Thursday, October 28, 2021

🍁 #နိုင်ငံရေးလား၊ #သတင်းစကားလား ?


Hwawei CEO "မုန်ဝမ်ကျို" တရုတ်ပြန်ရောက်တဲ့
သတင်းက စိတ်ဝင်စားစရာဆိုပေမဲ့
အမှန်တကယ်က ဒိထက်စိတ်ဝင်စားစရာတွေ
ပြည့်နှက်နေတယ်၊

စမတ်ဖုန်း ဈေးကွက်မှာ ပန်းသီးကိုကျော်ဖြတ်ပြီး
ကမ္ဘာ့နံပါတ် (၁) နေရာရောက်လုဆဲဆဲမှာ
Hwawei ဟာ အမှုရင်ဆိုင်ခဲ့ရတယ်၊
ကနေဒါက သူမအိမ်မှာ အကျယ်ချုပ်နဲ့
နေလိုက်ရတယ်၊

................

ပထမစိတ်ဝင်စားစရာက
တရုတ်အစိုးရရဲ့တုန့်ပြန်မှုပဲ၊
ဖမ်းထားတဲ့ ကနေဒါလူမျိုး (၂) ဦးနဲ့
လှို့ဝှက် အပေးအယူလုပ်လိုက်တယ်
" ဓါးစားခံ သံတမာန်ရေး" လို့တောင်
အမည်တွင်သွားတယ်၊

အမေရိကန်ဩဇာကို လွန်ဆန်ပြီး
ကနေဒါက " မုန့်ဝမ်ကျို" ကိုလွှတ်ပေးဖို့
တရုတ်နဲ့ သဘောတူလိုက်တယ်၊

ဘိုင်ဒင် ပက်လက်လန်ရတဲ့ပွဲ

.................

မုန်ဝမ်ကျို အနေနဲ့ လေယာဉ်ရိုးရိုးစီးပြီး
ပြန်လာတယ်ထင်ပါသလား ?

ကနေရဒါကနေ စင်းလုံးငှားလေယာဉ်နဲ့
စထွက်လိုက်တာနဲ့.....
တရုတ်အစိုးရက ကြိုတင်စီစဉ်ထားတဲ့အတိုင်း
တိုက်လေယာဉ် J-20 (၄) စီးက မုန့်ဝမ်ကျို
လေယာဉ်ကို စောင့်ရှောက်လိုက်ပါပေးတယ်၊

အမေရိကန်လေပိုင်နက်ကိုရှောင်
အာတိတ်ပင်လယ်ကိုဖြတ်
ရုရှားပိုင်နက်ရောက်တော့... ရုရှားကလဲ
SU-35 (၄) စီးနဲ့ လိုက်ပါစောင့်ရှောက်၊
မွန်ဂိုလီးယားပိုင်နက်ရောက်တော့
တရုတ်ရဲ့ J-16 (၄) စီးက လေထဲမှာ
ရုရှားနဲ့တာဝန်လဲ၊ 
ရှန်ကျန်းလေဆိပ်အထိ ပို့၊
လေဆိပ်မှာ ကော်ဇောနီခင်းပြီး 
မဟာသူရဲကောင်းမကြီး တဦးလိုကြိုဆို
မိန့်ခွန်းတွေ ပြောပြီး အလွန်ခန့်ငြားစွာ
ပြည်တော်ပြန်ခဲ့တာမျိုးပါ၊

မုန့်ဝမ်ကျိုးကို 
တိုက်လေယာဉ်တွေခြံရံရုံတင်မဟုတ်သေးဘူး
တရုတ်ရေတပ်ကလဲ 
ကနေဒါကထွက်ထွက်ခြင်း
အမေရိကန်လေကြောင်းရန်ကို 
ရေငုတ်သင်္ဘောထဲကနေ Jamming လုပ်ပြီး
ဦးနှိမ်ထားလိုက်သေးတာတွေ့ရတယ်၊
တိုက်ခိုက်ရေး ရေငုတ်သင်္ဘောမှာ
မစ်ဇိုင်းတွေတတ်ဆင်ထားသေးသနော်၊

သူမရဲ့အိမ်ပြန်ခရီးကို
တရုတ်အစိုးရက " လေ""ရေ"
အစောင့်အရှောက်တွေနဲ့ကို ရေပက်မဝင်
စီစဉ်ပြီး ကြိုဆိုခဲ့တာမျိုး၊

ဒါဆိုရင်...
" မုန့်ဝမ်ကျို" ဟာ ဘယ်သူလဲ ?
တရုတ်တွေဟာ 2000 ခုနှစ်က
တရုတ်တွေမဟုတ်တော့ဘူး ဆိုတာကိုလဲ
ပြလိုက်တဲ့သဘော၊

ထိုင်ဝမ်ကိစ္စမှာလဲ...
(၂) ရက်အတွင်း ထိုင်ဝမ်လေပိုင်နက်ထဲ
လေယာဉ် အစီး (၁၇၀) ကျော်ကို 
ပျံသန်းပြလိုက်သေးတယ်၊

မုန့်ဝမ်ကျိုခရီးမှာ ရုရှားပူးပေါင်းပေးထားတာ
တွေနိုင်သလို၊ ရက်ပိုင်းအတွင်းက
ဂျပန်ပင်လယ်ထဲမှာ ရုရှား+တရုတ် စစ်ရေယာဉ်
(၁၅) စင်းနဲ့ ကင်းလှည့်ပြတာဟာလဲ 
အလကားပဲတင်းတော့ မဟုတ်ဘူးဆိုတာ
သိကြမှာပါ။

#BaMaung.


Related Posts: