Saturday, October 30, 2021

🍁 #ရန်သူ​၏ရန်သူမှာ... The enemy of the enemy is....


တကယ့်မူရင်းက ဆွန်ဇူး
အမေရိကန်တွေကယူသုံးပြီး
သူတို့မူပိူင်လိုလိုဖြစ်လာတယ်
တကယ်လဲ အသုံးတဲ့ခဲ့တဲ့ဗျူဟာပါ၊

အာဖဂန်- ဆိုဗီယက် စစ်ဖြစ်တော့
အမေရိကန်က အာဖဂန်ဖက်ဝင်ကူတယ်၊
ဆိုဗီယက်တွေစစ်ရှုံးတယ်၊
9-11 မှာ အမေရိကန်-အာဖဂန်စစ်ဖြစ်တော့
ရုရှားက အာဖဂန်ဖက်က ဝင်ကူတယ်၊

လွန်ခဲ့တဲ့ နှစ် (၂၀) ကျော်ကာလဟာ
အမေရိကန်အနေနဲ့ ဘုန်းမီးနေလ
အတောက်ပဆုံးအချိန်၊ 
တစီးထဲပြေးနေတဲ့မြင်း၊
နှစ် (၂၀) အတွင်း ကမ္ဘာ့အခင်းအကျင်းက
လုံးဝနီးနီးပြောင်းသွားပြီ
ပင်တဂွန်ဗိုလ်ချုပ်ကြီးတွေကတောင်
ရုရှားနဲ့ တရုတ်ရဲ့လက်နက်သစ်တွေက
အမေရိကန်ကို ကောင်းကောင်း 
ခြိမ်းခြောက်ထားနေပါပြီလို့ လူသိရှင်ကြား
ထုတ်ပြောလာရတဲ့အခြေအနေမျိုး၊

.............

တရုတ်ထိမ်းချုပ်ရေးအတွက်
မြန်မာဟာ ပစ်မှတ်ဖြစ်လာတယ်၊
1988 တုန်းကတော့ အမေရိကန်ရဲ့
မွန်းတည့်နေကို ဥရောပက မလွန်ဆန်နိုင်လို့
မြန်မာဟာ အမေရိကန်နဲ့ ဥရောပရဲ့
ဘက်စုံ ပစ်မှတ်၊

2020 ကာလက မတူတဲ့ဇာတ်ဝင်ခန်း
အမေရိကန်နဲ့ ဥရောပကွဲတယ်
ဥရောပထဲမှာလဲ ထပ်ကွဲတယ်၊
မြန်မာကို မူရင်းပစ်မှတ် မှတ်ပုံတင်ထားတဲ့
အမေရိကန်က သာ ဖိအားဆက်ကြိုးစားပေမဲ့
ဥရောပက စိတ်မဝင်စားတော့ဘူး၊

ရုရှားဟာ အမေရိကန်ရဲ့ရန်သူ
ဒီလိုပဲ အမေရိကန်က တရုတ်ကိုလဲ
ရန်သူလို့သဘောထားတာ၊
ဒီတော့ ....
ရုရှားနဲ့တရုတ် ပေါင်းစည်းသွားတာမဆန်းဘူး၊
မြန်မာလဲ
ဒီသဘောတရားပဲ၊
ဒါကြောင့်.. ရုရှား+တရုတ်+မြန်မာဟာ
အင်အားတခုဖြစ်လာတယ်၊

မြန်မာဟာတရုတ်ရဲ့ 
အနီးကပ်နယ်မြေဖြစ်လေတော့
ရန်သူကို မြန်မာ့မြေပေါ်ခြေမချစေချင်တာ
တရုတ်အကျိုးစီးပွား၊

ရုရှားပင်လယ်ပြင်ဆိုင်ရာဗျူဟာက
ပစိဖိတ်မဟုတ်ဘူး၊ အိန္ဒိယသမုဒ္ဒရာ
ဒီတော့ မြန်မာနဲ့ ရုရှား ရင်းနှီးရမှာကလဲ
ပထဝီနိုင်ငံရေးရဲ့ သဘာဝတွန်းအား၊

အမေရိကန်ခေတ်ကို အဆုံးသတ်စေမဲ့
ခံစစ် နှစ်နေရာက ထိုင်ဝမ်နဲ့မြန်မာပါ၊
ဂျပန်ပင်လယ်ပြင်မှာ ရုရှား+တရုတ်
စစ်ရေယဉ်စု ဖြတ်ပြခဲ့ပြီးပြီ၊
ထိုင်ဝမ်ကိစ္စမှာ တရုတ်လေယာဉ်
(၁၇၂) စီးလွှတ်ပြပြီးပြီ၊
ကျန်တာက မြန်မာ...
ရုရှား စစ်ရေယဉ်အုပ်စုရောက်ချလာပြီဆိုတော့
အမေရိကန်အတွက် သတင်းစကား
လုံလောက်သွားပြီလို့ဆိုရလိမ့်မယ်၊

တနင်္သာရီဖက်၊ ရခိုင်ဖက်
ရေပေါ်တက်မလာတဲ့ မဲမဲကြီးတွေ
ရှိနေသေးတယ်နော်၊ 

...........

