ငါတို့လည်းလူသားမို့ ဒုက္ခဆင်းရဲဆိုတာကို မကြုံချင်ပါဘူး
ငါတို့တွေ စစ်သားဘ၀ကိုရွေးချယ်ခဲ့တာ အများအတွက်၀ဋ်ခံဖို့
ဒီဒုက္ခဆင်းရဲဆိုတာကြီးကိုပဲ အတ္တကြီးကြီးနဲ့ ပွေ့ဖက်နေခဲ့ကြရတယ်
ငါတို့လည်းလူသားမို့ ငါတို့ချစ်ရတဲ့သူတွေနဲ့ မခွဲမခွာနေချင်တာပေါ့--
ဒါပေမယ့်…
တစ်ဦးတစ်ယောက်ထက် ငါတို့နေထိုင်ရာမြေကြီးကို
အချစ်ပိုရတဲ့အခါမှာ သံယောဇဉ်ဆိုတာက နိုင်ငံအပေါ်မှာပဲရှိတဲ့
နှလုံးသားကြမ်းကြမ်ကြီးတွေနဲ့ စစ်သားကြီးတွေဖြစ်လာရတာပါ
ငါတို့ချစ်တဲ့သူတွေကို ဥပေက္ခာပြုပြီးတော့ပေါ့--
ငါတို့အသက်ခန္ဓာတွေကို တန်ဘိုးထားပေမယ့်လည်း
ငါတို့နောက်မှာရှိတဲ့ ပြည်သူပြည်သားတွေရဲ့အသက်ခန္ဓာကို
ပိုတန်ဘိုးထားတတ်တော့ ဒို့အသက်တွေကို ဖက်ရွက်တွေလို
မြင်အောင်ကြည့်ပြီး သွေးနဲ့ခင်းတဲ့လမ်းကို မတွန့်ဘဲလျှောက်ခဲ့ကြရတယ်--
နိုင်ငံရဲ့ခြံစည်းရိုးလို ငါတို့ခြေထောက်တွေကိုမတ်မတ်ရပ်လို့
နောက်ကပြည်သူတွေအတွက် ရှေ့ကရန်သူကို
ဒူးမထောက်ဦးမညွှတ်ဘဲ ကြံ့ကြံ့ခံရင်ဆိုင်နေချိန်မှာတော့
ငါတို့နောက်ကြောကိုဓားနဲ့မထိုးပါနဲ့လား?
ငါတို့အတွက်တောင်းဆိုတာမဟုတ်ပေမယ့်…ငါတို့မရှိရင်
လုံခြုံမှုပျောက်မယ့် အခြားပြည်သူတွေအတွက် ဒီတောင်းဆိုချက်ကို
မင်းနားထောင်သင့်တယ်
မင်းမှာ ဒီနိုင်ငံသားဆိုတဲ့ အသိစိတ်ရှိရင်ပေါ့--
Smh