Wednesday, October 27, 2021

#အရပ်သားပြည်သူလူထုကိုပါပစ်မှတ်ထားတိုက်ခိုက်လာတဲ့Pdfတို့ရဲ့လုပ်ရပ်


မန္တလေးမြို့ ကညနရုံးရှေ့၌ 
ချိန်ကိုက်မိုင်းပေါက်ကွဲရာ ဆိုင်ကယ် 
၁၄ စီး မီးလောင်ပျက်စီးခဲ့ပြီး အမျိုး
သမီး၂ဦးနှင့်အမျိုးသား၁ဦး ထိခိုက်
ဒဏ်ရာရရှိ
……………………………............

မန္တလေး၊အောက်တိုဘာ-၂၇ 
(People Media)

မန္တလေးတိုင်းဒေသကြီး၊မဟာအောင်
မြေမြို့နယ်၊ချမ်းမြသာစည်မြောက်
ရပ်ကွက်၊ သိပ္ပံလမ်း၊ ၇၃-၇၈ လမ်း 
ကြားရှိ ကညနရုံးရှေ့ အောက်တိုဘာ 
၂၇ ရက်နေ့ နံနက် ၁၁ နာရီခန့်က ချိန်
ကိုက်မိုင်းတစ်လုံးပေါက်ကွဲမှု ဖြစ်ပေါ်
ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ပေါက်ကွဲမှုကြောင့် 
အမျိုးသမီး(၂)ဦး၊အမျိုးသား(၁)ဦး
မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး ဆိုင်ကယ် 
၁၄စီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း 
သိရပါတယ်။

ပြီးခဲ့သည့်လပိုင်းကလည်း အဆိုပါ 
ကညနရုံးရှေ့တွင် ချိန်ကိုက်မိုင်းပေါက်
ကွဲမှု ဖြစ်စဉ်များရှိခဲ့ပြီး ယခုတွင် 
ထပ်မံ၍ ဖြစ်ပွားခြင်းဖြစ်ကြောင်း 
သိရပါတယ်။

#PeopleMedia 
#မန္တလေး 
#ကညန