Wednesday, October 27, 2021

😎 ပြဌာန်းထားသည် FINAL Destination


ဒီကားလေးပြန်ကြည့်မိတော့
သံဝေဂလဲရ၊ အဝေးအတိတ်၊ အနီးအတိတ်တွေကိုလဲ
ပြန်စဉ်းစားမိလာတယ်၊

အတိတ်ကံအရ လူတွေအားလုံးဟာ
သူဌေးဗိုက်ထဲ၊ သူဆင်းရဲဗိုက်ထဲ စသဖြင့်
ကွဲပြားစွာ ဘဝတွေစတင်တည်ဖြစ်လာခဲ့ကြတယ်၊
ဒီဘဝ လူတွေရဲ့ ထပ်ပေါင်းလိုက်တဲ့ ကံ၊ဉာဏ်၊ ဝိရိယ
အပေါ်လိုက်ပြီး နိမ်တုံမြင့်တုံ ပြောင်းလဲကြပြန်ရော၊

မွေးချင်တဲ့အချိန်၊ မွေးချင်တဲ့နေရာမှာ
ဖြစ်သလိုမွေးဖွားလာကြတာမဟုတ်ဘူး၊
အတိတ်ကံရဲ့ အစီအစဉ်နဲ့ စနစ်တကျပဲ အချိန်နေရာ
သတ်မှတ်ချက်တွေမှာ မွေးလာခဲ့ကြတာပါ၊
ဒါကြောင့်လဲ နက္ခတ်... လက္ခဏာစတဲ့ အနာဂါတ်အဟော
ပညာတွေရှိလာကြပြီး၊ ဟောတဲ့အတိုင်းလဲ
ဖြစ်လာတတ်ကြတယ်၊ အားလုံးဟာ အစီအစဉ်တကျ
ဖြစ်တည်လာကြရတာ.... Things are in order.

.................

ငယ်တုံးကတော့ သိပ္ပံသည်သာကိုးကွယ်ရာ
အသက်လေးရလာပြီး အတွေ့အကြုံရှိလာတော့
သိပ္ပံလွန်တွေကို လက္ခံလာတယ်၊

ဆရာတယောက်တွေ့ဘူးတယ်
တော်လှန်ရေးကောင်စီခေတ် လျှမ်းလျှမ်းတောက်
လူကြီးတယောက်ကို (၂) ပါတ်အတွင်း ရာထူး
စွန့်ရမယ်လို့ ဟောခဲ့တာ မှန်ခဲ့တယ်၊
နောက်ဆုံး First lady အထိဟောခဲ့ရသူ
ဖြစ်မဲ့ရောဂါ၊ ဆုံးပါးမဲ့အချိန်ကို အတင်းဟောခိုင်းလို့
ဟောတာမှာ (၁) ရက်ပဲလွဲတယ်၊

ဗျူဟာမှုးလောက်နဲ့ ပင်စင်ယူရရင်တော်ပါပြီဆိုတဲ့
သူတယောက်ကို ဗိုလ်ကြီးဘဝထဲက...
အကြီးကြီးဖြစ်လိမ့်မယ်လို့ ဟောခဲ့တာမှန်ပြန်တယ်
ဒါပေမဲ့... ရုတ်တရက်ပြုတ်ကျတဲ့ဇာတာဖြစ်နေတယ်လို့
ဆိုပြန်တော့လဲ... ဟောတဲ့အတိုင်းပဲ၊
Destination was not changed.

ပြောချင်တာက
တချို့ကိစ္စတွေဟာ ပြုပြင်ပြောင်းလဲလို့မရတတ်ဘူး
အကြီးစား "ကံ" တွေလို့ဆိုကြပါစို့၊
Final destination လို့ဆိုရင်လဲ ရလိမ့်မယ်၊

................

