Wednesday, October 27, 2021

ခွဲခြမ်းစိတ်ဖြာခြင်း


" Public Transportation လုပ်ငန်းတွေကိုကျွန်တော်တို့အားပေးဖို့လိုတယ်။အဲ့ဒီ Transportation မှာလျှပ်စစ်ကိုရအောင်ပြောင်ပြောင်းနိုင်လို့ရှိရင် ဒီထက်ပိုအကျိုးရှိမယ်။ဒါကြောင့် ကျွန်တော်တို့လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးအတွက် တွန်းအားပေးနေခြင်းဖြစ်ပါတယ်။တစ်နိုင်ငံလုံး လျှပ်စစ်ရထားလမ်းနဲ့ဆွဲရပါလိမ့်မယ်။ တစ်နိုင်ငံလုံးလျှပ်စစ်ရထားနဲ့ပြေးရပါလိမ့်မယ်။ တစ်နိုင်ငံလုံးမြို့ပတ်ရထားလမ်းဆို မြို့ပတ်ရထားလမ်းအတိုင်းသွားမယ်။ မြို့ပေါ်တွေမှာသုံးတဲ့ကားတွေကလျှပ်စစ်ကားတွေဖြစ်ရမယ်။ ဒီမူဝါဒကိုတွက်နေပါတယ်။ အချိန်လေးတစ်ခုတွက်လို့ပြီးလို့ရှိရင် ကျွန်တော်တို့ကြေညာပါ့မယ်။ ဘယ်နှစ်မှာတော့ လျှပ်စစ်ကားသုံးတဲ့စနစ်ကိုဘယ်အဆင့်မှာပြောင်းပြီးသားဖြစ်ရမယ်။Private use တွေပေါ့ဗျာ။ ကိုယ်ပိုင်ကားတွေကားငယ်လေးတွေဆိုလို့ရှိရင်လုပ်ငန်းခွင်သုံးတဲ့ကားကြီးတွေကတော့ဖြစ်ကောင်းဖြစ်နိုင် မှာပေါ့လေ။နည်းပညာတွေအရတစ်ခြားနိုင်ငံတွေမှာဖြစ်နေတဲ့အခြေအနေတွေကို ကျွန်တော်တို့ကြည့်ရဦးမယ်။အခုနပြောတဲ့လူစီးကားကတော့ ဖြစ်တယ်။ဘတ်စ်ကားတွေဖြစ်နိုင်တယ်။ ဒီဟာတွေဟာ ဘယ်နှစ်မှာ လျှပ်စစ်စနစ်ကိုပြောင်းရမယ်ဆိုပြီး ကျွန်တော်တို့လုပ်ရမယ်။ ဒါမှမလုပ်ရင်လည်း ကျွန်တော်တို့ကျန်ခဲ့လိမ့်မယ်။ ဆီဖိုးနဲ့မွဲလိမ့်မယ်"

          ဒါက 25-10-2021 မှာ လျှပ်စစ် သယ်ယူပို့ဆောင်ရေး နဲ့ ပတ်သက်ပြီး တတိယအကြိမ်မြောက် တပ်ချုပ်ကြီး ပြောခဲ့တဲ့ စကားတွေ ဖြစ်ပါတယ် ။ 

           လျှပ်စစ်ရထားဆိုတာ သိပ်ထူးဆန်းတဲ့ ကိစ္စတော့ မဟုတ်လှပါဘူး ။ ဒုတိယ ကမ္ဘာစစ်မတိုင်မှီကတည်းက ရန်ကုန်မှာ လုပ်ခဲ့ဖူးတဲ့ စနစ်ပါပဲ ။ 

           မီးတောင်မှန်အောင် မလုပ်နိုင်သေးပဲ ဖင်ခေါင်းကျယ်နေတာတို့ ၊ တည်ငြိမ်အောင် မလုပ်နိုင်သေးပဲ ပေါက်ကရ အဆင့်ကျော် ပြောနေတာတို့ နဲ့ ဝေဖန်နေကြတာလည်း အများအပြား တွေ့နေရပါတယ် ။ 

         တကယ်တန်းကျတော့ ယခုပြောနေတဲ့ လျှပ်စစ်စနစ်သုံး သယ်ယူပို့ဆောင်ရေးဟာ အနာဂါတ်အတွက် အရေးကြီးတာလည်း အမှန်ပါပဲ ။ 

        ကောင်းပြီ လျှပ်စစ် ဘယ်ကရမလဲ တွေးစရာပါ ။ ဒီခေတ်ထဲမှာ ကျနော့်အထင် တကယ်လုပ်ချင်ရင် အဲ သလောက် မခက်ခဲတဲ့ ပြဿနာလို့ ရှုမြင်ပါတယ် ။ 

