Sunday, October 31, 2021

#ပေါက်ကရ(၄၀)


      ပေါက်ကရ ဒါမှမဟုပ် ပေါက်တက်ကရ ဆို
သည့်စကား အဓိပ္ပာယ်ကို ကျွန်တော်မသိပါ။ ရှာလို့လဲမတွေ့ပါ။ ပေါက်ကရကို လေးဆယ် ရှိသည်ဟု ဘယ်သူသက်မှတ်လိုက်သလဲမသိပါ။ 

'' ပေါက်ကရလေးဆယ်တွေလျောက်မပြောနဲ့ ''

ဆိုပြီးလူကြီးတွေပြောတာကြားဖူးသည်။ဘာမှန်းတော့မသိပါ။သိရန်လဲမလို ပေါက်ကရ ပါဆိုမှ တော့ ပေါက်ကတွေပဲပေါ့။ မဟုပ်ဘူးလား😂😂

ခုရေးတဲ့ဟာတွေကို👇 ပေါက်ကရတွေလို့ပဲ သဘောထားစေချင်တယ်😁😁😁

👉 ခင်များတို့ ရယ်ဖူးတယ်မဟုပ်လား။
ကျွန်တော်လဲ ရယ်ဖူးတယ်။ ဒါပေမယ့် စာအုပ်တွေထဲကလို ( ဝါး ဟားဟားဟား ) လို့ ရယ်တဲ့သူမတွေ့ဖူးဘူး😁😁 ဟားဟား ဟီီးဟီး ဟင်ဟင်း ခစ်ခစ် စသည်ဖြင့်တော့တွေ့ဖူးတယ်။ အရမ်းရယ်ပြီးသွားရင် ပါစပ်ကိုပိတ်ပြီး ရင်ထဲကိုလေရှိုက်သွင်းရင်း
အင့် အင့် အင့် ဆိုပြီးလုပ်လေ့ရှိတယ်။ ရယ်သံမှာ
 '' ဝ '' နဲ့ဆိုင်တဲ့အသံ တစ်ခုမှမတွေ့ဘူး။ ဒါပေမယ် 
စာအုပ်ထဲမှာ ဝါး ဟားဟားဟား လို့တွေ့တာနဲ့ ရယ်နေပြီဆိုတာ ဘယ်သူမှ မငြင်းပါဘူး ။ ကျွန်တော်လဲမငြင်းဘူး ။ ဝါး ဟားဟား နို့မလိုင်ရေခဲချောင်းတောင် ထွက်လိုက်သေးတယ်🤣🤣🤣

👉 '' ဖုံလုံးကြီးတွေ တစ်လိမ့်လိမ့်တတ်လာသည် ''
တဲ့။👈
 ဖုံသည် မလုံးပါ လိမ့်လဲ မလိမ့်ပါ။ ဖုံမှုန့်များ လေပေါ် ဝဲသည်ပဲဆိုနိုင်သည်။ သို့သော် ဖုံလုံးကြီးတွေတလိမ့်လိမ်တတ်လာသည် ပဲကောင်းပါသည်။
ဖုံမှုန်များလေပေါ်ဝဲနေသည်ဆိုတာက တစ်မျိုးကြီးရယ်😅😅😅
 
👉 သူ ဒေါသစိတ်ဖြင့် '' ဝုန်း '' ဆို ထရပ်လိုက်မိသည် '' 👈

တစ်ကယ်တော့ ဘယ်လိုထထ ဝုန်းဆိုပြီး မမည်ပါ။
👉 သူမနားသို့ ဗြုန်းဆိုရောက်သွားမိသည်👈

ထိုအတိုင်းပဲရေးကြသည်။ ကောင်းပါသည် ထိုအတိုင်းပဲဖတ်လို့ကောင်းပါသည်။😅😅😅

👉 အားလုံးက '' ဝိုင်း '' လှောင်ကြသည်။👈

လူးအများကြီးလှောင်ပြောင်ခြင်းလား.. ?
ထိုသူကို အလယ်မှာထား၍ ပတ်ပတ်လည်က 
'' ဝိုင်း '' ၍ လှောင်ခြင်းလား ? စာရေးသူကရှင်းပြရန်မလို။ ကျွန်တော်တို့ သဘောပေါက်ကြသည်။ဘာကိုလဲတော့မသိဘူး😂😂😂

👉 ဆိုင်အတွင်းသို့ တပည့်ကျော်ကြီး ရောက်လာသည်👈

တပည့်နာမည်က ကျော်ကြီးလား...ဒါမှမဟုပ် တွတ်ပီ က ဗိုက်ကလေးကိုခေါ်သလို တပည့်အကျော်အမော်ကြီးလား။ ဒါမျိုးက စဥ်စားရကျပ်သည်။ ဆိုင်တွင်းသို့ နှာဘူးကျော်ကြီး ရောက်လာသည်ဆိုရင်တော့ အဖြေရှင်းသည်။ နှာဘူး အကျော်အမော်ကြီးတော့မဖြစ်နိုင်။ ထိုနှာဘူး ၏နာမည်မှာ ကျော်ကြီးဖြစ်ကြောင်း သိသာသည်။
😅😅😅

👉 သူ့စကားကြောင့် အားလုံး ထရယ်ကြသည်👈
 
တကယ်တော့ ဘယ်သူမှ မက်တက်ထ မရယ်ကြပါ။ ထိုင်ရယ်ရင်လဲရယ်မည်။ ဒါပေမယ့်ဆိုလိုရင်းကို စာဖတ်သူက သဘောပေါက်ပါသည်။ကျွန်တော်လဲ ငြင်းစရာမရှိပါ။

တစ်ကယ်တော့ ပြင်းလို့ ပေါက်ကရများလျောက်ရေးနေခြင်းဖြစ်ပါသည်😆😆😆😆

အဲမွန် ဒယာ 
Oct 28