၂၀၀၁ ခုနှစ်မှာထွက်တဲ့ "သူငယ်ချင်းများစွာ" အခွေနဲ့ စိုင်းစိုင်းခမ်းလှိုင် နိုင်ငံကျော်အဆိုတော်ကြီး ဖြစ်လာခဲ့တယ်။ သူ့ကို Hip Hop လေားကရဲ့ ဘုရင်လို့ ပရိတ်သတ်က သတ်မှတ်ခဲ့တယ်။
၂၀၀၇ ခုနှစ်မှာစတင်ပြီး စိုင်းစိုင်းခမ်းလှိုင်နေရာကို စိန်ခေါ်သူပေါ်လာခဲ့တယ်။ စိန်ခေါ်သူက စိုင်းစိုင်းခမ်းလှိုင်ဟာ Hip Hop အစစ်ဆိုသူမဟုတ်ပါဘူးတဲ့ သူတို့က Hip Hop အစစ်ဆိုတာပါတဲ့။ Real Hip Hop ပရိတ်သတ်တွေသူက ပိုများတဲ့အတွက် သူဟာ Hip Hop လေားကရဲ့ထိပ်ဆုံးဆိုပြီး သီချင်းထဲကြွေးကျော်ခဲ့တယ်။
စိန်ခေါ်သူပြောတာလည်း မမှားခဲ့ပါဘူး။ သူ့ကိုအားပေး ထောက်ခံတဲ့ Rapper ဦးရေပိုများပါတယ်တဲ့။ စိုင်းစိုင်းခမ်းလှိုင်ကို ကျဥ်းမြောင်းတဲ့ ဘောင်ခတ်နေရသူဆိုပြီး စိန်ခေါ်သူကစွပ်စွဲခဲ့တယ်။ ဒါပေမဲ့ စိုင်းစိုင်းခမ်းလှိုင်ဟာ ထိုခေတ် Rapper တွေထဲဝင်ငွေ အကောင်းဆုံးဆိုတာ ဘယ်သူမှငြင်းမရခဲ့ဘူး။ အဲ့ဒီအချိန်ကဆုံးဖြတ်ချက် မှန်ခဲ့တဲ့အတွက် ယနေ့အချိန်အထိ စိုင်းစိုင်းခမ်းလှိုင် အောင်မြင်နေဆဲပဲ။
စိုင်းစိုင်းခမ်းလှိုင် လိုပဲ နိုင်ငံခေါင်းဆောင်တွေ ဆုံးဖြတ်ချက်မှန်ဖို့ လိုပါတယ်။ ယနေ့ မြန်မာပြည်ဟာ မိတ်ဆွေနည်းနည်း နဲ့ ဘောင်ခပ်ပြီးရှေ့ဆက်သွားမလား။ နိုင်ငံတကာအမည်ခံ အဖွဲ့တွေ နိုင်ငံတွေရဲ့ အားပေးမှုတော့ရပါရဲ့ ဒုက္ခဖြစ်ခံမလား စဥ်းစားပါ။
ဒီမိုကရေစီခေတ်ဆိုတဲ့ ၁၀နှစ် အတွင်း ဘာဖြစ်ခဲ့လည်း ပြန်ကြည့်။ ပြည်သူကိုအဆိပ်ခတ်တဲ့ မီဒီယာတွေ နဲ့ NGO တွေပြည်တွင်းထဲဝင်လာတယ်၊ ICJ မှာ တစ်နိုင်ငံလုံး တရားခံဖြစ်သွားတယ်၊ ပြည်တွင်းစစ်အရှိန်ပြန်မြင့်လာခဲ့တယ်၊ ခွဲထွက်ခွင့်စကားသံ ပြန်ကြားလာရတယ်။
တကယ်တော့ အနောက်နိုင်ငံတွေက ပြည်သူကိုဘာမှ အကူးအညီမှမပေးဖူးပါဘူး သူတို့မွေးထားတဲ့ ပါတီတွေ နဲ့ သူတို့လူတွေကိုပဲ ဒေါ်လာတွေပေးတာ ဆုတံဆိပ်ချီးမြှင့်တာပဲ ရှိတယ်။ နိုင်ငံတကာ အမည်ခံတွေပြောတဲ့ ဒီမိုကရေစီ တုတာတွေစစ်တာတွေ၊ လူ့အခွင့်အရေးဆိုတာတွေ စေတနာမပါတဲ့ စကားတွေကို န.စ.က အစိုးရအနေနဲ့ နားရောင်မနေပါနဲ့။
ကမ္ဘာလူဦးရေအများဆုံး နိုင်ငံကြီးနှစ်ခုကြားက မြန်မာနိုင်ငံ လုပ်စားတတ်ရင် စီးပွားရေးအတွက် မပူရဘူး။ အိန္ဒိယ၊ မြန်မာ နဲ့ တရုတ် ဆိုတဲ့အင်အားစုကြီး ၃ခု ညီညွတ်ပေါင်းစည်းသွားမှာကို မနာလိုသူတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်ချိန်တန်ပြီ။
ဘဦး (၂၄.၁၀.၂၀၂၁)