          ရေအားလျှပ်စစ် ထုတ်ယူနိုင်တဲ့ အရင်းအမြစ်တွေ အများအပြားရှိနေသလို သဘာဝဓာတ်ငွေလည်း အများအပြားထွက်ရှိနေတဲ့ အတွက် လျှပ်စစ်ထုတ်ဖို့ လုပ်မယ်ဆိုရင် မဖြစ်နိုင်စရာ မရှိပါဘူး ။ 

             စီမံချက်ကာလကို အချိန်ကျရင် ကြေညာပါလိမ့်မယ် ။ နည်းပညာအတွက် ရုရှားက အပြည့်အဝ အကူအညီပေးဖို့ အကြိမ်ကြိမ်ညှိနှိုင်းပြီး ဖြစ်နေလို့သာ တိုင်းပြည်ခေါင်းဆောင် တယောက်အနေနဲ့ ဒီလို မကြာခဏ မိန့်ခွန်းပြောနေတာ သေချာပါတယ် ။ 

        လောင်စာဆီအခက်အခဲ နဲ့ သူနဲ့ဆက်နွယ်နေတဲ့ သယ်ယူပို့ဆောင်ရေး စရိတ်စက ပြဿနာများဟာ အင်မတန်ကြီးမားတဲ့ ကိစ္စကြီးတွေ ဖြစ်ပါတယ် ။ နာမည်ကျော် ၂၀၀၇ ရွှေဝါရောင် ရဲ့ မူလအစ ပြဿနာဟာ လောင်စာဆီ အဆမတန်စျေးမြင့်သွားရာက စတင်ခဲ့တာပါ ပဲ ။ 

        ကာလရှည် စီမံကိန်းပဲ ဖြစ်ဖြစ် ၊ အနာဂါတ်မျှော်လင့်ချက်ပဲ ဆိုဆို ယခုပြောနေတဲ့ လျှပ်စစ်စွမ်းအင်သုံး သယ်ယူပို့ဆောင်ရေး စနစ်ကို အကောင်အထည်ဖော်ဖို့ အားထုတ်နေတာကို ကြိုဆိုရမယ့် ကိစ္စလို့ ဆိုချင်ပါတယ် ။ 

         နောက်တခု ထပ်ပြောတာလည်း သဘောကျစရာ ကောင်းပါတယ် ။ 

“ဘိလပ်မြေ စက်ရုံများကိုလည်း Dry Method ကိုပြောင်းကြပါ။ ဒီအတွက်နိုင်ငံတော် ကနေပြီးတော့ ငွေချေးပေးမယ် "

"ပြည်ပကဘာမှ ဘိလပ်မြေ သွင်းစရာအကြောင်း မရှိဘူး။ သွင်းတဲ့ဘိလပ်မြေ ဘာလို့သွင်းတာလဲမေးကြည့်တော့ Quality ကောင်း လို့တဲ့။ အဲဒါဆိုကိုယ့်ဆီကဘိလပ်မြေတွေ Quality ကောင်းအောင်လုပ်ရမယ်။ Standard တစ်ခု ပေးရမှာပေါ့။ EU ရဲ့ Standard ဘယ်လောက်လဲ၊ UK ရဲ့ Standard ဘယ်လောက်ရှိလဲ အမေရိကန် Standard ဘယ်လောက်နဲ့ညီရမယ်၊ တရုတ် Standard နဲ့ဘယ်လောက် ညီရမယ်၊ ဂျပန် Standard နဲ့ ဘယ်လောက်ညီရမယ်။ ဒီ Standard ကို ကျွန်တော်တို့ရဖို့ ဒီစက်ရုံတွေလုပ်ကိုလုပ်ရမယ်။ မလုပ်ရင်အဲဒီစက်ရုံ ပိတ်မယ် ''

         ပြောသွားတာ အရမ်းရှင်းပါတယ် ။ မလိုအပ်ပဲ နိုင်ငံခြားငွေ ဖြုန်းတီးနေတာ ရပ်တံ့ဖို့ ခြေလှမ်းအစလို့ ရှုမြင်ပါတယ် ။ ယခုဆိုရင် ပင်းပက် နဲ့ မြင်းခြံသံမဏိစက်ရုံတွေ ပြန်လည် လည်ပတ်ဖို့ စတင်နေပြီဖြစ်ပါတယ် ။ 

        ဒါလည်း ပြည်တွင်းလိုအပ်ချက် သံ နဲ့ သံမဏိ များအား ပြင်ပကတင်သွင်းနေရတာကို လျော့ချဖို့ လုပ်ဆောင်တဲ့ လုပ်ငန်းပဲ ဖြစ်ပါတယ် ။ 

