လေးထောင့်ကန် စစ်မှုထမ်းဟောင်း အိမ်ရာအား စစ်မှုထမ်းဟောင်း မြို့အဖြစ် တိုးချဲ့တည်ဆောက်နေပါပြီ ။
စစ်မှုထမ်းဟောင်း သား သမီးများ အလုပ်အကိုင်ရစေရန် အသေးစား ၊ အလတ်စား စက်မှု လက်မှု လုပ်ငန်းများလည်း တည်ဆောက်ပေးပါမည် ။ စိုက်ပျိုးမွေးမြူရေး အတွက် ခေတ်မှီနည်းပညာများဖြင့် ထုတ်လုပ်မည် ။
ပညာရေးအတွက် မူကြို မူလွန် ကျောင်းများ တည်ဆောက်ပြီး ၊ နောင်ကာလများတွင် စိုက်ပျိုးရေး မွေးမြူရေး နှင့် နည်ပညာကျောင်းများ ဖွင့်လှစ်ပေးမည် ။
ကျန်းမာရေးအတွက် ကုတင် ၁၀၀ ဆေးရုံပါဝင်ပါမယ် ။
သွားလာရေးအတွက် မြို့ပတ်ရထား စီစဥ်ပေးမည် ။
ကလေး လူကြီး အရွယ်စုံ အတွက် ဝန်ဆောင်မှုလုပ်ငန်းများ ထည့်သွင်းတည်ဆောက်ပြီး မြို့တမြို့ အတွက် လိုအပ်သော အဂ်ါရပ်များ ပြည့်စုံအောင် အသေးစိတ်ဆောင်ရွက် ပေးသွားမည် ။
ဒီသတင်းကို ကြားလိုက်ရတော့ ကျနော်ကတော့ မိမိနဲ့ မသက်ဆိုင်ပေမယ့် သက်ဆိုင်မယ့် စစ်မှုထမ်းဟောင်းတွေ အတွက် အင်မတန် ဝမ်းသာမိပါတယ် ။
ကျနော် မှတ်မိသလောက်ကတော့ PDF တွေ အကြမ်းဖက်သတ်ဖြတ်နေလို့ ဒေသ အသီးသီးက စစ်မှုထမ်းဟောင်းတွေ ထွက်ပြေးတိမ်းရှောင်နေကြရင်း အခြားအရပ်ဒေသတွေမှာ အဆင်မပြေမှုတွေ ကြုံနေရလို့ ကူညီပါအုံး ဆိုပြီး ကျနော့်ဆီ လာပြောဖူးပါတယ် ။
ကျနော်လည်း ၈၈ က စီမံကိန်းရပ်ကွက်မှာ စစ်မှုထမ်းဟောင်း မိသားစု ငါးဆယ်ကျော် အသတ်ခံရတာရယ် ယခု ၂၀၂၁ ကာလ ထွက်ပြေးနေရဆဲ စစ်မှုထမ်းဟောင်းတွေရဲ့ ဘဝရယ်ကို နှိုင်းယှဥ်ပြီး နောက်နောင် ဒီလို အဖြစ်ဆိုးတွေကို စစ်မှုထမ်းဟောင်းတွေ မခံစားစေချင်ပါဘူး ။ စစ်မှုထမ်းဟောင်း မြို့တခု ဖော်ထုတ်ပေးစေချင်ကြောင်း ပို့စ် ရေးခဲ့ဖူးပါတယ် ။
ယနေ့ ကြားလိုက်ရသော စစ်မှုထမ်းဟောင်းများအတွက် မဂ်လာသတင်းကို မုဒိတာ အနန္တနဲ့ ပြန်လည်ဖြန့်ဝေလိုက်ရပါတယ် ဗျာ ။
စစ်မှုထမ်းဟောင်းများ နဲ့ တပ်မတော်ချစ်သူအပေါင်း ဝမ်းမြောက်ရွှင်လန်းကြပါစေဗျာ ။
ကိုရွှေမျိုးဝင်း
ကျေးဇူးတင်ပါတယ်ခင်ဗျာ