ်နိုင်တဲ့ အဓိကတချက်ထဲက
သီအိုရီသမားသက်သက်၊ လက်တွေ့သမားသက်သက်ကို
ရှောင်နိုင်ခဲ့တာပဲ၊ ခေတ်ပြိုင်ဖြစ်တဲ့ ဆူဟာတို ပထမပိုင်း
မအောင်မြင်လိုက်တာက လီကွမ်ယူနဲ့ ဆန့်ကျင်ဖက်လမ်းကိုရွေးလို့၊

တောင်ကိုရီးယား ပါတ်ခြုံဟေးက သူလိုချင်တဲ့သူတယောက်ရဖို့
အသဲအသန်ရှာတာ 'လ' ပေါင်းများစွာကြာတယ်၊
အစိုးရဆိုတာ ဘောလုံးအသင်းတသင်းလိုပဲ၊ 
ဆိုင်ရာကျွမ်းကျင်သူတွေကို နေရာချထားပြီး ခိုင်းစားတာ၊
ဘောလုံးအသင်းကိုကြည့်ရင်... လူသစ်ကိုမခေါ်ဘူး
ပွဲတွေ့တွေကိုပဲ ကြေးကြီးပေးပြီးခေါ်လေ့ရှိတယ်
သူတို့ရူးတာမဟုတ်ဘူး၊ ဖြုန်းတာလဲမဟုတ်ဘူး၊
အောင်နိုင်ရေးအတွက် လက်တွေ့ကျတဲ့ အောင်နိုင်ရေး
လမ်းကြောင်းကိုပဲ ဓမ္မဓိဋ္ဌာန်ကျကျသုံးသွားတာ။
( ကျုပ်လိုလူမျိုးဆိုရင် ဘောကောက်တောင်ပေးမှာမဟုတ်)"

စင်္ကာပူမှာ ဝန်ုကြီးဖြစ်ဖို့မလွယ်ဘူး၊
ဒုညွှန်ချုပ်၊ ညွှန်ချုပ်လောက်ထဲမှာကိုက နေရာအမျိုးမျိုးရွေ့ပြီး
စမ်းသပ်ခိုင်းလာပြီးမှဖြစ်တာ၊ မအောင်မြင်ပဲ အငယ်တန်းမှာပဲ
နေလိုက်ရသူတွေ အများကြီး၊
အနော်ရထာလဲ သူရဲကောင်း (၄) ဦးမွေးပြီး ပထမမြန်မာနိုင်ငံ
တည်ထောင်သွားတာပါ၊

ဘာအလုပ်မှမယ်မယ်ရရ မလုပ်ခဲ့ဘူးသူတွေက
စီးပွားရေးအကြောင်း၊ နိုင်ငံရေးအကြောင်းတွေပြောပြီး
လုပ်နေကြတော့... မတိုးတက်တာ မဆန်းလှပါဘူး၊
ထပ်မှားကြရင်တော့.... ကိုယ်ထက်ညံ့သူကို မှန်ထဲမှာ
ပြန်ကြည့်ဖို့ပဲ ကျန်တော့တယ်၊

.................

💚 ဒွိစက္ခုလား၊ အကန်းနဲ့အကျိုးလား

ဗုဒ္ဓက ဒွိစက္ခုသုံးဖို့သတိပေးတယ်၊ ပြောရရင် ပညာသုံးဖို့၊
" A perception without conception is blind and 
  conception without perception is empty “
  ( အတွေ့အကြုံ အာရုံမပါဝင်သော ဆင်ခြင်တုံတရားသည် 
    အကန်းနှင့်တူပြီး၊ ဆင်ခြင်တုံတရားမပါသော 
    အတွေ့အကြုံသည်လဲ အချည်းအနှီးသာဖြစ်သည်)
    (၁၆) ရာစုလောက်ကထဲကသုံးခဲ့တဲ့စကားပါ၊ 
    ခေတ်သစ်မှာ နားဝင်အောင်ရေးရရင်...
    " အတွေးအခေါ်မပါတဲ့လက်တွေ့က အကန်း၊
       á€œá€€á€şá€á€˝á€ąá€ˇá€™á€•ဍတဲအ အတွေးအခေါ် (စာတွေ့) ကအကျိုး"