      အထက်က ပြောထားတဲ့ ဘိလပ်မြေစက်ရုံတွေ အတွက် အဆင့်မြှင့်ဖို့ နိုင်ငံတော်က ငွေချေးမယ် ဆိုတာ လုပ်ငန်းရှင်တွေ ငန်းငန်းတက် လိုချင်နေတဲ့ ဆန္ဒတွေ ဖြစ်ပါတယ် ။ 

        အဲဒီလိုပဲ မြန်မာပြည်က စက္ကူလုပ်ငန်းတွေလည်း ပြည်ပကို အားကိုးနေရဆဲ ဖြစ်ပါတယ် ။ မြန်မာပြည်ရဲ့ စက္ကူစက်ရုံတွေဟာ ခေတ်မမှီခြင်း ၊ ကုန်ကြမ်းရှားပါးခြင်းတို့ကြောင့် ရပ်ဆိုင်းထားကြရတာ သံချေးတောင် တက်နေပါပြီ ။ 

          တကယ်တန်းကျတော့ အဆင့်မြင့် စက္ကူကုန်ကြမ်းဆိုတာ သစ် ဝါး နဲ့ လုပ်ရတာမို့ စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးထားရင် ပြည်တွင်းအတွက်တော့ လုံလောက်အောင် ထုတ်လုပ်နိုင်ပါတယ် ။ 

         လုပ်ချင်တဲ့ လုပ်ငန်းရှင်တွေ လည်း ရှိနေပါတယ် ။ သာပေါင်းစက္ကူစက်လို နေရာကို စိတ်ဝင်စားတဲ့ လုပ်ငန်းရှင်အား ရင်းနှီးမြှပ်နှံမှု အတွက် ငွေကြေးပါ ချေးပေးပြီး လုပ်ကိုင်ခွင့်ပေးကြည့်ပါက အစိုးရလက်အောက်က လုပ်နေတာထက် အကျိုးများမှာသေချာပါတယ် ။ ယခုတော့ သံချေးတက် စက်များနဲ့ နှမျှောစရာ ပျက်ဆီးနေရပါတယ် ။ 

        ထိုသို့ စက်ရုံကြီးများအား မြှောက်စားသလို အသေးစား စက်မှု လုပ်ငန်းရှင်များကိုလည်း ချီးမြှင့်ဖို့ လိုပါတယ် ။ သူတို့ကို ချီးမြှင့်ရာမှာ နိုင်ငံတော်က ငွေကြေးစိုက်ထုတ်စရာ မလိုပါဘူး ။ 

       ဥပမာ တွင်ခုံလုပ်ငန်းအတွက်ဆိုရင် ပြည်တွင်းလုပ်ငန်းရှင် အတော်များများဟာ ဒုတိယကမ္ဘာစစ် လက်ကျန် တွင်ခုံတွေ နဲ့ မိမိထိုးထွင်းဥာဏ်တို့ ပေါင်းစပ်ပြီး ကြံဖန်လုပ်နေရပါတယ် ။ 

          ဒီနေရာမှာ နောက်ဆုံးပေါ် တွင်ခုံတွေကို နှစ်ရှည်ဆပ်စနစ် (အနည်းဆုံး ၅ နှစ် အရစ်ကျ) အကြွေးဝယ်ပေးမယ်ဆိုရင် လုပ်ငန်းရှင်တွေ ပိုပြီး ပြည်ပအစားထိုး ပစ္စည်းတွေ ထုတ်လုပ်နိုင်ပါလိမ့်မယ် ။ အစိုးရ အနေနဲ့ အဆိုပါ လုပ်ငန်းရှင်များ နဲ့ ပြည်ပအဆင့်မြင့် စက်ပစ္စည်းအရောင်း ကုမ္ပဏီများ အကြားဝင်ရောက် အာမခံပေးဖို့ပဲ လိုအပ်ပါတယ် ။ 

         ဒါတွေက ၂၅ - ၁၀ - ၂၀၂၁ နေ့က အစည်းအဝေးမှာ တပ်ချုပ်ကြီးရဲ့ ပြောကြားမှုအပေါ် ထပ်မံ ခွဲခြားစိတ်ဖြာပြီး တိုင်းပြည်အတွက် အနာဂါတ်ခရီး သာယာစေရန် တကယ်လုပ် အဟုတ်ဖြစ်ရမယ် ဆိုတဲ့ အကြောင်းတရားများအား ဆွေးနွေးတင်ပြခြင်း ဖြစ်ပါတယ် ။ 

