Sunday, October 31, 2021

🤓 မရဲပဲ ကျွဲပြဲစီးတဲ့အမေရိကန်


ထိုင်ဝမ်နဲ့ တရုတ်စစ်ဖြစ်ရင်
ထိုင်ဝမ်ဖက်က ကူပါမယ်ဆိုတဲ့
အမေရိကန်ဟာ...
တရုတ်ရဲ့ ဟိုက်ပါဆောနစ်နဲ့ ဂြိုလ်တုဖျက်
လက်နက်ထုတ်ပြလိုက်တော့
ထိုင်ဝမ်အရေးမှာ UN ဝင်ပေးဖို့
တောင်းဆိုတာဖြစ်လာတယ်၊

အမေရိကန်ရဲ့ UN ဝင်ဖို့တောင်းဆိုမှုကြောင့်
အမေရိကန်-တရုတ်တင်းမာမှုမြင့်တက်တယ်လို့
သတင်းကရေးထားပေမဲ့...
စာရေးသူအမြင်ကတော့ အမေရိကန်
လေသံပြောင်းသွားပြီး၊ ထိုင်ဝမ်ကြားညပ်
သွားတယ်လို့ပဲမြင်ပါတယ်၊

ထိုင်ဝမ်မြေပေါ်မှာ
အမေရိကန်စစ်သည်တွေရှိပါတယ်လို့
ထိုင်ဝမ်သမ္မတထုတ်ပြောလိုက်တာလဲ
နိုင်ငံရေးစစ်ကျွံမှုတခုဖြစ်ပါတယ်၊
တရုတ်လက်နက်ဆန်းတွေမြင်ရတော့
ထိုင်ဝမ်ကိုလက်နက်ရောင်းတဲ့ သူတွေပါရယ်လို့
ဖြစ်သွားရပြန်တယ်၊

ဒါတွေက မသိစရာအကြာင်းမရှိပါဘူး
ရမလားလို့ ထိုင်ဝမ်ကိုအသုံးချပြီး
အမေရိကန် ကစားကြည့်တာပါ
မရလောက်ဖူးထင်တော့ UN ကို
လမ်းလွှဲအသုံးချလိုက်တဲ့ သဘောပါ၊

မြန်မာလဲ
နောက် (၃) နှစ်လောက်တောင့်ခံလိုက်ရင်
အမေရိကန်တွေနောက်ဆုတ်သွားပါလိမ့်မယ်။

အော်...
ကြောင်အိုတော့လဲ... ကြွက်မလေးကြတော့ပါလား

#BaMaung.


Related Posts: