Wednesday, October 27, 2021

ကိုဂျင်မီရှိတဲ့နေရာတိတိကျကျ ကို လုံခြုံရေးတပ်ဖွဲ့တွေ ဘယ်လိုသိသွားလဲ ?


(၂၃-၁၀-၂၀၂၁)ရက်နေ့ လင်းအားကြီးအချိန်မှာ (၈၈)မျိုးဆက် ကျောင်းသားခေါင်းဆောင်တဖြစ်လဲ ဂျင်မီ(ခေါ်)ကျော်မင်းယုကို လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးလိုက်ပါတယ်။
ဂျင်မီကိုမဖမ်းခင်မှာ ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်အတွင်းမှာရှိတဲ့ ဗားကရာမီးပွိုင့်ကို လုံခြုံရေးတာဝန်ယူနေတဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို အကြမ်းဖက်သမားတစုက ကားတစီးပေါ်ကနေ မောင်းပြန်သေနတ်တွေနဲ့ပစ်ခတ်သွားတဲ့ ဖြစ်စဥ်တခုဖြစ်ပွားခဲ့ပါတယ် ၊ အဲ့ဒီအကြမ်းဖက်မှု့အပြီးမှာတော့ ဂျင်မီရှိနေတဲ့နေရာကို လုံခြုံရေးတပ်ဖွဲ့တွေက ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာပြီး ဂျင်မီကိုဖမ်းဆီးနိူင်ခဲ့ပါတယ် ၊ ဒါပေမဲ့ ကြက်ကလေး ငှက်ကလေးဖမ်းသလို လွယ်လွယ်ကူကူဖမ်းဆီးခဲ့ရတာတော့မဟုတ်ပါဘူး အပြန်အလှန်ပစ်ခတ်မှု့တွေဖြစ်ပွားပြီးမှ ဖမ်းဆီးနိူင်ခဲ့တာပါ။
ဂျင်မီနဲ့အပေါင်းအပါတွေဟာ ဖမ်းမိစဥ်ကရှိခဲ့တဲ့ ဒဂုန်မြို့သစ် မြောက်ပိုင်းက ပင်လုံအိမ်ယာထဲကိုရောက်နေတာ လအတန်ကြာပြီလို့သိရပါပြီး အဲ့ဒီနေရာမှာ ဂျင်မီတို့ရှိလိမ့်မယ်လို့ ဘယ်သူတဦးတယောက်ကမှ ထင်မှတ်မထားဘူးလို့ ဆိုပါတယ်။
ဂျင်မီတို့အဖွဲ့ကိုယ်တိာင်ကလည်း အလုံခြုံဆုံးနေရာရောက်နေတာမို့ စိတ်အေးလက်အေး နေနေကြတယ်လို့ ဆိုပါတယ် ၊ ဒါပေမဲ့ လုံခြုံရေးတပ်ဖွဲ့တွေ ရုတ်တရက် မထင်မှတ်ဘဲ ခြံဝင်းထဲဝင်ဖို့ကြိုးစားနေချိန်မှာတော့ ဂျင်မီတို့အဖွဲ့ဟာ အသင့်ဆောင်ထားတဲ့ လက်နက်တွေနဲ့ ပြန်ခုခံဖို့ကြိုးစားပေမဲ့ နောက်ကျသွားခဲ့ပြီလို့သိလိုက်ရတဲ့အချိန်မှာ ထွက်ပြေးဖို့ကြိုးစားရင်း အဖမ်းခံလိုက်ရတာလို့ သိရပါတယ် ။
ဂျင်မီတို့ကို အရှင်ဖမ်းမိလိုက်ပေမဲ့ ဇာတ်လမ်းကမပြီးသေးပါဘူး ၊ ဒီလောက်လုံခြုံတဲ့နေရာမှာ အယုံကြည်ရဆုံးသူတွေနဲ့ ခိုအောင်းနေတာကို လုံခြုံရေးတပ်ဖွဲ့တွေ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာပြီး ဖမ်းဆီးတယ်ဆိုတာ အတွင်းလူသတင်းပေးမရှိဘဲ မဖြစ်နိူင်ဘူး ဆိုတဲ့ သုံးသပ်ချက်တွေ ထွက်လာပါတယ် ။
PDF အဖွဲ့တွေဟာ အလွန်ကျစ်လစ်တယ်လို့ ပြောရလောက်အောင် သူတို့လုပ်ချင်တဲ့ အကြမ်းဖက်လုပ်ရပ်တွေကို မည်သူမှမသိအောင် လုပ်နိူင်သူတွေဖြစ်ပါတယ်။
ဒါဆိုရင် အကြမ်းဖက်အဖွဲတွေထဲမှာ နံပါတ်(၄)လောက်အဆင့်ရှိတဲ့ ဂျင်မီလို အကြမ်းဖက်ခေါင်းဆောင် တယောက်နေတဲ့ နေရာကို အတိအကျသိပြီး ဆိုက်ဆိုက်မြိုက်မြိုက် လာရောက်ဖမ်းဆီးနိူင်လိုက်တာဟာ အတွင်းသတင်းပေးရှိလို့ဆိုတာ သေချာပါတယ်။