         တရားဥပဒေ စိုးမိုးရေး ကဏ္ဍအတွက် ဆွေးနွေးခြင်း မဟုတ်ပါဘူး ၊ ဒီကိစ္စက သီးခြားဆွေးနွေးရမယ့် အရေးသာ ဖြစ်ပါတယ် ။ ရောထွေးရှုမြင်မယ်ဆိုရင်တော့ ကျနော့် ပို့စ် ဟာ ဆိုလိုရင်း ပျောက်ဆုံးသွားနိုင်ပါတယ် ။ 

        ကိုရွှေမျိုးဝင်း

(လက်ရှိပြည်တွင်း လုပ်ငန်းရှင်တွေဟာ မဖြစ်လို့သာ ခရီးဆက်နေကြရတာ ထုတ်ကုန် နဲ့ လုပ်ငန်းရှင်တို့ရဲ့ အခြေအ​နေက ဒီလို ဖြစ်နေတယ် ဗျ)


Related Posts:

  • 🍄 ဘယ်သူအဆင့် (၁) လဲ ?တဖွဲ့နဲ့တဖွဲ့တွက်ချက်ပုံမတူကြပါဘယ်လိုပဲဖြစ်ဖြစ်အမေရိကန်နဲ့တရုတ်တို့ နီးနီးကပ်ကပ်ပြိုင်ဖက်ဖြစ်လာကြတာကိုတော့ဘယ်သူကမှ ငြင်းချက်မထုတ်ကြဘူး၊GDP (ppp) အရတရုတ်က အမေရိကန်ကိုကျော်ဖြတ်ပြီးတဲ့အပေါ်မှာလဲ ငြင်းချက်မထုတ်ကြဘူးSize of econom… Read More
  • လုပ်စားဖို့မဟုတ်ဘူးအာဇာနည်နေ့ဆိုတာနှောင်းလူတွေ နိုင်ငံချစ်စိတ်ဓါတ်ရှိအောင်လေးစား၊ ဂုဏ်ယူတတ်အောင် ရည်ရွယ်တာ၊ဒါပေမဲ့ မြန်မာ့အာဇာနည်နေ့ဟာပြည်တွင်း / ပြည်ပ ဆန့်ကျင်လိုချင်သူတွေရဲ့နိုင်ငံရေး လုပ်စားကွက်ဖြစ်လာနေတယ်။#Ba Maung… Read More
  • 🦠 သိမှတ်ဖွယ်ရာ( ခရက်ဒစ်- မူရင်း )ကိုဗစ်က အဆုတ်ကို အင်နဲ့အားနဲ့တိုက်ခိုက်ထားလို့အိမ်ပြန်ရောက်နေတယ်ဆိုပြီး မပေါ့ကြပါနဲ့နော်**၁၀ရက်ပြည်တာနဲ့ ပိုးမရှိတော့လို့ ပြန်လွှတ်တာ လုံး၀မဟုတ်ပါဘူးနော် နောက်ထပ်အပြင်ကိုမကူးနိုင်တော့လို့ ပြန်ခိုင်းတာပါ အပြ… Read More
  • ကျွန်မနဲ့ကိုဗစ် (အပိုင်း-၁) ( ကိုယ်တိုင်ရင်ဆိုင်ခဲ့ရသူဧ်။ ကိုယ်တွေ့ ) ကျွန်မ ဒီပိုစ့်ကို နေကောင်းကျန်းမာတော့မှ ရေးမယ်လို့ ဆုံးဖြတ်ထားတာပါ။ဒါပေမယ့် ဒီနေ့နဲ့ မနက်ဖြန် မတူတဲ့ ဘဝမှာ ရှင်သန်နေကြရတဲ့ သူတွေမို့ ကျွန်မ အမှားကြီးမှားခဲ့တဲ့ ကျန်းမာရေး အသိတွေကို အမြန်ဆုံး Sharing လုပ်ပေးချင်တာရယ်။ကျွန်မကိ… Read More
  • မျှော်ရတဲ့ မောင် ဆိုတဲ့လ       ညနေစောင်းမှ ကိုကြီးစိုး နဲ့ လူတယောက် ရောက်လာလို့ စကားလက်ဆုံကြရပြန်ပါတယ် ။ပါလာတဲ့သူက တပ်မတော် အလားဂျစ်သမား ၊ NLD ကိုလည်း လက်မခံနိုင်တဲ့ ပရဟိတ သမား သူ့ရပ်တည်ချက်အတွက် ဇဝေဇဝါ ဖြစ်နေတဲ့ သူပါ ။ နာမည်က ကိ… Read More