Thursday, October 28, 2021

အာဆီယံထိပ်သီးအစည်းအဝေး၌ မြန်မာနိုင်ငံအား ကိုယ်စားမပြုသည့်သူကို ဖိတ်ကြားသည့်အပေါ်တွင် ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီ (၁၇) ပါတီ ကန့်ကွက်

………………………………………………………………

နေပြည်တော်၊ အောက်တိုဘာ ၂၈ (People Media)

အာဆီယံထိပ်သီးအစည်းအဝေး၌ မြန်မာနိုင်ငံအား ကိုယ်စားမပြုသည့်သူကို ဖိတ်ကြားသည့်အပေါ်တွင် ပြည်ခိုင်ဖြိုးပါတီ အပါအဝင် နိုင်ငံရေးပါတီ (၁၇) ပါတီက ကန့်ကွက်ကြောင်း အောက်တိုဘာ ၂၈ ရက်နေ့၌ ထုတ်ပြန်ကြေငြာသည်။

မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်အဖြစ် ဝင်ရောက်ချိန်မှစ၍ အာဆီယံပဋိညာ၌ပါ စာတမ်းပါ မူနှင့် လုပ်ထုံးလုပ်နည်းများကို လေးစားလိုက်နာ၍ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော အာဆီယံထိပ်သီးအစည်းအဝေးတွင်လည်း အလှည့်ကျဥက္ကဋ္ဌတာဝန်ကို အောင်မြင်စွာထမ်းဆောင်ခဲ့ကြောင်း၊ လက်တလော မြန်မာအရေးနှင့်ပတ်သက်သည့်ကိစ္စများတွင်လည်း အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာနိုင်ငံအား ကိုယ်စားမပြုသည့် ကိုယ်စားလှယ်အား တက်ရောက်ပါရန် ဖိတ်ကြားခြင်းနှင့် မိန့်ခွန်းပြောကြားမှုအား ကန့်သတ်မှု အဆင့်နိမ့် ဖိတ်ကြားမှုများသည် အာဆီယံပဋိညာ၌ပါ စာတမ်းပါ မူနှင့် လုပ်ထုံးလုပ်နည်းများကို အာဆီယံ ထုံးတမ်း စဉ်လာနှင့် ကွဲလွဲစွာဆောင်ရွက်ခြင်းဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ထိုအပြင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး ဆုံးဖြတ်ချက်များသည် အဖွဲ့ဝင်နိုင်ငံများ၏ သဘောထားဆုံးဖြတ်ချက်များမဟုတ်သည့်အတွက် ယင်းအစည်းအဝေးဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံအနေဖြင့် လက်မခံကြောင်း၊ ယင်းကိစ္စအပေါ် မှတ်တမ်းတင်ထားရှိရန် မြန်မာနိုင်ငံမှ အလှည့်ကျ အာဆီယံဥက္ကဋ္ဌ ဖြစ် သည့် ဘရူနိုင်းနိုင်ငံသို့ အသိပေးဆောင်ရွက်ထားပြီးဖြစ်ကြောင်း ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁ ရက်နေ့နောက် ဖြစ်ပေါ်ခဲ့သော နိုင်ငံရေးဖြစ်စဉ်ပြောင်းလဲမှုတွင် တရားဝင်နိုင်ငံ ရေးပါတီအားလုံးက လိုက်နာကျင့်သုံးရန် ကတိပြုထားသည့် ဖွဲ့စည်းပုံအခြေဥပဒေနှင့်အညီ ဖြစ်ပေါ်လာခဲ့သည့် ပြောင်းလဲမှုတစ်ခုသာဖြစ်ကြောင်း မြန်မာနိုင်ငံ၏ ပြည်တွင်းအရေးသာဖြစ်သည့်အတွက် အာဆီယံအစည်း အဝေးဖိတ်ကြားမှုနှင့်ပတ်သက်၍ ယှဉ်တွဲစဉ်းစားရန် အကျိုးအကြောင်းဆက်စပ်မှုမရှိကြောင်း ဖော်ပြပါရှိသည်။ 

မြန်မာနိုင်ငံ၏ အိမ်စောင့်အစိုးရမှ ဖွဲ့စည်းပုံအခြေဥပဒေနှင့်အညီ ဆောင်ရွက်မှုများနှင့် နိုင်ငံတကာရေးရာကိစ္စ များတွင် ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်း ပဋိညာဉ်နှင့်အညီ ဆောင်ရွက်ချက်များ၊ ဆုံးဖြတ်ချက်များကို လည်းကောင်း မိမိတို့ပါတီများအနေဖြင့် အခိုင်အမာထောက်ခံကြောင်း ဖော်ပြထားသည်။