တိုးတက်တဲ့နိုင်ငံတွေဟာ အလကားနံကြားထောက်ပြီး
တိုးတက်ကြတာမဟုတ်ဘူး၊ ခေါင်းဆောင်တယောက်ထဲကလဲ
တကွင်းလုံးပါတ်ကန်လို့မရ၊ လူတယောက်ကိုတာဝန်ပေးမယ်ဆိုရင်
နောက်ခံကိုကြည့်တယ်၊
* ပညာအရည်အချင်း
* လုပ်ငန်းအတွေ့အကြုံ
* vision နဲ့ initiative
* လုပ်ငန်းပိုင်ဆိုင်မှု 
* ဘယ်လောက်တာဝန်ယူခဲ့ဘူးသလဲ
* စိတ်ပိုင်းဆိုင်ရာ
.... စသဖြင့်၊ 

1970s ဝန်းကျင်မှာ US ကုပ္ပဏီကြီးတွေရှုံးဘူးတယ်
MBA ကျောင်းဆင်း အတော်ဆုံးလူတွေကို အလုပ်ခန့်ပြီး
ဆုံးဖြတ်ခ်ုင်းခဲ့လို့၊ နောက်တော့ အတွေ့အကြုံအရင်ယူစေပြီးမှ
ဆုံးဖြတ်ခိုင်းတော့ အဆင်ပြေသွားတယ်၊
US ရဲ့ လွန်ခဲ့တဲ့ နှစ် (၅၀) ကအမှားကို မြန်မာတွေက အတိုးပေးပြီး
မှားလို့ကောင်းတုန်း၊ မှားမှန်းလဲမသိကြသေး။
Biz term အလုံး (၂၀) လောက်အလွတ်ရွတ်ပြီး ဆရာကြီးတွေ
အလိုလိုဖြစ်သွားကြတယ်၊ အလိုလို အတုမရှိ မွေးကထဲက
တော်လာကြသူတွေ၊ ပါရမီရှင်တွေ ဖြစ်ကုန်ကြတယ်၊
ဆန်အိုးထဲ ဆန်မရှိသူတွေကို ငွေကြေးကိစ္စတွေခိုင်းကြလေတော့...
အဲ့ဒီလိုအဖွဲ့အစည်းမှ မပျက်ရင် ဘယ်တော့မှမပျက်ဘူး။

ခေါင်းဆောင်ညံ့တော့ ဒါတွေမမြင်နိုင်ဘူး
မမြင်နိုင်တော့... ကျရှုံးရတယ်၊

ဒွိစက္ခုမပြောနဲ့ ဧကစက္ခုတောင်မသုံးနှိုင်တော့
ကျိုးလဲကျိုး၊ ကန်းလဲကန်းတဲ့သူတွေစုဖွဲ့ထားတဲ့ အစုအဖွဲ့အတွက်
အောင်မြင်စရာ ဘယ်လိုရှိနိုင်ပါ့မလဲ ?
စာရေးသူဟာ ဘောလီဘောမပုတ်တတ်ဘူး၊ အဲ့ဒီအသင်းထဲ့လိုက်
သေခြာပေါက်ရှုံးလိမ့်မယ်၊ လက်တွေ့သဘောကို လွန်ဆန်လို့မရ။

...............

💚 ကိုယ်ညံတာ အများခံရတယ်

ကိုယ်ညံ့ကိုယ်ခံက အကြောင်းမဟုတ်ပေမဲ့ ၊ ကိုယ်ညံ့လို့အများ
ခံရတာတော့မဖြစ်သင့်ဘူး၊ ရပ်ကွက်အဆင့် ဘောသမားကိုစုပြီး
ပရီးမီယားလိဂ်မှာ ခါချဉ်ကောင်မာန်ကြီးလို့မရပါ၊

ခေါင်းဆောင်ဆိုတာ Vision ပဲ
ပြီးခဲ့တဲ့ (၄) နှစ်ကျော်ကစပြီး တိုင်းပြည်စုပ်ပြတ်သပ်သွားတာ
Vision zero ဖြစ်လို့၊ Resource မရှိပဲ သူများ Resource ကိုလဲ
မသုံးတတ်လို့၊ တကယ်ဆို National reconciliation ကို
ပြပြီးသားလဲဖြစ်၊ ကိုယ်လဲအောင်မြင်တဲ့ နည်းကို
ဘာလို့မတွေ့ရတာလဲ၊

လာခဲ့ တပ်ဖက်က ၁/၃
လာခဲ့ ပခဖ ၁/၃
ကိုယ်ဖက်က ၁/၃
( ချစ်လို့မဟုတ်၊ မလုပ်တတ်တာဖုံးဖို့ )

အားလုံး ကြွေသွားမယ်၊ တွဲလုပ်သွား၊
တိုင်းပြည်လဲ ကောင်း ကိုယ်လဲကောင်း၊ တပ်နဲ့ရော ပခဖရောအဆင်ပြေ
" Win-Win” တောင်မဟုတ်ဘူး.... “ All Win “.

