Sunday, October 31, 2021

▪️မြန်မာ့နိုင်ငံရေးဟာ ကမ္ဘာ့နိုင်ငံရေးနဲ့ အမြဲတမ်းဆက်စပ်ပတ်သက်နေတတ်ပါတယ်။


▪️အဓိကကတော့ အမေရိကန်၊ တရုတ်နဲ့ ရုရှားပေါ့။
     ဒီသုံးနိုင်ငံ လှုပ်လှုပ်ရှားရှားဖြစ်တာနဲ့
     ကျွဲကူးရေပါဆိုသလို မြန်မာနိုင်ငံဟာလည်း
     လှုပ်ခတ်လာခဲ့ရပါတော့တယ်။

▪️ဒီသဘောတရားနဲ့အတူတူပါပဲ။
     မြန်မာနိုင်ငံဟာ လှုပ်ခတ်ပြီဆိုတာနဲ့
     အဲ့ဒီသုံးနိုင်ငံလုံး မနေနိုင်မထိုင်နိုင်ဘဲ
     လှုပ်ခတ်လာကြပါတော့တယ်။

▪️ဒါဟာ ပထဝီနိုင်ငံရေးပဲဖြစ်မယ်ထင်တယ်နော်။
     
▪️မြန်မာပြည်ဟာ သာမန်ထက်ကို
     အမျိုးသားအကျိုးစီးပွားနဲ့ စည်းလုံးညီညွတ်မှုတွေမှာ
     ကောင်းမွန်အောင် အထူးကြိုးစားသင့်ပါတယ်။
     အမျိုးသားရေးစိတ်ဓါတ်တွေလည်း 
     ခိုင်မာရင့်သန်နေဖို့ အထူးလိုအပ်တဲ့
     တိုင်းပြည်တစ်ခုပေါ့။

▪️ဖြစ်ချင်တော့ အမိမြန်မာပြည်က
     ပညာတတ်များဟာ ကိုယ့်ရဲ့တိုင်းပြည်
     ရေမြေအနေအထားကို မဆန်းစစ်ဘဲ
     ဒီမိုကြောင် လစ်ဘရယ်ကြောင်နေတာဆိုးပါတယ်။

▪️အဲ့ဒီတော့ ပညာတတ်တွေကိုသာ
     ယုံကြည်ကိုးစားနေရတဲ့
     ပညာမဲ့လူတန်းစားဟာဆိုရင်လည်း
     ဘုမသိဘမသိနဲ့ ဒီမိုကြောင် လစ်ဘရယ်ကြောင်တွေ
     ထဖြစ်ကုန်ကြပါတော့တယ်။

▪️အဲ့ဒီမှာ တိုင်းပြည်နှစ်ခြမ်းကွဲတာပါပဲ။
     တိုင်းပြည်မှာ ဖြစ်ပေါ်လာရတဲ့ပြဿနာတိုင်းဟာ
     အမျိုးသားရေးနဲ့ ဒီမိုကရေစီ၊ လစ်ဘရယ်အရေး
     လွန်ဆွဲပွဲတွေချည်းပဲ ဖြစ်နေတာဟာ
     ထင်သာမြင်သာရှိလှပါတယ်။

▪️အမေရိကန်အတွက် တရုတ်ကိုချဖို့
     မြန်မာ့‌မြေဟာလိုသလို
     တရုတ်အတွက်ကလည်း 
     အမေရိကန်သူ့အနားရောက်မလာဖို့
     မြန်မာ့‌မြေကိုလိုပါတယ်။

▪️ဘင်တွေအတွက်ကလည်း ပြည့်ကျပ်နေတဲ့
     သူတို့လူဦးရေအတွက် မြန်မာ့မြေကိုမက်သလို။
     ထိုင်းနိုင်ငံအတွက်ကလည်း သူတို့ဆီက
     ကုန်စည်ရောင်းရန်အတွက် 
     မြန်မာ့မြေဟာ မက်စရာဈေးကွက်ပါ။

▪️အိန္ဒိယအတွက်ကလည်းတရုတ်နဲ့ စူပါပါဝါတွေ
     တန်းညှိရန်အတွက် မြန်မာ့မြေဟာ အခရာဖြစ်နေသလို
     ရုရှားအတွက်ကလည်း မြန်မာ့မြေဟာ
     သူ့ဖောက်သည်ရဲ့ မြေပါပဲ။

▪️မြန်မာပြည်ဟာ ပဲလှော်ကြားကဆားလိုပါပဲ
     တကယ့်ပါဝင်မှုနည်းနည်းလေးဆိုပေမယ့်
     သူမပါရင်လည်း ပဲလှော်တွေက ပေါ့ရွှတ်နေတော့မယ့်
     သဘောတရားမှာရှိပါတယ်။

