ပဲခူး၊ နိုဝင်ဘာ ၉ (People Media)
ယနေ့ နံနက်ပိုင်းက ဘားအံအကျဉ်းထောင်၌ အကျဉ်းကျခံနေရသည် ကရင်ပြည်နယ်ဝန်ကြီးချုပ်(ဟောင်း) ဒေါ်နန်းခင်ထွေးမြင့်သည် ထောင်ဒဏ် (၇၅) နှစ်နှင့် စည်ပင်ဝန်ကြီး(ဟောင်း) ဦသန်းနိုင်သည် ထောင်ဒဏ် နှစ် (၉၀) ချမှတ်ခံရကြောင်း သိရပါတယ်။
ဝန်ကြီးချုပ်ဟောင်းနှင့် ပြည်နယ်စည်ပင်ဝန်ကြီးဟောင်းတို့ကို ပြည်နယ်အထူးတရားရုံးမှ အထက်ပါအတိုင်း အမိန့်ချမှတ်ခဲ့တာလို့ သိရပါတယ်။ ကရင်ပြည်နယ်ဝန်ကြီးချုပ်(ဟောင်း) ဒေါ်နန်းခင်ထွေးမြင့်သည် NLD ပါတီ၌ ဗဟိုအလုပ်အမှုဆောင်တာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်ပါတယ်။
ဝန်ကြီးချုပ်ဟောင်းနှင့် ပြည်နယ်စည်ပင်ဝန်ကြီးဟောင်းတို့သည် ပုဒ်မ ၅၀၅(ခ)အရ ထောင်ဒဏ် နှစ်နှစ်ချမှတ်ခံ ထားရလို ၎င်းတို့သည် ဘားအံမြို့ ကမ်းနားလမ်းသာယာလှပရေးဆောင်ရွက်ရာ၌ ပုဂ္ဂလိကထံ မြေဌားရန်းရာ၌ နိုင်ငံတော်မှ ကျပ်သန်း ၅၃၈၀ နစ်နာခဲ့ကြောင်း န-စ-ကမှ သတင်းထုတ်ပြန်ထားပါတယ်။
အလားတူ အခြားသော ပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ၌ လုပ်ထုံးလုပ်နည်းများဖြင့် ညီညွှတ်မရှိဘဲ ငွေကြေး သုံးစွဲမှုများကြောင့် အ-ဂ-တိ ဖြင့် တရားစွဲဆိုခြင်းခံခဲ့ရပါတယ်။
ထို့အတူ ဝန်ကြီးချုပ်ဟောင်းနှင့် ပြည်နယ်စည်ပင်ဝန်ကြီးဟောင်းတို့သည် ကျန်းမာရေးမကောင်းစဉ်ကာလ၌ ဆေးဝါးကုသရာ၌ ပုဂ္ဂလိကလုပ်ငန်းရှင်များထံမှ ငွေကြေးရယူခဲ့မှုများနှင့် ရွေးကောက်ပွဲကာလ၌ လုပ်ငန်းရှင် အချို့ထံမှ ငွေကြေးတောင်းခံခဲ့မှုများ ပါဝင်ကြောင်း န-စ-က ၏ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
ထိုကဲ့သို့ ဝန်ကြီးချုပ်ဟောင်းနှင့် ပြည်နယ်စည်ပင်ဝန်ကြီးဟောင်းတို့ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရမှုများနှင့် ပတ်သက်ပြီး People Media မှ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံ မေးမြန်းရာ ကရင်ပြည်နယ်ဝန် ကြီးချုပ်(ဟောင်း) ဒေါ်နန်းခင်ထွေးမြင့်သည် ထောင်ဒဏ် (၇၅) နှစ်နှင့် စည်ပင်ဝန်ကြီး(ဟောင်း) ဦသန်းနိုင် သည် ထောင်ဒဏ် နှစ် (၉၀) ချမှတ်ခံရကြောင်း ပြောပါတယ်။
Photo - ကရင်ပြည်နယ် NLD
#PeopleMedia #နစက #ကရင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း
(unicode)
ကရင်ပြည်နယ်ဝန်ကြီးချုပ်(ဟောင်း) ဒေါ်နန်းခင်ထွေးမြင့်သည် ထောင်ဒဏ် (၇၅) နှစ်နှင့် စည်ပင်ဝန်ကြီး (ဟောင်း) ဦးသန်းနိုင်သည် ထောင်ဒဏ် နှစ် (၉၀) ချမှတ်ခံရ
…………………………………………………