Monday, October 25, 2021

#တပ်မတော်ထောက်ခံပွဲဘာလို့လုပ်သလဲ...


✍✍✍

" အဓိကအချက်က အီရတ်စစ်တပ်
အပေါ် အီရတ်ပြည်သူအများစုက 
ထောက်ခံမှု မရှိဘူးလို့ ကျွန်မတို့
ဘက်က ထောက်လှမ်းရတဲ့ အချိန်
ကျမှသာ ကျွန်မတို့ ဝင်တိုက်ဖို့ 
ဆုံးဖြတ်ခဲ့တာပါ။ "

ကွန်ဒိုလီဇာရိုက်
Secretary of State (US)

ဒီအီရတ်သင်္ခန်းစာကို ကြည့်ခြင်းဖြင့်လည်းကောင်း၊ အောက်ပါ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ 13.12.2018 တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၂၀) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားမိန့်ခွန်းကို ဖတ်ရှုခြင်းဖြင့်လည်းကောင်း တပ်မတော်ထောက်ခံပွဲ ဘာလို့ လုပ်သလဲ ဆိုတာ သဘောပေါက်စေချင်တယ်။

✍✍✍

ရန်ကုန် ၊ ဒီဇင်ဘာ ၁၃ ။ ။ ပြည်တွင်းပြည်ပ ဆန့်ကျင်ဘက် အင်အားစုများနှင့် အချို့အဖွဲ့အစည်းများက တပ်မတော်၏ အခန်းကဏ္ဍများ လျော့ကျစေရန် နည်းမျိုးစုံဖြင့် နှောင့်ယှက်ဟန့်တားမှုများ ပြုလုပ်နေပြီး တပ်မတော်ပြိုကွဲရေးအထိ ဦးတည် ဆောင်ရွက် လာနေသည်ကို အထူးသတိပြုရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။

ဒီဇင်ဘာလ ၁၂ ရက်နေ့က တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၂၀) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောဆိုခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း မည့်သည့်အဖွဲ့အစည်းများက လုပ်ဆောင်နေသည်ဟုဆိုသည့် အတိအကျပြောဆိုမှုမျိုးကိုမူ ကာကွယ်ရေးဦးစီးချုပ်က ပြောဆိုခဲ့ခြင်းမရှိပေ။

တပ်မတော်အနေဖြင့် နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေး၊ နိုင်ငံတကာ ဆက်ဆံရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး၊ ပြည်တွင်း သောင်းကျန်းမှု နှိမ်နင်းရေး၊ လုံခြုံရေးနှင့်တရားဥပဒေ စိုးမိုးရေး၊ ခေတ်မီ တပ်မတော်တည်ဆောက်ရေး စသည့် အခန်းကဏ္ဍများတွင် ပါဝင်ဆောင်ရွက်နေပြီး ယင်းကဏ္ဍများကို လျော့ကျအောင် အဖွဲ့အချို့က ပြုလုပ်နေခြင်းဖြစ်သည်ဟု တပ်ချုပ်က ပြောဆိုခဲ့ခြင်းလည်းဖြစ်သည်။

လက်ရှိအချိန်တွင် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှု အပြည့်အဝ မရရှိသေးသည့် အခြေအနေများ ကြောင့် ပြည်သူများ လိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်း ပျောက်ပျက်မသွားအောင် တပ်မတော်က အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် ပါဝင်နေခြင်းဖြစ်သည်ဟုလည်း ၄င်းကဆိုသည်။

 နိုင်ငံတကာဖြစ်စဉ်များအရ တပ်မတော်ပြိုကွဲသည်နှင့် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးများပါ ယိမ်းယိုင်သွားပြီး ပြည်သူများ၏ အသက်များ နိုင်ငံတော် အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ရေး တို့တွင်လုံခြုံမှု မရှိတော့ သည်ကို တွေ့ကြရသည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။

ယင်းအတွက်ကြောင့် တပ်မတော်အား စွမ်းရည်ထက်မြက်သည့် ခေတ်မီတပ်မတော်အဖြစ် ရည်မှန်းချက်ထားပြီး နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်အောင် လူ့စွမ်းအားအရင်းအမြစ်ကို အခြေခံသည့် Standard Army တစ်ခုအဖြစ် ဖွဲ့စည်းတည်ဆောက်နေသည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုခဲ့သည်။

Crd. 
https://www.facebook.com/216265185075061/posts/2283052061729686/

🇲🇲
ထိန်လင်း
1.8.2019
(Old Post)

Photo: fb (2017)