ရွှေတိဂုံဘုရားမှာ လင်းတ (၃) ကောင် နားတာအပါအဝင်
အတော်များများ နိမိတ်တွေရှိထားတယ်၊
ဖြစ်မလာသေးတော့ ငြင်းကြ ခုံကြပေါ့
အနာဂါတ်အဟောပညာမှာ တွက်နည်းတွေ
သိပ်မကွာတတ်ကြဘူး၊ အဓိကက အယူအဆပိုင်းနဲ့
ဆန္ဒာဂတိတွေပဲ၊ ပညာအပေါ်သက်သက်ရပ်တည်ရင်
" အဖြူကနေတော့ အမဲအထိ " တက်တက်စဉ်မလွဲပါဘူး၊

ပြီးခဲ့တဲ့ နိုင်ငံရေးအပြောင်းကလဲ
အဟောထွက်ပြီးသားပါ၊ နိုင်ငံရေးအပြောင်းနဲ့
ဒေါ်စု ဇာတာက ချိတ်ဆက်နေတယ်၊
ဒေါ်စုဇာတာကလဲ ရုတ်တရက်ပြုတ်ကျတဲ့ဇာတာပဲ
Destination has been set. 
ပြဌာန်းပြီးသားအနာဂါတ်လို့ပြောလေမလား။
အကောင်းဖြစ်ဖြစ် အဆိုးဖြစ်ဖြစ် ဉာဏ်ကူရင်
သက်သာရာတော့ ရတတ်တယ်
လွန်ဆန်လို့တော့မရဘူး။

Final destination ထဲမှာ နိမိတ်အကြောင်းတွေပါလာတယ်
ငယ်သေးသူတွေအတွက်တော့ ရီစရာဖြစ်နိုင်ပေမဲ့
အတွေ့အကြုံရှိကြခဲ့ဘူးသူတွေအတွက်တော့
မယုံချင်တာတောင် လက္ခံပေးရမဲ့ အရာဖြစ်နေတယ်၊

အချို့ဟာတွေရေးရင် ပြုံးစရာဖြစ်မှာစိုးလို့
မရေးပဲထားတာတွေ အများကြီးပဲ၊
အဖေဆုံးကာနီး " လ" ပိုင်းအလိုမှာနိမိတ်ထင်တယ်
အမေအသက် (၈၅) နှစ်တုံးက " ရွှေအမြုတေ" မှာ
အမေ့အသက် (၈၆) ကိုစိုးရိမ်တယ်လို့ အက်ဆေးတပုဒ်
​တနှစ်စောပြီး ကြိုရေးခဲ့ဘူးတယ်၊
တကယ်ပဲ အမေ (၈၆) မှာဆုံးတယ်၊
ဖတ်မိလိုက်ကြမယ်လို့ထင်တယ်။

.............

1990 ရှေ့တန်းထွက်တော့
ဇနီးက ထုံးစံအတိုင်းစိတ်ပူတာပေါ့
နေရာက "ဒါးကွင်း" " ဖေါထ"
(၈၈) အပြီး အဆိုးဆုံးကရင်ပြည်နယ်
စစ်ဆင်ရေးကာလတခုလုံး တပ်မှာ " ရက်လည်"
ဆက်နေတဲ့အချိန်၊

" မပူပါနဲ့၊ ဒါဏ်ရာနဲနဲပါးပါးနဲ့ ငှက်ဖျားလေးပဲ
   á€•ဟန်ပဍ လာမှာ " လို့ပြောခဲ့တဲ့အတိုင်း
    အိမ်ကို ဒါဏ်ရာနဲ့ငှက်ဖြား လက်ဆောင်အဖြစ်
    ယူလာနှိုင်ခဲ့တယ်၊

Destination ဆိုတာ ဘယ့်လောက်တောင်
ယုံရခက်၊ မယုံရခက်သလဲဆိုတာ....
ဘမောင် စခန်းချသွားတဲ့နေရာ၊ ဘမောင်အိပ်သွားတဲ့
နေရာမှာပဲ နာရီပိုင်းခြားပြီး ဘမောင်အောက်က
အရာရှိတဦး မိုင်းထိသွားတယ်၊
အဲ့ဒီတုန်းက ဘမောင်က ၁၁၅ ပေါင်၊ သူက ပေါင် ၁၈၀
မိုင်းက ဘမောင်ဝိတ်နဲ့ pressure မပြည့်တော့
မကွဲဘူး၊ သူ့အလှည့်ကျတော့ pressure ရပြီး
ထကွဲသွားတယ်၊ 
တော်သေးတာပေါ့.... ဘမောင်ပြန်ဆင်းပြီး
ကယ်ထုတ်လိုက်နိုင်လို့ သွေးလွန်ပြီး မဆုံးပါးသွားတာ။

ချန်ဒူးဝမ်တုန်းကလဲ
နာရီပိုင်းအတွင်း ငှက်ဖြားကယ်လို့
နို့မို့ရင် အငြိမ်းစားအမည်တောင်တပ်ခွင့်ရှိမှာမဟုတ်ဘူး၊
Final destination ဇာတ်ကားထဲမှာ
အနောက်နိုင်ငံသားတွေအနေနဲ့ လက္ခံဖို့ခက်ခဲတဲ့
အဲ့သလိုက်စ္စတွေအများကြီးပါနေတယ်၊
အာရှသားအများစုကတော့ လက္ခံပြီးသားပါ။

................

