သူမအမည် တော်တော်များများသိကြ၏
" ပန်ဆယ်လို " ဟုအမည်တွင်သည် ~
သူမ၏ဇာတိကား ဧရာဝတီတိုင်းဖြစ်၏
အမည်ရင်းမှာ ~
အိမ့်ပိုးဥ ငယ်နာမည်ဖြစ်၏
လိုရင်းအနှစ်ချုပ်ကိုမရေးသားမီ
သူမနှင့်ပါတ်သက်သော အကြောင်းအရာအချို့ကို
အနည်းငယ်မျှရေးသားရခြင်းဖြစ်သည် ~
မြန်မာပြည်ရဲ့လက်ရှိအခြေအနေအရပ်ရပ်မှန်သမျှ
သူမ၏ပါဝင်ပါတ်သက်မှုကြောင့်
ယခုလိုလူငယ်လူရွယ်များအတုယူမှားခြင်း
အယူအဆလွဲခြင်း အစွန်းရောက်ခြင်းနှင့်
ဆိုးသွမ်းလာရခြင်းသည်
သူမ၏ ဥပဒေမဲ့လှုံ့ဆော်မှုများကတဆင့်
အမြန်ဆုံးကူးစက်ပျံ့နှံ့နေတော့၏ ~
ဒီလိုဆိုလျှင် " ပန်ဆယ်လို " ဆိုသောသူမသည်
အပြစ်ကင်းပါရဲ့လား ?
" ပန်ဆယ်လို " အမည်ဖြင့်
Facebook.အသုံးပြုရာကနေ
( အဆဲတလိုင်းသီးသန့်ဖြင့်နာမည်ရလာသူ )
ယခင်က အဆဲတလိုင်းဖြင့်
သူကြည့်၍မရသော လူကိုသာရွဲ့ခြင်း
စောင်းမြောင်းခြင်း ဆဲဆိုခြင်းဖြစ်သော်လည်း ~
ယခုအချိန်တွင်
( ပုဂ္ဂိုလ်ရေးသက်သက်မဟုတ်တော့ပါ )
သူမ၏ လူသိများသော
" ပန်ဆယ်လို " အမည်ဖြင့်ဖွင့်ထားသည့်
Fb Page မှတဆင့်အစွန်းရောက်ဝါဒများနှင့်အတူ
ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့
ပျက်စီးရာပျက်စီးကြောင်းကို ဦးတည်ကာ
စိတ်ဓါတ်တက်ကြွလွယ်ကူသောလူငယ်အများစု၏
စိတ်ခံစားမှုမြင့်တက်လာအောင်
ထိုမှတဖန်
အတွေးမှား အမြင်မှား
အယူအဆမှား အသိမှားများဖြစ်ပေါ်လာစေပြီး
( တောခိုကြ အကြမ်းဖက်ကြသည်ထိ )
ရိုင်းစိုင်းယုတ်မာလာကြတဲ့အပြင်
ကျောင်းဆရာ ဆရာမ
ကျောင်းသား ကျောင်းသူများကိုပင်
ရန်မူသတ်ဖြတ်သည်အထိ အတင့်ရဲလာကြ၏ ~
အနန္တဂိုင်းဝင်ကျေးဇူးရှင်များဖြစ်သော
ဆရာ ဆရာမများကိုပင်
ခြိမ်းခြောက်ခြင်း ပါတီမတူသူ အယူအဆမတူသူ
NLD.အားမပေးသူ
ပြည်သူလူထုကိုပင် ငဲ့ညှာစိတ်ကင်းမဲ့ကာ
သူလျှိုဒလန် စစ်တပ်အားပေးဟုဆိုကာ
လက်နက်အားကိုး၍ အုပ်စုဖွဲ့ကာ
မီးရှို့သတ်ဖြတ်ခြင်း ခေါင်းဖြတ်ခြင်း
သေနတ်ဖြင့်ပစ်သတ်ခြင်း
အရှက်ခွဲခြင်း ကတုံးရိတ်ခြင်း
တက်တူးထိုးခြင်းစသည် စသည်ဖြင့်
မြန်မာဗုဒ္ဓဘာသာဟုပင် မထင်ရလောက်အောင်
ရိုင်းပျစော်ကား ရက်စက်မှုအပေါင်း
သရဖူဆောင်းခဲ့ကြသည်မှာ
မိဘပြည်သူများကိုယ်တိုင် မြင်သိကြားနေရသည်မှာ
အနာဂါတ်မြန်မာပြည်အတွက်
အလွန်ကိုမှ ရတက်မအေးဖွယ်ပါတကား ~
NLD နှင့် Facebook.
