Sunday, October 31, 2021

ဒေါက်တာမနာမ်တူးဂျာနှင့် ကျွန်တော်


၂၀၁၁ခုနှစ် သမ္မတဦးသိန်းစိန်အစိုးရတက်လာသောအခါ ကချင်ပြည်နယ်တွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာသည်။လူစီးရထားများမိုင်းခွဲခံရသည်။ချစ်ခြင်းမေတ္တာကို အကြမ်းဖက်သူသည် ဘုရားသခင်ကို အကြမ်းဖက်သူဖြစ်၏ ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ်ရေးလိုက်သည်။ထိုဆောင်းပါးကို လက်ကမ်းစာများရိုက်နှိပ်ပြီး အဖေပေးထားသော လနံပါတ် နောက်ယက်ကိုရိုလာဗင်ကားလေးဖြင့် ကချင်ပြည်နယ် ဗန်းမော်သို့ တစ်ယောက်တည်း ထွက်ခဲ့သည်။

ဗန်းမော်မှ တရုတ်နယ်စပ် လွယ်ဂျယ်သို့ရောက်ပြီး လွယ်ဂျယ်တွင် စာများဖြန့်ဝေသည်။လွယ်ဂျယ်မှပြန်ဆင်းလာပြီး ဒေါ့ဖုန်းယမ်သို့ ရောက်သည်။ဒေါ့ဖုန်းယမ်တွင် စာများဖြန့်ဝေပြီး လိုင်ဇာသို့ဆက်ထွက်ရာ တပ်ကကျွန်တော့်ကားကို ပြန်လှည့်ခိုင်းသည်။ဗန်းမော်သို့ပြန်လှည့်လာစဉ် ချုံခိုတိုက်ခိုက်ခံရသော တပ်မတော်စစ်ကြောင်းနှင့် ဆုံတွေ့ရသည်။

ဗန်းမော်ရောက်သောအခါ ကချင်မြေပြင်တွင် တွေ့ကြုံခဲ့ရသော အတွေ့အကြုံများအရ KIO,KIAခေါင်းဆောင်များသည် ဘုရားသခင်ကို အကြမ်းဖက်သူများ ဖြစ်နေပြီဟု လက်ကမ်းစာကို ထပ်မံရေးသားရိုက်နှိပ်ပြီး ဗန်းမော်မြို့တွင် ဖြန့်ဝေခဲ့သည်။

ဗန်းမော်မှကသာသို့ ပြန်ဆင်းပြီး ကသာမှ မြစ်ကြီးနားသို့ တက်ခဲ့သည်။လမ်းတစ်လျှောက်မြို့ရွာများတွင် လက်ကမ်းစာများ ဖြန့်ဝေခဲ့သည်။

မြစ်ကြီးနားတွင် စာဖြန့်ဝေစဉ် ဒေါက်တာမနာမ်တူးဂျာ၏ ပါတီရုံးသို့ ရောက်ခဲ့သည်။ဒေါက်တာမနာမ်တူးဂျာသည် KIO,KIA ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သည်။ရုံးတွင် ဒေါက်တာမနာမ်တူးဂျာ မရှိပါ။ချစ်ခြင်းမေတ္တာကို အကြမ်းဖက်သူသည် ဘုရားသခင်ကို အကြမ်းဖက်သူဖြစ်၏ ဆိုသည့်လက်ကမ်းစာနှင့် KIO,KIAများသည် ဘုရားသခင်ကို အကြမ်းဖက်သူများဖြစ်နေကြပြီ ဆိုသည့် လက်ကမ်းစာတို့ကို ရုံးဝန်ထမ်းကို ပေးထားလိုက်သည်။

နောက်ခြောက်လခန့်ကြာသောအခါ ငြိမ်းချမ်းရေးစာများဖြန့်ဝေရင်း ဒေါက်တာမနာမ်တူးဂျာရုံးသို့ ကျွန်တော်ရောက်ခဲ့ပြန်သည်။ဒီတစ်ခါတော့ ရုံးခန်းတွင် ရှိနေကြောင်း ရုံးဝန်ထမ်းက ပြောသည်။ဧည့်ခန်းတွင် ထိုင်စောင့်နေစဉ် ကျွန်တော်စိတ်လှုပ်ရှားမိသည်။ယခင်ပေးခဲ့သော လက်ကမ်းစာများတွင် KIO,KIAများကို ခပ်ပြင်းပြင်းဝေဖန်ထားသဖြင့် KIOဒုတိယဥက္ကဌဟောင်း ဒေါက်တာမနာမ်တူးဂျာသည် ကျွန်တော့်ကို အပြစ်တင်ပြောဆိုလိမ့်မည်ဟု ထင်နေမိသည်။