တချို့နိမိတ်က အစောကြီးထဲကပြတယ်
တချို့နိမိတ်ကျတော့ နီးမှပြတတ်တယ်၊
ပြီးခဲ့တဲ့အစိုးရလက်ထက်မှာ အဝေးကြီးထဲက
ပြခဲ့တဲ့နိမိတ်တွေ အများကြီးပါ၊ အခြေလွတ်ကြတာလဲ
ပါမယ်နဲ့တူရဲ့၊

နောက်တခုက ယတြာ
Final destination မျိုးအဆင့်မှာ ယတြာမတိုးပါ
ဇာတ်ကားထဲမှာတော့ အနီးကပ်ဖြစ်လာမှာကို
တဦးတယောက်က ကြိုမြင်တယ်၊
ဘယ်သူပြီးရင် Death list အတိုင်း ဘယ်သူ့အလှည့်
စသဖြင့် အစီအစဉ်အတိုင်း၊ ဖြစ်ရပ်အတိုင်း
ဖြစ်ကြတယ်၊ ဒါပေမဲ့ ကြားမှာ သေမင်းကို
လှည့်စားလို့ရတယ်ဆိုတဲ့ သဘောရိုက်ထားတယ်၊

ဘမောင်တို့ အရှေ့တိုင်းသားတွေခံယူချက်ကတော့ တမျိုး
သေမင်းဆိုတာ လှည့်စားလို့ရတဲ့အရာမဟုတ်ဘူး 
အတက်အကျ အနိမ့်အမြင့် တချို့က်ုတော့ ကံကူ၊ ဉာဏ်ကူပြီး
သက်သာအောင်လုပ်လို့တယ်၊
ကံဆိုတာ ပြန်မွေးလို့ရတယ်၊ 
စေတနာကောင်းကောင်းထားရင်
​ကောင်းကံတွေပြန်ဖြစ်ပါတယ်၊
ဉာဏ်အရာကလဲ အလွန်အရေးပါတယ်၊
ဥပမာ- ငွေ (၁၀၀,၀၀၀ ) ရှိတယ်၊ 
တနေ့ ၂၀,၀၀၀ သုံးရင် (၅) ရက်ခံမယ်၊ 
၁၀,၀၀၀ သုံးရင် (၁၀) ရက်ခံမယ်
ဆိုတော့... ဉာဏ်အရာဖြစ်သွားပြီ
တချိန်ချိန်မှာတော့ အဲ့ဒီငွေကုန်မယ်၊ အဲ့ဒီအဆင့်က
Final destination ပဲ၊ 
မီးဇာကုန်၊ ဆီခမ်း အဖြစ်မျိုးပေါ့၊

အကောင်းဆုံးက ကုသိုလ်နဲ့ဆက်၊ 
စေတနာ ကောင်း​ကောင်းထားပြီး ကံပြန်မွေးတာပါပဲ။
အကုသိုလ်တွေ လုပ်ပြီး ယတြာချေတာနဲ့
ပြေပျောက်ကြစတမ်းဆိုရင် ကမ္မနိယာမဆိုတာကို
ဘုရားက ဘယ်ဟောခဲ့လိမ့်မလဲ၊

ရေးချင်တာ တခုရှိနေတယ်
လောလောဆယ်တော့ မရေးအားသေးပါဘူး
အရာရာဟာ စေတနာရဲ့ပြဌာန်းမှုတွေအရပဲ
ဒါကြောင့် ဘာလုပ်လုပ်စေတနာမှန်ဖို့တယ်၊
စေတနာဟာ နောင်ဘဝများစွာအထိ
အကျိုးပေးသန်ပါတယ်။

အားလုံးစေတနာကောင်းကြပါစေ။

#နေဇင်လတ် ( 27.7.21 )

❤️ Nay Zin Latt We Love ❤️ admin team က ပြန်လည်တင်ပြပါသည်။ 😊

https://www.facebook.com/groups/191890793056290/


Related Posts: