Friday, October 29, 2021

တပ်မတော်နှင့် ပေါင်းစားခဲ့သူများ


တပ်မတော်ကို ထောက်ခံရခြင်းမှာ တပ်မတော်သည် နိုင်ငံတော်ကို ကာကွယ်နိုင်သည်၊နိုင်ငံတော်ကို တည်ဆောက်နိုင်သည်၊ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်‌နိုင်သည် ဆိုသောအချက်သုံးချက်ကြောင့် ဖြစ်ကြောင်း၊တပ်မတော်နှင့် ပေါင်းစားပြီး တပ်မတော်ကို ထောက်ခံခြင်းမဟုတ်ကြောင်း၊ကျွန်တော့်တွင် ကားတစ်စီးပင် မရှိကြောင်း ဆိုင်ကယ်ဖြင့် သွားလာနေရသည်ကို ကျိုက္ခမီသားများ သိပါကြောင်း သံဖြူဇရပ်တပ်မတော်ထောက်ခံပွဲတွင် ကျွန်တော်ပြောခဲ့ပါသည်။

ထိုနေ့ကတပ်မတော်ထောက်ခံပွဲသို့ တပ်မတော်နှင့်ပေါင်းပြီး အာဏာရရန် ချမ်းသာရန် ကိုယ်ကျိုးရှာခဲ့သူများ တက်ရောက်သည်ကို မတွေ့ရပါ။တပ်မတော်နှင့်ပေါင်းပြီး ကိုယ်ကျိုးရှာခဲ့သူများတွင် ပြည်ခိုင်ဖြိုးများ NLDများပါဝင်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် တပ်မတော်နှင့်ပေါင်းပြီး အာဏာရအောင်လုပ်ခဲ့သည်၊ထိုအာဏာဖြင့် ကိုယ်ကျိုးရှာခဲ့သည်။အထင်အရှားဆုံးကတော့ နေပြည်တော်တွင် လေးဧကကျယ်သော အိမ်မြေကွက်ကို ‌ဒေါ်အောင်ဆန်းစုကြည်ရယူခဲ့ခြင်းဖြစ်သည်။ဒေါ်အောင်ဆန်းစုကြည်သည်လည်း တပ်မတော်နှင့် ပေါင်းစားခဲ့သည်။

NLDတွင် ကွယ်လွန်သူ ဟံသာဝတီဦးဝင်းတင်ကဲ့သို့ တပ်မတော်နှင့် ပေါင်းစားခြင်းမပြုသည့် ရိုးသားသောနိုင်ငံရေးသမားများလည်း ရှိကြပါသည်။ဦးဝင်းတင်၏ ရိုးသားသော နိုင်ငံရေးကြောင့် ဦးဝင်းတင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဆက်ဆံရေး မ‌ပြေမလည်ဖြစ်ခဲ့သည်။

ရိုးသားသောနိုင်ငံရေးသမားကြီး အဘဦးဝင်းတင်အား ဦးညွှတ်အလေးပြုပါသည်။

ငါးမင်းဆွေ
၂၉-၁၀-၂၀၂၁



Related Posts:

  • #မုတ်ဆိုးမနောက်လိုက်ထမိန်ခြုံတွေဖတ်ဖို့မေမေလာမှဆေးထိုးမယ် ဆေးထိုးမယ်ဆိုတဲ့လူတွေလည်းမရှိတော့ဘူး ထိုးပလိုက်ကြပြီ မေမေကိုချစ်လှပါရဲ့ဆိုပြီး အာဏာရတုန်းက ဘေးကမခွာငဖားဖက်ခွက်စားအနူပညာရှင်တစ်သိုက်လည်းမရှိတော့ဘူး ယုံကြည်ချက်ကို ၅၀၅နဲ့လဲပြီးအိမ်ပြန်နပ်နေကြပြီး C… Read More
  • 😎 #ရုရှားဖက်ကပေးဆပ်ရတာတွေများပြီနာမယ်ကျော် GRU ထောက်လှမ်းရေးဗိုလ်ကြီး Alexey Glushchak, (၃၁) နှစ်ဟာမာရီယူပို တိုက်ပွဲမှာ ကျဆုံးသွားတယ်၊ရုရှားဖက်က အရေးပါသူ (၁၂) ဦးနဲ့စစ်သည် "ထောင်" ပေါင်းများစွာ(၁၂,၀၀၀) + ကျော်ကျဆုံးခဲ့ပြီးတာကိုထုတ်ပြန်ကြေငြာခဲ့ခြင်းမရှိဘူးလ… Read More
  • မန္တလေး နန်းတွင်းတိုင်းမှူးကတော့ကြမ်းပြီမန္တလေးတိုင်းဒေသကြီးအတွင်း နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို နှောင့်ယှက်ဖျက်ဆီးလိုသောသဘောဖြင့် စာသင်ကျောင်းများ၊ဆေးရုံဆေးခန်းများနှင့်အများပြည်သူ သွားလာလှုပ်ရှားနေကြသည့် နေရာများတွင် မိုင်းထောင်ဖောက်ခွဲခြင်း၊ အပြစ်မဲ့ပြည်သူမျ… Read More
  • #ပအိုဝ်းသူ* ၁၃၈၃-ခုနှစ်၊(16-3-2022)    တပေါင်းလပြည့်နေတွင်    ကျရောက်သော    (၇၃)နှစ်မြောက်    ပအိုဝ်းအမျိုးသားနေ့ကို    ကြိုဆိုဂုဏ်ပြုသောအားဖြင့်    ဤဝတ္ထုဇာတ်လမ်းကို  &… Read More
  • စစ်သတင်းအမှန်နဲ့ စစ်ရေး သုံးသပ်ချက်လေးတွေနဲ့ စလိုက်ကြရအောင်လား ခင်ဗျာ             ခုတစ်လော သိပ် HOT ဖြစ်နေတဲ့ ကော့ကရိတ်က တိုက်ပွဲသတင်းနဲ့ စလိုက်ကြရအောင်ပါကော့ကရိတ်နဲ့ ဘီးလင်းကို KNLA နဲ့ KKO ခွဲထွက်ကျော်သက် တို့ပူးပေါင်းပြီး KNLA 1/5 ပူးပေါင်းပြီး… Read More