Saturday, October 30, 2021

မိတ်ကောင်း ဆွေကောင်း


30-October -2021

တရုတ်ပြည်ရဲ့ ဝင်ရောက်စွက်ဖက်ချင်တဲ့ 
အရိပ်လက္ခဏာနဲ့ ယခုနယ်စပ်ဂိတ်ပိတ်ဖို့ လုပ်နေတာတွေက အနောက်အုပ်စုနဲ့ရော ဒေါ်စုကြည်နဲ့ကော 
မသက်ဆိုင်ပါဘူး ။
      
တရုတ်လုပ်ပေါက်က သူ့ထီးရိပ်က ဖယ်ခွာပြီး ရုရှား
ကြီးဆီကို ပူးသွားတာကို သတိပေးတဲ့ သဘောမျှ 
ဖြစ်နေပါတယ် ။ 
        
မြန်မာ နဲ့ ရုရှား တို့ရဲ့ ဆက်ဆံရေးအနေအထားကလည်း 
တကမ္ဘာလုံးက စောင့်ကြည့်နေရတဲ့ ကဏ္ဍသစ် ဖြစ်လာ
နေတာကိုး ။ 

တသက်လုံးက ပြည်ပ စစ်သဘော်တွေ လေယာဉ်တွေ 
ကို မိမိပိုင်နက်အတွင်း လုံးဝ လက်မခံခဲ့တာ အားလုံး
အသိပါပဲ ။ 
      
ယခု ရုရှားရေတပ်အတွက် ဆိပ်ခံအသုံးပြုခွင့် ပေးလိုက်
တာ အင်မတန် ထူးခြားတဲ့ စစ်ရေးကိစ္စအပြောင်းအလဲ
ကြီး တခု ဖြစ်လာပါတယ် ။ 
     
ရုရှားတို့အတွက် ပင်လယ်ထွက်ပေါက်ဟာ ရှိပြီး ဖြစ်
ပေမယ့် ဒီလိုမျိုး ဒေသသစ်မှာ ဒီလောက် အချက်အခြာ
ကျနေတဲ့ နေရာကို ရလိုက်တာလည်း သူတို့အတွက် 
အင်မတန် တန်ဖိုးကြီးလှပါတယ် ။ 
             
ရုရှားအတွက် တရုတ်နဲ့ အိန္ဒိယအား အနီးကပ် စောင့်
ကြည့်နိုင်ခွင့် နဲ့ ပစိဖိတ် နဲ့ အိန္ဒိယ သမုဒ္ဒရာ နှစ်စင်း 
အစပ်ဒေသအား အခြေချခွင့် ရလိုက်ခြင်းမှာ လေ
ယာဉ်တင်သဘော် ဆယ်စင်းစာမက တန်ဖိုးကြီး
လှပါတယ် ။ 
         
ရုရှားရဲ့ နောက်ဆုံးပေါ် ဒုံးလက်နက်ဟာ အသံထက် ၅ ဆ 
မြန်တယ်ဆိုတော့ ဘယ်လို ဒုံးခွန်းဒုံးမှ ကြားဖြတ်မတိုက်
နိုင်ပါဘူး ။ 
       
အဲဒီအပြင် အနောက်အုပ်စု သွေးလေခြောက်ခြားစေ
တာက အဲဒီ ဒုံးကို သာမန် စစ်သဘော်ပေါ်က ပစ်ရုံမက 
အခုဆို ရေငုပ်သဘော်ပေါ်ကပါ ပစ်လို့ ရပြီဆိုတော့ 
သရဲကြောက်နေတုန်း အာဠာဝကဘီလူး နဲ့ ထိပ်တိုက်
တွေ့သလို သွေးပျက်ကုန်ပါတယ်။
       
ဒီအချိန်မှာ ရုရှားက မြန်မာနဲ့ စစ်ရေး သာမက စီးပွားရေး
ပါ ပူးပေါင်းကာကွယ်မယ်လို့ ကြေငြာလိုက်ရာ အနောက် 
အုပ်စုသာမက တရုတ်ကြီးပါ သွေးတက်သွားရပုံရပါတယ် ။ 
     
ဥရောပကို ရေနံတင်ပို့နေတဲ့ ရောင်းချသူထဲမှာ ရုရှားက 
အကြီးမားဆုံး ပမာဏ ရရှိထားပါတယ် ။ ဝေးကွာလွန်းတဲ့ လမ်းခရီးပြဿနာကိုသာ ဖြေရှင်းနိုင်ရင် မြန်မာသည် 
ရုရှားရဲ့ ဖေးမကူညီမှု နဲ့ ဟုန်းကနဲ ထွန်းကားသွားနိုင်ပါ
တယ် ။ 
………………………………
မြန်မာကတော့
သိပ်တန်ဖိုးရှိတဲ့ မိတ်ဆွေကောင်း
ပိုင်ဆိုင်ခွင့် ရလိုက်တာပါပဲ ။

Crd
#KT