နှလုံးသားထဲက "စူး"ခနဲ နာကျင်ပေမယ့်
ရင်ဘတ်ထဲမှာပဲ ငိုပါမယ်...
လူကြမ်းတွေမျက်ရည်ကျလည်း
အကယ်ဒမီမရပါဘူးလေ...။
လူခြင်းမတူလို့အသက်ရှုချင်း
ကွဲပြားတာ သိပေမယ့်
ခွဲခြားကာ ဆက်ဆံတဲ့ အကြည့်တွေရဲ့အောက်မှာ
ဘာမှမဖြစ်သလို ဟန်ဆောင်...
ရုပ်ရှင်ထဲမှာဆို ကျွန်တော်တို့က "အရန်ကောင်"အဆင့်ပဲနေမှာပါလေ...
အဆံချောင်တဲ့လူတစ်စုကလည်း
နှံကောင်သာသာဦးနှောက်နဲ့
ကတုံးဆံတောက်နဲ့ ဘိုကေကို
သွေးခွဲဖို့ ဆင်ကြံကြံပြီး
ဝံပုလွေခြောင်း ခြောင်းနေကြလေရဲ့!
အပြောင်းအလဲဆိုတာ
မြောင်းထဲက တက်လာတဲ့လူတစ်ယောက်ကို
ရေမချိုးပေးပဲနဲ့
အလှူအိမ် မခေါ်သွားသလိုပါပဲ
သင့်တင့်လျောက်ပတ်အောင်တော့ ပြင်ဆင်ပေးရတာပဲလေ!
"မောင်းနှင်နေတာမဟုတ်ဘူးဗျ"
ဘေးကနေ 'ထိန်းကျောင်းပေးနေတာ"လေးတော့
သိစေချင်တယ်ဗျာ!
မထိန်းကျောင်းရင် ခုဆို တစ်ဖွဲ့ နဲ့ တစ်ဖွဲ့
ဗိန်းဗောင်းတွေတီးနေကြရော့ပေါ့!
ဒီမှာ!
တစ်ခုလေးတော့သိထားဗျာ...
"ပွဲလန့်တုန်းဖျာခင်းတာလည်းမဟုတ်ဘူး"
"ထိုင်ခုံလုနေတာလည်း မဟုတ်ဘုး
ပတ်မကြီးကို ထိုးဖောက်နေတာလည်းမဟုတ်ဘူး"
"တာဝန်သိလို့ တာဝန်ရှိစွာ"
သိက္ခာရှိစွာနဲ့ မိမိတို့လုပ်စရာရှိတာ လုပ်နေတာ..
ခုမှ ပေါ်ပင်ထလုပ်တာလည်းမဟုတ်ဘူး..
တပ်မတော် စတင်မွေးဖွားလာကတည်းက လုပ်နေတာ..
နောက်လည်း လုပ်နေရဦးမှာပဲ!
"မျက်ရည်ထိုးခံရအောင် ကျုပ်တို့က
နောင်ပိုင်းမင်းသားတွေ မဟုတ်သလို
ကျော်ကြားချင်လို့လုပ်ရအောင်
ကျုပ်တို့က သရုပ်ဆောင်တွေမဟုတ်ဘူး..
ပေါတောတောတွေလုပ်ရအောင်လည်း
လူရွှင်တော်တွေမဟုတ်ဘူးလေ
ယောက်ျားတန်မဲ့နဲ့ အခြောက်စကားလည်း မပြောတတ်ဘူး...
ယောက်ျားထဲမှာမှ စစ်သား...
ပြောရင်ပြတ်တယ် လုပ်ရင်ရှင်းတယ်..!
မနှစ်မြို့လို့ အပြစ်ဖို့မယ်ဆိုလည်းဖို့ပါ..
တစ်ဖက် ယိုင်မို့ မချစ်နိုင်ရင်လည်းနေပါ...။
"တပ်နဲ့ပြည်သူ အထင်လွဲအောင်တော့''
ဖင်ပြဲအောင် ကုန်းကာ ကုန်းတိုက်သွေးမထိုးကြပါနဲ့လို့........
Credit