ဒေါက်တာမနာမ်တူးဂျာသည် ကျွန်တော့်ကို ဖော်ရွေ‌ေနွးထွေးစွာ ကြိုဆိုလိုက်သည်။ငါးမင်းဆွေက တော်တော်ကလောင်ထက်တယ်ဟု မှတ်ချက်ပေး ပြောဆိုလိုက်သည်။ထိုနောက် ငြိမ်းချမ်းရေးအကြောင်းဆွေးနွေးစဉ် တော်လောက်ပြီပေါ့ဗျာ ကျွန်တော်တို့ကချင်တွေရဲ့ လက်နက်ကိုင်တော်လှန်ရေးကို တော်လောက်ပြီဟု ပြောချလိုက်ရာ ကျွန်တော်အလွန်အံ့ဩဝမ်းသာဖြစ်ခဲ့ရသည်။

ငါးမင်းဆွေ
၃၀-၁၀-၂၀၂၁


Related Posts:

  • ရည်မှန်းချက် ရည်ရွယ်ချက် နဲ့ ရလာဒ်          နိုင်ငံတော်ရဲ့ ခေါင်းဆောင်တွေဟာ မိမိမူဝါဒအတွက် ရည်မှန်းချက် နဲ့ ရည်ရွယ်ချက်တွေကို ရှင်းလင်းပြောကြားလေ့ရှိပါတယ် ။ ဝင်ရောက်စွက်ဖက်ခွင့် မရှိတဲ့ ပြည်သူတွေကတော့ ရလာဒ်ကိုပဲ ကြည့်ပြီး ဝေဖန်သုံးသပ်… Read More
  • သတင်းအတိအကျပေးလို့သွားဖမ်းတယ်။ကွက်တိဘဲ။အိမ်ကို ခိုးပြန်လာတဲ့ခနပ ၃ကာင်နဲ့ ၂ လက်ရတယ်။ခနပ လေးတွေခမျာ…ဘယ်သူမှမသိအောင်ပြန်လာတာကိုရောက်ရောက်ခြင်းဘဲဖမ်းခံထိလို့ အံ့သြသွားတယ်။ဒီကောင်တွေသဘောပေါက်သွားတယ်။''ကျနော်တို့ကတော်လှန်ရေးဆက်ပီးမလုပ်ချင်တော့လို့ပြန်လာတာကိုဒီက… Read More
  • အကုသိုလ်တို့ စံပျော်ရာ         အလုပ်များနေလို့ရယ် ၊ နိုင်ငံရေးကလည်း ရေးချင်စိတ်ပါးနေတာရယ်ကြောင့် မရေးဖြစ်ပဲ ညမိုးချုပ်မှ လိုင်းဖွင့်ကြည့်လိုက်တော့ အောက်က လင့် ကိုတွေ့ပြီး အံ့သြထိတ်လန့် သွားကပါတယ် ။     ကျနော… Read More
  • တိုင်းရေး ပြည်ရေး       ကိုစိုးရောက်လာတော့ လက်ဖက်ရည်ဆိုင်သွားပြီး လေကန်ဝေဖန်ကြရပြန်ပါတယ် ။ "ငမျိုးရေ မင်း နိုင်ငံရေးသတင်း မရေးတာ ကြာပြီလား လို့ ''"ရေးစရာမှ ထူးထူးခြားခြား မရှိပဲလေ ''"NLD ပါတီကို ၃ နှစ်ပဲ ဆိုင်းငံ့လို့… Read More
  • CDM ပညာရေးဝန်ထမ်း ငတုံးများ သိဖို့       ကဲ စစ်အစိုးရ နဲ့ ဦးသိန်းစိန် တို့ ဖျက်ဆီးသွားတယ် ဆိုတဲ့ ပညာရေး ပြန်ကြည့်ရအောင်ဗျာ ။ - ၁၉၈၉ မှာ စာမေးပွဲ မဖြေရ-၁၉၉၀ ကစ ပြီး အခြေခံကျောင်းတွေ ဖွင့်-တက္ကသိုလ်တွေကတော့ ဖွင့်လိုက် ပိတ်လိုက် နဲ့ တက္က… Read More