ဘယ်လောက်ထပ်ညံ့သလဲ
တပ်ကို တောက်လျောက်ကန်တယ်
အမှန်/ အမှားကိုတောင် မဆင်မခြင် လွှတ်တော်မှာ ပယ်ချတဲ့အဆင့်အထိ
မိုက်လုံးကြီးကြတယ်၊
ဘာဖြစ်သွားလည်း၊ တမွန်းတည့်စာအဖြစ်ရောက်သွားတယ်
ကိုယ်စိုက်ခဲ့တာ ကိုယ်ပြန်ရိပ်သိမ်းရတော့တာပဲ
Vision ကြောင့်၊ ပင်ကိုယ်ကအညံ့လွန်တော့လဲ Vision မမြင်နိုင်ဘူး၊
မျက်လုံးတဆုံးမကြည့်နိုင်တာ ညံ့လို့ပဲ၊

အားလုံးပြီးသွားပါပြီ၊ ပြန်ဆယ်မရတော့တဲ့ကိစ္စတွေပါ
The logic of things ကို The logic of reason ထက် ဦးစားပေးလွန်းတာ
ကိုယ်ခံအားနည်းလွန်းလို့ပဲ။
အားလုံးဟာ သမိုင်းတွေဖြစ်သွားပြီ၊ ဦးသောင်းအေးရဲ့ “ Covid အဆိုတောင်
အပယ်ချခံရတဲ့ အဖြစ်က နိုင်ငံတကာ တံတွေးခွက်မှာ ( ပက်လက်ဆိုရင်
မျက်နှာပေါ်ပြီးရှက်နေရမှာမို့ ) မှောက်ရက်မျောသွားခဲ့ပြီ။

...............

💚 မျက်ကန်းတစ္ဆေမကြောက်

အမှန်တော့ မျက်စေ့ကန်း တာမဟုတ်ပါ၊ ဦးဏှောက်ကန်းတာပါ၊
Covid-19 Crisis ကိုလေ့လာရင် ကြောက်စရာကောင်းတယ်၊
လောလောဆယ် ဗီဇ (၃) မျိုးနဲ့ပြန်တယ်
အထိနာတဲ့နိုင်ငံတွေကိုလေ့လာကြည့်ပါ၊ တခုခုတွေ့ရပါလိမ့်မယ်
အာဆီယံကိုကြည့်ဦး၊ များများထိတဲ့နိုင်ငံက ဘယ်နိုင်ငံတွေလဲ ?
နည်းနည်းထိတဲ့နိုင်ငံတွေကရော ?

ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးထက် ဘယ်သူ့ကိုမှ ပိုချစ်စရာအကြောင်း
မရှိဘူး၊ ဒွေးတော်လွမ်းစရာလဲမရှိဘူး၊ မနေတတ်မထိုင်တတ်ရင်
နောက်တခါ ပိုပြင်းတာနဲ့တွေ့လိမ့်မယ်၊
ကိုယ်ညံ့တာ အကြောင်းမဟုတ်ပေမဲ့ အများခံရမှာတော့
မဖြစ်သင့်ဘူးပေါ့၊ တော်ရင်သာ အကန့်အသတ်မဲ့တော်တာ
ကောင်းပေမဲ့၊ ညံ့ရင်တော့ အကန့်အသတ်လောက်နဲ့ပဲ ညံ့ကြပါ
နို့မို့ရင် တိုင်းပြည်သိပ်နာသွားနိုင်လို့ပါ၊

၂၀၂၀ ဟာ မြန်မာ့အနာဂါတ်ပဲ
၂၀၂၅ နဲ့နောက်ပိုင်းကိုစိတ်မ ဝင်စားတော့ဘူး
အ ဝင်ဗျူဟာ အကြီးအကျယ်မှားခဲ့သလို၊ ဖြတ်သန်းမှုမှာလဲ
အကြီးအကျယ် တောက်လျောက်မှားခဲ့ပြန်တယ်၊
အထွက်ဗျူဟာထပ်မှားရင်တော့ မကောင်းတော့ဘူး
ဒေဝဒတ်လို မြေမြိုဖို့ပဲကျန်တော့တယ်
ကျန်တာတော့ ကိုယ့်ဒေါသနဲ့ကိုယ်ပဲ၊ တိုင်းပြည်မျက်နှာ
မထောက်တော့ရင်ပေါ့လေ။