အာဆီယံနိုင်ငံများအနေဖြင့် မိမိတို့မူလချမှတ်ခဲ့ပြီး တန်ဖိုးထားစောင့်ထိန်းခဲ့သည့် ပဋိညာဉ်များ၊ မူဘောင် လုပ်ထုံးလုပ်နည်များကို တိကျစွာ ထိန်းသိမ်းလိုက်နာခြင်းဖြင့် အာဆီယံအဖွဲ့ကြီး၏ အမှီအခိုကင်းမှု၊ လွတ်လပ်မှုဂုဏ်သိက္ခာများကို ထူထောင်ပါရန်နှင့် အဖွဲ့ဝင်နိုင်ငံအားလုံး၏ ယုံကြည်လေးစား ပူးပေါင်းဆောင် ရွက်မှုဖြင့် အာဆီယံအသိုင်းအဝန်း၏ အကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်ရန် တိုက်တွန်းကြောင်း ဖော်ပြ ထားသည်။

#PeopleMedia #ပြည်ခိုင်ဖြိုးပါတီ #အာဆီယံ

(unicode)
အာဆီယံထိပ်သီးအစည်းအဝေး၌ မြန်မာနိုင်ငံအား ကိုယ်စားမပြုသည့်သူကို ဖိတ်ကြားသည့်အပေါ်တွင် ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီ (၁၇) ပါတီ ကန့်ကွက်
…………………………………………………………………

Related Posts:

  • " အမှန်တရားဆိုတာ မျက်ကွယ်ပြုလို့မရပါ " အာရပ်နွေဦး ကျဆုံးရတဲ့ စိတ်ပျက်စရာ ဖြစ်ရပ်မျိုး ကြုံခဲ့ရပြီးတော့ ဥရောပတလွှား ဂျီဟက်ဒစ်တွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ပျံ့နှံ့လာပါတယ်ဆိုတဲ့ ဖော်ပြချက်နဲ့အတူ — ယနေ့မြန်မာနိုင်ငံ၏ ပြည်တွင်းရေး ရှုပ်ထွေးမှုနှင့် နွေးဦးတော်လှန်ရ… Read More
  • သွေးထိုးသွားစမ်းလို့ ခွေးမျိုးကန်းသွားမနေ့က ကချင်ဘက်မှာ တပ်ရင်းဌာနချုပ် တစ်ခု အတိုက်ခံရတယ်။ လွန်ခဲ့တဲ့ နှစ်တွေတုန်းက လည်းဒီလိုပါပဲ မကြာမကြာ အားနည်းတဲ့နောက်တန်းဌာနချုပ်တွေကို kiaက အလစ်ဝင်ပြီးတိုက်တယ်။ kia ရဲ့အကျင့်က ယောက်ကျားချင်း မယှဉ်ရဲတော့ အင်အားနည်းပြီး ရဲမေမှ… Read More
  • ကိုဗစ်ကာကွယ်ဆေး ထိုးကြပါဒီနိုင်ငံမှာ လက်ရှိထိုးပေးနေတဲ့ ကာကွယ်ဆေးက တရုတ်နိုင်ငံထုတ် Sinopharm အမျိုးအစားဖြစ်လို့ WHO က အသိအမှတ် မပြုဘူး၊ အခုပျံ့နှံ့နေနေတဲ့ ကိုဗစ်မျိုးစိတ်သစ်တွေကို မကာကွယ်နိုင်ဘူးလို့ fb ပေါ်မှာ မြင်သိနေရလို့ ဒီကာကွယ်ဆေးနဲ့ ပတ်သက်ပြ… Read More
  • မိန်းမ တော့ မိန်းမ ပဲဒါပေမဲ့ ထူးမြတ်တဲ့ မိန်းမသားတွေပါ။အကြမ်းရော အနုပါ အကုန်ရတယ်။ပါရမီရှင်စစ်စစ်တွေပါ ။အထင်သေးလို့မရတဲ့ မိန်းမသားတွေ။ပုခက်လွှဲတဲ့ လက်ကနေကျည်ဆံထွတ် တတ်တဲ့ မိန်းမမြတ်တွေ။စစ်ရေးစွမ်းရည်စည်းရုံးရေးစွမ်းရည် အုပ်ချူပ်ရေးစွမ်းရည် ဆိုတဲ့ … Read More
  • ဝိုင်းမော် ခလရ (၅၈)ရဲ့ ဖြစ်စဉ်အပေါ်သုံးသပ် အကြံပြုချက်ဝိုင်းမော် ခလရ (၅၈) ကတော့နောက်ချန်ရဲမေအပေါင်းတို့ရဲ့စစ်စွမ်းရည်သတ္တိဗြတ္တိ အပြည့်နဲ့ အဖိတ်အစင်မဲ့ အောင်ပန်းဆင်နိုင်ခဲ့ပါပြီ။°°°°°°°°°°°°°°°°°°လွန်ခဲ့တဲ့  ၂၀၁၇ လောက်တုန်းက(ခုနှစ်တော့ မှားနိုင်ပါတယ်)ရှမ်းမြောက်မှာရှိတဲ့  နမ္မတူ… Read More