Thursday, October 28, 2021

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ NLD အကြမ်းဖက်ရုံးကို PDF အကြမ်းဖက်အဖွဲ့က ဖောက်ခွဲဖျက်ဆီး


MHT News (Oct- 28)

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် (၆၂)လမ်း (၃၃)လမ်းနှင့် (၃၄)ကြားရှိ NLD အကြမ်းဖက်တိုင်းရုံးကို PDF အကြမ်းဖက်သမားများက အားကိုးမရသဖြင့် ဒေါသထွက်ကာ အောက်တိုဘာ ၂၇ ရက်၊ ညပိုင်းက လာရောက်ဖောက်ခွဲဖျက်ဆီးခဲ့ကြကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

"မနေ့ညက လာဖျက်ဆီးသွားကြတာဗျ။ ဗုံး ၅ လုံးလောက် ပေါက်ကွဲသံကြားရတယ်။ အဲ့ဒီနားမှာနေတဲ့ သူငယ်ချင်းတစ်ယောက်ပြောတာတော့ ဒီလောက်ကလေးမှ အားကိုးလို့မရတဲ့ရုံး အကုန်ဖျက်ကွာ ဆိုပြီး ပြောသံကြားလိုက်တယ်တဲ့။ ပြီးတော့မှ ပေါက်ကွဲသွားတာလို့ပြောတယ်။ ကြည့်ရတာ သူတို့အချင်းချင်း အစာမကျေဖြစ်ပြီး ကိုင်လိုက်တာဖြစ်မယ်ဗျ။" ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက MHT ကိုပြောသည်။

မန္တလေးမြို့တွင် ၎င်းတို့အချင်းချင်း သတင်းပေးမှုများကြောင့် အကြမ်းဖက်သမားများ ဖမ်းဆီးခံရမှု များပြားလျှက်ရှိသည်။
#MHTnews