Thursday, October 28, 2021

#မုန်ဟင်းခါး


    ဟင်းပွဲ ၃၀၀ ပါမှ ပွဲတော်တည်သော နာရသီဟပတေ့ ( တရုတ်ပြေးမင်း) သည် နန်းကျ၍ထွက်ပြေးခဲ့
ရာ ပြည်မြို့သို့အရာက်တွင် စားတော်ပွဲ၌ ဟင်းပွဲ နဲသဖြင့် စိတ်နှလုံး ညှိုးခြုံးတော်မူသည်။
    ထိုအခါ မိဘုရားကြီးသည် ဟင်းအမျိုး ၃၀၀ နှင့်
ညီမျှသော အစားအစာကို ပဲ ၊ ငါး ၊ အမွေးအကြိုင်တို့ဖြင့် စီမံလေရာ မင်းကြီးက အထူးနှစ်သက်သဘောကြတော်မူလေသည်။ 
    တစ်နေ့တွင် အမယ်တစ်ခုလိုနေသဖြင့် အမတ်ကြီးက ကြံရာမရဖြစ်ပြီး ငှက်ပျော အူများ ထည့်လိုက်သည်။ မိဘုးရားကြီးရောက်လာပြီး မြည်းစမ်းကြည့်သောအခါ ဖန်တွတ်တွတ် ဖြစ်နေ သော
ကြောင့် အမတ်ကြီးအား ဆူပူကြိမ်းမောင်းလေသည်။ သို့သော်လည်း ပွဲတော်တည်ချိန်မှာ အလွန်နီးကပ်နေသဖြင့် ထိုဟင်းကိုပင် မင်းကြီးအား ဆက်သလိုက်ရသည်။
    မင်းကြီးသည် အရင်နေ့များထက် ထိုနေ့ချက်သော ဟင်းကိုပို၍ ချီးကြူးလေရာ မုန့်ဟင်းခါးထဲ ငှက်ပျောအူထည့်သောဓလေ့သည် ယနေ့ထိပင်ဖြစ်သည်။
     မုန့်ဟင်းခါး၏အစသည် ပြည်မြို့ဖြစ်သည်။
သို့သော် #ပြည်မုန့်ဟင်းခါး သည် မြန်မာနိုင်ငံတွင် နာမည်မကြီး စာရင်းမဝင်။ #မြောင်းမြမုန့်ဟင်ခါး
#ရန်ကုန်မုန့်ဟင်းခါး စသဖြင့် နိုင်ငံအရပ်ရပ် နာမည်ကြီးသည်။ 

ယခုတွင်မူ #အင်းစိန်မုန်ဟင်းခါး နာမည်ကြီးနေပေပြီ။ 

သို့ဖြစ်ပါ၍....

မုန့်ဟင်းခါး ခရေဇီများသည် အင်းစိန်သို့အလည်အပတ်သွားသင့်သည်။ 

လက်ရာကောင်းသော မုန့်ဟင်းခါးကို
လက်မလွတ်စေလို😁😁😁😁😁😁😁

အဲမွန် ဒယာ 
Out 28