နေဇင်လတ် ( 23.4.20) 💚

❤️ Nay Zin Latt We Love ❤️ admin team က ပြန်လည်တင်ပြပါသည်။ 😊

https://www.facebook.com/groups/191890793056290/


Related Posts:

  • အဘ ဘောမနေတဲ့ / စစ်ခွေး စစ်စစ်ပါကျွန်တော်ဟာ မင်းတို့တွေခေါ်နေကြတဲ့အဘ ဘောမတဲ့ " စစ်ခွေး စစ်စစ်ပါ လုံးဝရေအတု့အရောင်မပါဘူး...ကျွန်တော် လူတွေ သန်းပေါင်းများစွာရှိတဲ့ ကမ္ဘာကြီးမှာနေပါတယ်...လက်ရှိ လုပ်ဆောင်ချက်တွေက အားလုံးမြင်ကြတဲ့အတိုင်းပါပဲဗျာ...သာမာန်လူတန်းစား… Read More
  • အစိုးရဆိုတာ... အစိုးရပဲ Government is government.ဘာသာကွယ်ပျောက်ပြီးတိုင်းပြည်နွံနစ်မဲ့အရေးကစိတ်ချရပြီလို့ခံယူပြီး အတော်လေးစိတ်သက်သာရခဲ့တယ်၊ဒါပေမဲ့ရေးစရာတွေကတွေ့လာရတယ်အတော်များများကိုတော့မရေးခဲ့ပါဘူးဒီလိုကိစ္စမျိုးကတော့ရေးမှသင့်မယ်လို့ယူဆပါတယ်၊.................UK သံအမတ်ကိစ္စ… Read More
  • " ခွေးစိတ်ဓာတ်နဲ့ နိုင်ငံရေးဖျာဝင်ခင်းနေတာလား "- အင်ဘန်လ ဆိုတဲ့အကောင်ဟာ  ငြိမ်ချမ်းစွာ ဆန္ဒပြတဲ့ ပြည်သူတွေကို စကစမှ  အင်အားသုံးဖြိုခွင်းနေတာတွေ ဆက်လက်လုပ်  ဆောင်ရင် ဆန္ဒပြပြည်သူတွေဘက်ကနေ  ရပ်တည်ပြီး စစ်တပ်ကို တိုက်ခိုက်သွားမယ်ဆိုလို့  ကျုပ်ကလည်း ဒီပိုစ့်ကို ရေးတင်ရခြင်းပါ… Read More
  • အဖွားအိုရဲ့ နိဂုံး မလှပခဲ့ပေမယ့် ချယ်ရီရဲ့ အပြုံးက လှပခဲ့တယ်။အဖွားအိုရဲ့ ဇာတ်သိမ်းခန်းက မလှခဲ့ပေမယ့်ချယ်ရီရဲ့ ဇာတ်ဝင်ခန်းက လှပခဲ့တယ်။နိင်ငံအတွက် တာဝန်မကျေတဲ့ အဖွားအိုကိုနိင်ငံတာဝန်ကျေတဲ့ ချယ်ရီက ပညာပေးခဲ့တယ်။နိင်ငံကို သစ္စာဖောက်တဲ့ အဖွားအိုကြောင်းမြန်မာပြည်တော့ အပျက် မခံဘူးဆိုတဲ့အသိနဲ့… Read More
  • ငွေကြေးဖေါင်းပွမှု InflationInflation ဆိုတဲ့ ငွေကြေးဖေါင်းပွမှုဟာမရှိမကောင်း-ရှိမကောင်းအရာ၊နိုင်ငံအတော်များများက ( 0.5- 1.5)%လောက်ကို အတော်ပဲလို့လက္ခံထားကြတယ်တချို့လဲ (1.5-2)% လောက်အထိလက်ခံကြပါတယ်၊ရုတ်တရက် ငွေတန်ဘိုးကျတာရုတ်တရက်ငွေကြေးအလွန်မာတာမျိုးကစီး… Read More