အင်ဒိုနီးရှားမှာ ဗုဒ္ဓဘာသာဝင်တွေ လူမျိုးတုံးသတ်ဖြတ်ခံရတဲ့ ၁၉၆၅ ခုနှစ်လောက်က အင်ဒိုနီးရှားအစိုးရကို အမေရိကန်က လူမျိုးတုံးသတ်ဖြတ်မှုတွေ အတွက်ဖုံးဖိပေးခဲ့တယ်။ တိုင်းတပါးအထင်ကြီးတဲ့ NLD ထောက်ခံသူတွေ ကိုယ့်ဘာသာသာသနာ ကိုယ်မှမကာကွယ်ရင် ဘယ်သူမှမကာကွယ်ဘူးဆိုတာ သဘေားပေါက်သင့်ပြီ။
ပါစပ်ကဒီမိုကရေစီ၊ လူ့အခွင့်အရေး အော်နေယုံနဲ့ ဒီမိုကရေစီသမားကြီးတွေ ဖြစ်မသွားဘူး။ အဲ့ဒီလိုအော်နေတဲ့ လူတွေကို ပြည်သူတွေပိုပြီး သတိထားရမယ်။ တကယ်တော့ န.စ.က ကိုတိုက်ခိုက်နေသူတွေဟာ လူ့အခွင့်အရေးကို လက်နက်အနေနဲ့ အသုံးချနေကြတာပါ။
တကယ်အကြမ်းဖက်နေတာ NLD အုပ်စုတွေ ဆိုတာကမ္ဘာ့ခေါင်းဆောင်တွေ မသိတာမဟုတ်ဘူး မသိချင်ယောင်ဆောင်နေတာ။ န.စ.က အနေနဲ့ Email ပို့နေယုံနဲ့မရဘူး သံရုံတွေရှေ့သာ ဗီဒီယိုပိတ်ကား သွားထောင်ပြီးရှင်းပါ။
NLD ထောက်ခံသူတွေအနေနဲ့ ကိုယ့်ကိုယ်ကို ပြန်စဥ်းစားသင့်ပြီ။ လှိုင်မြို့နယ်က အသတ်ခံရတဲ့ တက္ကစီသမားဦးသိန်းဦးဆိုရင် NLD အမာခံ သူတို့တမိသားစုလုံး ရဲရဲနီနေကြတာ။ ဦးသိန်းဦးအကြောင်း People Media မှာ အခုလိုရေးထားတယ် 👉 (https://www.facebook.com/1120229281493723/posts/1854662218050422/)
အကြမ်းဖက်သမားဆိုတာ ဘယ်သူသေသေ ဘယ်လောက်သေသေ မရက်စက်ရဲဘူးဆိုတာမရှိဘူး သူတို့ကလိုချင်တာကို ရအောင်ယူမှာပဲ။ PDF သတ်လို့သေတဲ့ ပြည်သူ ၁၃၀၀ကျော်မှာ NLD ထောက်ခံသူဘယ်လောက် ပါလည်းဘယ်သူမှ မသိဘူးနှိုင်ဘူး။
ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်းကနေ အခုအချိန်အထိ ဘုန်းကြီး ၉ ပါးအသတ်ခံရပြီးပြီ အပါး ၂၀ ကျော်ပျောက်ဆုံးနေတယ်။ ဗုဒ္ဓဘာသာဆိုရင်နာတတ်ဖို့ ကောင်းပြီး NLD ထောက်ခံသူတွေ စဥ်းစား။
ကိုယ့်ကိုယ်ကို လုံလှပြီမထင်နဲ့ ကမ္ဘောဒီးယား ပိုပေါ့လည်း ပြည်သူထောက်ခံမှုနဲ့ တက်တာပဲ။ အာဏာလည်းရရေား ပိုပေါ့အစိုးရက ကမ္ဘောဒီးယားပြည်သူ ၄ ပုံ ၁ ပုံကျော်ကို ပြန်သတ်တာပဲ။ ကမ္ဘောဒီးယားအဖြစ်ကို သင်ခန်းစာယူပါ။ ဇော်ဝေစိုးလို စိတ္တဇသမားက အနီမှို့လို့အလွတ်ပေးမယ် ထင်လို့လား။
လုပ်စရာက ရိုးရိုးရှင်းရှင်းလေးပါ။ မြန်မြန်တည်ငြိမ်မှ မြန်မြန်ရွေးကောက်ပွဲလုပ် မြန်မြန်ဒီမိုကရေစီပြန်ရမှာ။ န.စ.က အိမ်ဆောင့်အစိုးရကို ကူညီကြပါ ပြည်သူတို့။
ဘဦး (၂၂.၁၀.၂၀၂၁)