Tuesday, October 26, 2021

ကျဆုံးတပ်မတော်သား ၇ဦး၏ ရုပ်အလောင်းများကို တပ်မတော်က သုဿာန်ဇရပ်တွင် စွန့်ပစ်ထားသည်ဆိုခြင်းမှာ မဟုတ်မှန်ပါ


သတင်းအမှန်

သံဖြူဇရပ်မြို့တပ်မတော်ထောက်ခံပွဲအပြီးတွင် တပ်တွင်း၌ တပ်နယ်မှူးနှင့် တွေ့ခဲ့ရသည်။ကျွန်တော်သည် သံဖြူဇရပ်နယ်တွင် နေသော်လည်း သံဖြူဇရပ်တပ်နယ်မှူး ဗိုလ်ချုပ်ကို ယခုမှ တွေ့ဆုံဖူးပါသည်။

ဗိုလ်ချုပ်က မကြာသေးမီက ခေတ်သစ်မီဒီယာတွင် ပါသော ကျဆုံးတပ်မတော်သား ၇ဦး၏ ရုပ်အလောင်းများကို တပ်မတော်က သုဿာန်ဇရပ်တွင် စွန့်ပစ်ထားသည်ဆိုခြင်းမှာ မဟုတ်မှန်ပါကြောင်း၊အမှန်မှာ ရုပ်အလောင်းများကို ပလပ်စတစ်အိတ်အတွင်း ထည့်ယူလာပြီး သုဿာန်ဇရပ်တွင် ထားရှိပါ‌ေကြာင်း၊ကောင်းမွန်စွာ သင်္ဂြိုလ်ရန် ခေါင်းတလားများ လုပ်နေပါကြောင်း၊ခေါင်းတလားမလုပ်ပြီးမီအချိန်တွင် နာရေးကူညီမှုလုပ်ကိုင်သူက ရုပ်အလောင်းများကို ဓါတ်ပုံရိုက်ပြီး ခေတ်သစ်သို့ ပို့ခဲ့ကြောင်း၊ခေတ်သစ်ကလည်း သတင်းကို လိုရာဆွဲပြီး ရေသားဖော်ပြခဲ့ကြောင်း ထိုရုပ်အလောင်းများကို ခေါင်းတလားထဲထည့်ပြီး ကောင်းမွန်စွာ သင်္ဂြိုလ်ခဲ့ကြောင်း ရှင်းပြပါသည်။

တပ်နယ်မှူးနှင့်တွေ့မှ သတင်းအမှန်ကို သိလိုက်ရပါသည်။

ငါးမင်းဆွေ
၂၆-၁၀-၂၀၂၁