▪️ဒီလိုအခြေအနေတွေကြောင့်
     ခေတ်အဆက်ဆက် တပ်မတော်နဲ့ပြည်သူကြားကို
     သွေးထိုးလှုံ့ဆော်မှုတွေ မြန်မာ့တပ်မတော်ကို
     အင်အားချိနဲ့အောင် ဖန်တီးလုပ်ဆောင်မှုတွေဟာ
     တက်သမျှကာချုပ်တိုင်း ဖြတ်သန်းခဲ့ရတဲ့
     အခက်အခဲတွေဖြစ်ပါတယ်။
     ပြောရမယ်ဆိုရင်တော့
     ရိုးနေပြီဖြစ်တဲ့ ပြဿနာတွေပေါ့။

▪️မြန်မာနိုင်ငံဟာ ဘယ်တိုင်းပြည်ကိုမှ
     အခုခေတ်နောက်ပိုင်းမှာ စစ်ပြုကျူးကျော်ဖို့
     အစီစဉ်မရှိပါဘူး။ ဒါပေမယ့်
     မြန်မာ့မြေဟာ အင်အားကြီးတိုင်းပြည်တွေအတွက်
     စစ်မြေပြင်ပြုလုပ်ရန် 
     အကောင်းဆုံးအနေထားမှာရှိပါတယ်။
     သတိတစ်ချက်လွတ်တာနဲ့ 
     တိုင်းပြည်ပေါင်းစုံက စစ်ကိုဝင်ပြီးကစားရာ
     နေရာကြီးဖြစ်သွားနိုင်ပါတယ်။

▪️ဒီတော့ လူငယ်တွေအနေနဲ့
     အမျိုးသားစည်းလုံးညီညွတ်ရေးကိုသာဦးတည်တဲ့
     စာပေ၊ အနုပညာနဲ့ အမျိုးသားရေးစိတ်ဓာတ်ရှင်သန်ဖို့
     ကောင်းမွန်သောဝါဒဖြန့်ခြင်းတွေကို 
     ကြိုးစားလုပ်‌ဆောင်သင့်ပါတယ်။

▪️တိုင်းပြည်တစ်ခုရဲ့မြေကို စစ်ပြုပြီးမှသာ
     ဒီမိုကရေစီအစစ်ကို ရရှိနိုင်မယ်ဆိုတဲ့
     သောက်ရူးဝါဒမှိုင်းတွေကို ကျော်နိုင်အောင်
     ကြိုးစားသင့်ပါတယ်။

▪️ကမ္ဘာကြီးကိုလေ့လာကြည့်လိုက်ပါ။
     အာဏာရှင်ကနေ ဒီမိုကရေစီတိုင်းပြည်အဖြစ်သို့
     ပြောင်းလဲလိုက်သော တိုင်းပြည်အားလုံးနီးပါးဟာ
     စစ်ဒဏ်သင့်ကာ ပြာကျကုန်တာများပါတယ်။

▪️ဒါဟာ ဒီမိုကရေစီကြောင့်မဟုတ်ပါဘူး။
     တိုင်းပြည်ကြီးတွေက သူတို့ရဲ့အကျိုးစီးပွားကြောင့်
     သူများတိုင်းပြည်ကိုဖျက်ဆီးချင်လို့ 
     ဒီမိုကရေစီလက်နက်နဲ့ 
     ဖျက်သွားခဲ့ကြတာပဲဖြစ်ပါတယ်။

▪️အဲ့ဒီလိုအခက်အခဲမျိုးကို ကျော်ဖြတ်ပြီး
     ဒီမိုကရေစီကို ငါးနှစ်တိတိ
     အေးချမ်းစွာပေးသွားခဲ့တဲ့ ဦးသန်းရွှေရဲ့
     ဉာဏ်ရည်ဉာဏ်သွေး စီမံခန့်ခွဲမှုပညာကိုတော့
     မလေးစားဘဲ မနေနိုင်ခဲ့ပါဘူး။

▪️မြန်မာ့ခေါင်းဆောင်တွေဟာ မညံ့ဖျင်းကြပါဘူးနော်။
    ကိုယ်တို့တိုင်းသူပြည်သားတွေကလည်း
    မညံ့ဖျင်းအောင်ဒီထက်ပိုတော်အောင်
    သတိကပ်ပြီးလေ့လာသင့်ပါပြီ။

▪️ကိုယ်တို့အားလုံး သတိတချက်လွတ်တာနဲ့
     ကိုယ်တို့ရဲ့မျိုးဆက်ဟာ စစ်မြေပြင်ဆိုတဲ့
     ဝဲဂယက်ထဲကို ကျဆင်းသွားရမှာဖြစ်ပါတယ်။

▪️ဒါကိုသိရှိနားလည်ပေးကြပါ။

#SniperSu