ဒါဆိုရင် ဂျင်မီနေတဲ့ နေရာကိုသတင်းပေးလိုက်တာ ဘယ်သူဖြစ်နိူင်မလဲ ဆိုတာသိရအောင် လက်လှမ်းမှီသလောက် စုံးစမ်းခဲ့ပါတယ်၊
ပထမဆုံးအနေနဲ့ ဂျင်မီကို ဖမ်းဆီးရာမှာ ပါဝင်ခဲ့သူတွေကိုစုံစမ်းပြီး ဂျင်မီကိုဘယ်လိုခြေရာခံမိတာလဲလို့ မေးခဲ့ပေမဲ့ ဘာမှမပြောပါဘူး ၊ ဂျင်မီနဲ့အတူး ဘယ်သူတွေကို ဖမ်းမိသေးလဲလို့ မေးတာကိုလည်း ဖြေဖို့ စောသေးပါတယ်လို့ ပြောပါတယ် ၊ ဂျင်မီနဲ့အတူ ဘာပစ္စည်းတွေမိသေးလဲ လို့မေးမှ ၊ လက်နက်တွေနဲ့အတူ ဂျင်မီကိုင်နေကျ စမတ်ဖုန်းအချို့ ဖမ်းမိတယ်လို့ အမည်မဖေါ်လိုသူ တာဝန်ရှိသူတယောက်က ပြောပါတယ်။
အဲ့ဒီလက်ကိုင်ဖုန်းတွေနဲ့ ဘယ်သူတွေကို အဓိကဆက်သွယ်လဲ သိလို့ရမလားလို့ မေးကြည့်တဲ့အခါမှာ ၊ လက်ကိုင်ဖုန်းတလုံးက သူ့အမျိုးသမီး အပါအဝင်မိသားစုဝင်တွေနဲ့ ဆက်သွယ်တာဖြစ်နိူင်ပြီး အခြားတလုံးကတော့ (၈၈)မျိုးဆက်ဆိုသူတွေနဲ့ နိူင်ငံခြားရောက်နေသူ မျိုးရန်နောင်သိမ်းလိုလူမျိုးတွေနဲ့ ဆက်သွယ်တာလို့ သူနဲ့အတူဖမ်းမိတဲ့ သူ့တပည့်တယောက်ကပြောတယ်လို့ ဆိုပါတယ် ၊ နောက်တလုံးကတော့ အမေရိကမှာရောက်နေတဲ့ အိပန်ဆယ်လို ၊ PDF တွေအတွက် စက်ာပူကနေ အလှူငွေကောက်ခံပေးနေတဲ့ ဒေါ်အိုင်းရင်(ခေါ်)မရှမ်းမ အပါအဝင် အခြားသူတွေနဲ့ ဆက်သွယ်တာလို့ သိရပါတယ်၊ အခြားဘယ်သူတွေနဲ့ ဆက်သွယ်တာရှိသေးလဲလို့ မေးတဲ့အခါမှာတော့ ဖြေခွင့်မရှိဘူးလို့ အဆိုပါ အမည်မဖေါ်လိုသူကပြောပါတယ်၊
ဖမ်းဆီးမခံရခင်အချိန်အထိ အမေရိကားမှာရောက်ရှိနေတဲ့ အိပန်ဆယ်လိုနဲ့ စကားအကြာကြီးပြောထားတာ တွေရသလို စက်ာပူနိူင်ငံက ဒေါ်အိုင်းရင်း(ခေါ်)မရှမ်းမနဲ့လည်း စကားအကြာကြီး ပြောထားတယ်လိုဆိုပါတယ်။
အမေရိကန်မှာ ဒုက္ခသယ်အဖြစ် နေထိုင်နေတဲ့ အိပန်ဆယ်လို ဆိုသူအမျိုးသမီးဟာ တပ်မတော်အာဏာထိမ်းစဥ်က သူမကို မဖမ်းဘဲ လွတ်ပေးလိုက်တာလို့ နာမည်ကြီးနေပြီး သူမ အမေရိကန်ကိုရောက်ရှိသွားပေမဲ့ မြန်မာပြည်မှာ ကျန်ခဲ့တဲ့ သူမရဲ့ ပိုင်ဆိုင်မှု့တွေကိုလည်း နိူင်ငံတော်က သိမ်းစီးခြင်းမရှိဘူးလို့သိရပါတယ်။
စက်ာပူနိူင်ငံမှာနေထိုင်ပြီး တောတွင်းနဲ့ မြို့ပေါ်က PDF အဖွဲ့တွေအတွက် ငွေကြေးကောက်ခံထောက်ပံ့ပေးနေသူ ဒေါ်အိုင်းရင်း(ခေါ်)မရှမ်းမ ဟာလည်း ဘယ်လိုဘယ်အကြောင်းကြောင့် ဒီမိုကရေစီလှုပ်ရှားမှု့ထဲပါဝင်လာတယ်ဆိုတာ တိတိကျကျ မသိရဘူးလို့ အမည်မဖေါ်လိုသူ တဦးကပြောပါတယ် ၊ ဒီကိစ္စတွေနဲ့ ပက်သက်ပြီး ကိုဂျင်မီအပေါ် ဂရုဏာသက်သူတဦးက ကိုဂျင်မီ သစ္စာဖေါက်ခံလိုက်ရတာပါဗျာလို့ သုံးသပ်ပါတယ်။
တော်လှန်ရေးဆိုတာ သွေးတွေ ၊ ချွေးတွေ ၊ မျက်ရည်တွေ ၊ စွန့်စားမှု့တွေပါသလို သစ္စာဖေါက်မှု့တွေနဲ့ ပြည်နေတယ်ဆိုတာကို ယနေ့ခေတ်လူငယ်တွေသိအောင် ထောက်ပြလိုက်ရပါတယ်။
#MHTNews