မည်သို့ပါတ်သတ်နေသနည်း ?
NLD 5 နှစ်သတ်တမ်းကာလ၌
နိုင်ငံတော်ပိုင်ဖြစ်သော
( ပြည်သူ့ဘဏ္ဍာငွေကျပ်
သန်းပေါင်း ၆၄၀၀ ကျော်ခန့် ) သုံးစွဲကာ
လူမှုကွန်ယက်စောင့်ကြည့်ရေးစင်တာဟု
အမည်ပေး၍
( ထိုငွေကျပ်သန်းပေါင်း ၆၄၀၀.ကျော် ) ကို
အသုံးပြုခဲ့သည်မှာ
မြန်မာပြည်သူပြည်သားအားလုံးပင်သိရှိပြီးဖြစ်ပါ၏ ~
ထိုငွေများ ဘယ်သူ့ကိုပေးလိုက်သည်ဟု
ပြည်သူများသိခွင့်မရှိကြပါ ~
သို့သော် ပညာဖြင့်တွေးကြည့်ကသိနိုင်ပါ၏ ~
Facebook ပေါ်တွင် စမ်းသပ်ကြည့်လိုက်ပါ
ထိုငွေများ ဘယ်သူ့ထံပေးလိုက်ရသလဲ ?
ဘယ်သူရသွားသလဲ ? လွယ်ကူစွာသိနိုင်၏ ~
ဥပမာ ။ Facebook.ပေါ်၌
မဘသ ၊ ၉၆၉ ၊ မျိုးချစ်မှန်သမျှ
တပ်မတော် ရဲတပ်ဖွဲ့ထိုအစုအဖွဲ့မှန်သမျှ
စာရေး၍လိုင်းပေါ်တင်ပါက
တချို့သောအမှန်တရား အမှန်စကားများကိုပင်
( အမုန်စကားပြောသည်ဆိုကာ ) ဖြုတ်ချဖျက်ချ
Acc အပိတ်ခံရ သတိပေးခံရသည်က
အကြိမ်ကြိမ်အခါခါ မကြုံရသူမရှိတော့ပေ ~
ပန်ဆယ်လိုအပါအဝင်၊
NLD CRPH NUG PDF နှင့် ~
NLD.လိုလားသူအစွန်းရောက်များအဖို့
သူတို့ပိုင်သော အမွေဆိုင်
( သို့မဟုတ်)
ဇူကာဘတ်နှင့်အမျိုးတော်ကြသလားဟုပင်
အခွင့်ထူးခံကာ
ဆဲကြ ဆိုကြ ရိုင်းကြယုံမျှမကဘဲ
အကြမ်းဖက်အားပေးသောအကြောင်းအရာများ
နိုင်ငံ၏ပျက်စီးရာပျက်စီးကြောင်းမှန်သမျှ
မည်သို့ပင်လှုံ့ဆော်ရေးသားနေစေကာမူ
Facebook သည်မမြင်မကြားမသိသလို
တိုင်းဖျက်ပြည်ဖျက်များကိုအားပေးနေသည်မှာ
ငွေမျက်နှာကြောင့်ပင်မဟုတ်ပါလား ?
နိဂုံးချုပ်အနေနှင့်
လိုတိုရှင်းပြောရရင် " ပန်ဆယ်လို "အပါအဝင်
" ထားထက်ထက် " နှင့်
NLD အစွန်းရောက်မှန်သမျှ
ထိုလူအားလုံး၏ လေလှိုင်းပေါ်ကအဆိပ်ခတ်သော
( ဝါဒမှိုင်းအဆိပ်အတောက်များကိုယုံကြည်မိပါက )
မိမိဘဝလည်း အနာဂါတ်ပျောက်ရမှာဖြစ်သလို
တိုင်းပြည်အပေါ်၌ သစ္စာဖေါက်အမည်တွင်ကာ
သေရင်သေ မသေပါကထောင်ကျ
ထောင်မကျပါက ( ဘဝနွံနစ်ယုံသာ ) ရှိပါ၏
အားလုံးသောမြန်မာလူငယ်များ
အသိမှန် အမြင်မှန်၍
လမ်းမှန်လျှောက်လှမ်းနိုင်ပါစေဟုသာ
ဆန္ဒပြုမိပါတော့၏။
ကျေးဇူးတင်ပါသည်
~ Khit Bone Kha. ~ ။