မကြာခင်
မြန်မာ့မြေပေါ်မှာ ရုရှားနဲ့တရုတ်ရဲ့
စီးပွားရေးလုပ်ငန်းတွေကို မြင်လာရနှိုင်တယ်၊
ရွေ့လျား နျူဓါတ်အားပေးတွေကိုလဲ
မြင်လာရနိုင်တယ်၊
တပြိုင်နက်ထဲမှာ...
အရင်ကြိုရေးပေးထားတဲ့ (၃-၅) နှစ်
တောင့်ခံထားပါဆိုတဲ့ အချိန်ရောက်လာလိမ့်မယ်၊
(၃) နှစ်ကျော်ရင်
အမေရိကန်လက်လျော့သွားမယ်
ဥရောပက ရင်းနှီးမြှုပ်နှံမှုတွေကိုတောင်
ထပ်တွေ့လာရပါဦးမယ်၊

အမေရိကန်ခေတ်ကုန်ပါပြီလို့
ရေးခဲ့တုန်းကဆဲခဲ့ကြတာတွေကို 
နောင်တ မရကြဘူးလား ဟင် ? 🥴

#BaMaung.


Related Posts:

  • မျှော်လင့်ချက်ကို မလိမ်ပါနဲ့        á€™á€„်းကင်းနယ်မသဏ PDF တွေ သောင်းကျန်းနေတာ ကြာပြီ ။ စိန်ပြေနပြေ လူသတ်ကြတယ် ၊ မီးရှို့ကြတယ် မြစ်ရိုးတလျှောက် ဆက်ကြေးတောင် ကောက်လိုက်သေးတယ် ။        á€™á€‘င်ရင် မထင်သလို ဖုန်းကအစ သိမ်းသေးသတဲ့ ။ PDF တွေ တန်ခိုးထွားချက် အံ့သြစရာ ။… Read More
  • 💥 အ စဉ် ထာ ဝ ရ နဲ့ မ င်္ဂ လာ ည မှာ ဖြင့်....💥🔸 ဇာတ်ဆရာဇဝေဇဝါဆိုးတည်ထောင်ပြီး.           á€™á€„်းသမဎးခဝ္ဏ                 á€á€Ťá€á€˝á€”်အစိန်(အင်္ဂလန်ပြန်)ဦးဆောင်ကပြမယ့်                ❣ ခါတွန့်စိန်တို့ကတဲ့.ဇာတ်ပွဲ❣                       ~~~~~~~~~~~~~~~🖤 ဘုရားကန်တော့ခန်း..ဘာသာပေါ… Read More
  • နားလည်မှု အရေးကြီးပါတယ်            လိုင်းပေါ်မှာ တင်နေကြတဲ့ ပို့စ် တွေအပေါ် ဝေဖန်ထောက်ပြကြတဲ့အခါ မိမိရဲ့ ပိုင်းဖြတ်နိုင်စွမ်းဟာ အရေးကြီးပါတယ် ။ လိုင်းပေါ်မှာ ကိုယ်သန်ရာ သန်ရာ နည်းတွေနဲ့  မတူကွဲပြားတဲ့ ရေးဟန်တွေ နဲ့  တင်ပြကြပါတယ် ။ - တချို့က ဒဲ့- တခ… Read More
  • ဒဂုံတက္ကသိုလ်က ခေါင်းလောင်းသံ        ကျနော့်မိတ်ဆွေ တဦးရဲ့ သမီးလေးဟာ ဒဂုံတက္ကသိုလ်မှာ ပညာသင်ကြားနေပါတယ် ။ အဏုဇီဝဗေဒ မေဂျာ ဖြစ်ပါတယ် ။    အဲဒီကျောင်းသူဟာ ဗိုလ်သင်တန်းတက်ရောက်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ကြိုးစားနေသူ ဖြစ်ပါတယ် ။     ဒုတိယနှစ် ကျောင်းသူဘဝမှာ တ… Read More
  • False Hope တော့ မပေးသင့်ပါဘူလွန်ခဲ့တဲ့ ၁ ပါတ် ကျော်က မင်းကင်းကိုကစထမှူး နဲ့ တိုင်းမှူးတို့ ရဟတ်ယာဉ်နဲ့လာပြီး တွေ့သင့်သူတွေနဲ့ တွေ့၊ ပြောသင့်တာတွေ ပြောသွားပါသတဲ့။မင်းကင်းမြို့နယ် မှာ တပ်ရင်း၁ ရင်းချထားပေးမယ်၊ မြစ်ကြောင်းမှာ စစ်ရေယာဉ်ထားပေးမယ် စတဲ့ ပြောကြ… Read More