Friday, October 29, 2021

မုံရွာမြို့၊ တိုင်းစိုက်ပျိုးရေးခြံစည်းရိုးအနီး မိုင်းပေါက်ကွဲပြီး အသက်ရှင်လွတ်မြောက်ခဲ့သည့် မိဘမဲ့ အသက် တစ်နှစ်ကျော်ရှိ ကလေးငယ် မျက်လုံးနှစ်လုံး၊ ခြေထောက်နှစ်ဖက်နှင့် လက်တစ်ဖက် ဆုံးရှုံးခဲ့

………………………………………………………

မုံရွာ၊ အောက်တိုဘာ ၂၉ (People Media) 

ပြီးခဲ့သည့်ရက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ တိုင်းစိုက်ပျိုးရေးခြံစည်းရိုးအနီး၌ အကြမ်းဖက် အဖွဲ့များထောင်ထားသည့် မိုင်းပေါက်ကွဲပြီး မိဘမဲ့ကလေးငယ် ၃ ဦးအနက် ကလေးငယ်နှစ်ဦးသည် ပွဲချင်းပြီး သေဆုံးခဲ့သည်။ 

အဆိုပါ ပေါက်ကွဲမှုကြောင့် အသက်ရှင်လွတ်မြောက်ခဲ့သည့် တစ်နှစ်ကျော်အရွယ်ကလေးငယ်သည် မိုင်းစထိမှန် ဒဏ်ရာကြောင့် မျက်လုံးနှစ်လုံး၊ ခြေထောက်နှစ်ဖက်နှင့် လက်တစ်ဖက်ဆုံးရှုံးခဲ့သည်။

ကလေးငယ်၏ ကျန်းမာရေးအတွက် လက်ရှိအချိန်၌ ရွှေပြည်တော်သို့ဆုံမှတ်အသင်းမှ ကူညီစောင့်ရှောက် ပေးလျက်ရှိကြောင်း သိရသည်။ 

မိုင်းပေါက်ကွဲမှုကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်းများ ပျက်စီးဆုံးရှုံးခဲ့သည့် ကလေးငယ်သည် မူလက မုံရွာမြို့ ပြည်သူ့ဆေးရုံကြီး၌ ကုသခဲ့သော်လည်း လက်ရှိအချိန်၌ မန္တလေးမြို့ပြည်သူ့ဆေးရုံကြီး၌ လွှဲပြောင်းကုသမှု ခံယူနေကြောင်း သိရပါတယ်။ 

“ဒီကလေးက အခုလောလောဆယ်မှာ မိဘမရှိဘူး။ ဆေးဝါးကုသစရာပိုက်ဆံမရှိဘူး။ လူနာစောင့်မရှိဘူး။ ဒါကြောင့် မန္တလေးက တပ်မတော်ချစ်မြတ်နိုးသူများအဖွဲ့နဲ့ ကျွန်တော်တို့ ရွှေပြည်တော်သို့ဆုံမှတ်အသင်းက လောလောဆယ် ကူညီစောင့်ရှောက်ထားတယ်လို့” အသင်းတာဝန်ရှိသူ ဦးဉာဏ်မင်းထွန်းကပြောပါတယ်။ 

ကလေးငယ်၏ ဆေးဝါကုသရေးနှင့်ပတ်သက်ပြီး အများပြည်သူအနေဖြင့် လှူဒါန်းလိုလျှင် ရွှေပြည်တော်သို့ ဆုံမှတ်အသင်း ဦးဆောင်ကော်မတီဝင် ဦးဉာဏ်မင်းထွန်း (ဖုန်း ၀၉-၂၆၂၃၃၃၃၅၅) ထံ ဆက်သွယ်လှူဒါန်း နိုင်ပါတယ်။ 

#PeopleMedia #မုံရွာမြို့ #မိဘမဲ့ကလေးငယ်

(unicode)

Related Posts:

  • Messenger က စာတစောင်            {စာတွေဝင်ဖတ်လိုက်ရရင် စိတ်ခွန်အားတွေပေးလို့ကျေးဇူးတင်ပါတယ် ကျမက နီးပိန်းပါတ်ချာလည်ဝိုင်းနေတဲ့နေရာမှာ မဖြစ်မနေ နေရတဲ့သူပါ ကုန်ကုန်ပြောရရင် ကျမခင်ပွန်းကအစ နီပိတ်ပိန်းပါ တခုလေးပြောပြချင်… Read More
  • ပရဟိတ မုန်တိုင်း            ယနေ့ ပရဟိတကဏ္ဍကို လှုပ်ခတ်နေတဲ့ ပြဿနာက အသုံးပြုနေသော မော်တော်ယာဥ်များအား လိုင်စင်မရှိလျှင် အရေးယူမည်ဆိုတဲ့ အမိန့်ကြောင့် ဖြစ်ပါတယ် ။      မြန်မာ့ ပရဟိတအဖွဲ့တွေ ပေါ… Read More
  • ခန့်မှန်း နိုင်ငံရေး         မနေ့က ဒေါ်စုကြည်အား အမိန့်မချဖြစ်သည့် အပေါ် ဝေဖန်နေကြရာမှာ လေလှိုင်း တရားသူကြီး များစွာကိုလည်း တွေ့ရပါတယ် ။ တဖန် ည ၈ နာရီ သတင်းမှာ ရဟတ်ယာဥ် ဝယ်ခြင်းနဲ့ ပတ်သက်ပြီး နောက်ထပ် ၁၅ နှစ်တန် ပုဒ်မ ထပ… Read More
  • လူများများ ထောက်ခံတာကိုအသိအမှတ်ပြုပါတယ်။သို့သော် တိုင်းပြည်အတွက်ကတော့တပ်မတော်ကိုပဲ ထောက်ခံပါတယ်။ဘာကြောင့်လည်း ဆိုတော့နိုင်ငံရေးအုပ်စု အသီးသီး လက်နက်ကိုင်အုပ်စု အသီးသီးနဲ့သူတလူ ငါတမင်း လုပ်နေတဲ့ဒီနိုင်ငံ မှာ တပ်မတော် မှ မရှိရင်တပ်မတော်မှ မထိန်းကြောင်းရင်ပြည်ထောင်စု … Read More
  • ဘာတွေ ပူပန်နေကြတာလည်း         ခရီးထွက်ပြီး ပြန်ရောက်တော့ ပင်ပန်းတာနဲ့ အိပ်ကောင်းနေတုန်း ငမျိုး ရေ ငမျိုး ဆိုတဲ့ အာပြဲသံကြီး နဲ့ အိမ်ရှေ့က အော်နေတဲ့ ကိုစိုးကြောင့် လန့် နိုးပြီး ကပျာကရာ မျက်နှာသစ်ပြီး လက်ဖက်ရည်ဆိုင် ထွက်ခဲ… Read More