Wednesday, October 27, 2021

မြန်မာ့တပ်မတော်ရဲ့ မျိုးဆက်သစ်ချေမှုန်းရေးရိုင်ဖယ်တွေကို

၂၀၁၉ ခုနှစ်က ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ စစ်လက်နက်ပစ္စည်းပြပွဲ မှာ မြန်မာ့တပ်မတော်က ထုတ်ဖော်ပြသခဲ့ပါတယ်
မြန်မာ့တပ်မတော်မှာ အရင်အသုံးပြုနေတဲ့ MA series ချေမှုန်းရေးရိုင်ဖယ်တွေကို ၅.၅၆ မမ ကျည်အသုံးပြုတဲ့ ဒီ MA Mk2 series တွေနဲ့ ဖြည်းဖြည်းချင်း အစားထိုးသွားဖို့ ရည်ရွယ်ထားပါတယ်။
MA MK2 series တွေဟာ ရုရှရဲ့ AK-12 ရိုင်ဖယ်နဲ့ဆင်တူပါတယ်။
MA MK2 series ရိုင်ဖယ် မျိုးကွဲတွေမှာ MA-1 Mk2 ချေမှုန်းရေးရိုင်ဖယ်၊ ပြောင်းရှည်ပြီး ၂ ချောင်းထောက်ပါတဲ့ MA-2 Mk2 စက်ကလေး၊ ပြောင်းတိုတဲ့ MA-3 Mk2 ကာဘိုင်၊ ဗုံးပစ်လောင်ချာတွဲလျက်ပါတဲ့ MA-4 Mk2 ရိုင်ဖယ် တို့ပါဝင်ပါတယ်။
MA MK2 series သေနတ်တွေရဲ့ အပေါ်ပိုင်းမှာ စနိုက်ပါမှန်ပြောင်းတွေ၊ ညကြည့်မှန်ပြောင်းတွေ တပ်လို့ရတဲ့ rail တွေပါရှိ ပါတယ်။
ဒါ့အပြင် လေဆာတို့၊ ဓါတ်မီးတို့ တပ်ဆင်လို့ ရတဲ့ rail တွေလည်း ပါရှိပါတယ်။ 
MA MK2 series သေနတ်တွေရဲ့ ပြောင်းဖျားက muzzle brake ကလည်း ပုံစံသစ်ဖြစ်ပြီး ဒီပုံစံဟာ သေနတ် ပစ်ခတ်ချိန်မှာ နောက်ကန်အားကို ပိုမိုလျှော့ချပေးနိုင်ကာ မီးလျှပ်ထွက်ရှိမှုကိုလည်း လျော့ကျသွားစေပါတယ်။(Myanmar Defence Review)
#MHTNews


Related Posts:

  • အခြေအမြစ် အကျိုးအကြောင်း        မနက်လင်းတာ နဲ့ ရောက်လာတဲ့ ကိုစိုးတယောက် စပ်ဖြီးဖြီးနဲ့ လောင်းကြေးနိုင်တဲ့သူကို လာကျွေးတာပါ ဗျာ ။ လက်ဖက်ရည်ဆိုင်ထိုင် စားသောက်ပြီးတာ နဲ့..."မင်း ကြိုရေးတဲ့ သတင်းကတော့ မှန်သွားပြီ ငါမေးစရာရှိတာတွေ မေ… Read More
  • နောက်ဆုံးရ စစ်သတင်းများKNU & PDF -------------          KNU ဖာပွန်ခရိုင်ရှိ GZ သင်တန်းကျောင်း ကုန်သလောက်ဖြစ်သွားပြီ ။ ဖာပွန်ဂွင်ထဲက တပ်မဟာ ၅ ဌာနချုပ် နဲ့ အရေးကြီးသော ရွှေတွင်းနေရာအားလုံး BGF နဲ့  တပတ လက်အောက်ခ… Read More
  • ကုလသမဂ္ဂလှိုင်းလုံး       ကုလသမဂ္ဂရဲ့ အစည်းအဝေးမှာ အရေးပါတာရော မပါတာရော ဖွနေတာကို တွေ့ရပါတယ် ။ ဘာတွေလဲ ဆိုတော့ ၁ ။ NUG က ပြည်တွင်းသစ္စာဖောက် သံအမတ်ဟောင်း တက်ရောက်ခွင့်ပြုတဲ့ ကိစ္စ(ဒါကို နိုင်ငံခြားရေး ဝန်ကြီးဌာန က ထိထိရ… Read More
  • စီးပွားပျက်ကပ် ဟူသည်         ကမ္ဘာ့သမိုင်းမှာ စီးပွားပျက်ကပ် ဖြစ်ခဲ့တဲ့ သမိုင်းတွေကို လေ့လာကြည့်ရင် ငွေတန်ဖိုးတွေကျပြီး ကုန်စျေးနှုံးတွေ တက်လာလို့ ပျက်တာ မဟုတ်ဖူး ဗျ ။ ငွေတန်ကြေးတွေ အဆမတန် တက်လာပြီး ကုန်စျေးနှုံးတွေ ကျဆင… Read More
  • တူရကီ နဲ့ အပျံမ ဂယက်         တူရကီ နဲ့ မြန်မာ ဆက်ဆံရေးက ၁၉၅၈ ခုနှစ်က စတင်ခဲ့ပါတယ် ။ အပြန်အလှန် ဆက်ဆံမှုကတော့ လွမ်းလောက်စရာ မရှိတဲ့ ဆက်ဆံရေး အဆင့်ပါပဲ ။ ၂၀၁၄ ခုနှစ် ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၃၈ သန်းသာ ရှိပြီး မြန်မာဖက်က တင်… Read More