Thursday, November 25, 2021

လွမ်းလောက်တဲ့ လူ


          နေ့လည်က ကိုရဲမိုးသတင်း ရေးတင်တော့ အဲဒီသတင်းမှားနေတယ်ပြောနေလို့ ကိုမျိုးရေ ဆိုပြီး လာမန့်ကြပါတယ် ။ SS ရိုက်ထားတဲ့ သက်သေတွေနဲ့ပေါ့ ။ 

       ကျနော်အဲဒီ မန့် တွေကို like ပဲ ပေးခဲ့ပြီး ပြန်မပြောခဲ့ပါဘူး ။ ဘာကြောင့်လဲ ဆိုတော့ ကိုရဲမိုးသေတာ မဖြစ်နိုင်ပါဘူး ဆိုတဲ့ သူတို့ရဲ့ ယုံကြည်မျှော်လင့်ချက်လေးကို တနာရီပဲ အချိန်ရရ ကျနော် မဖျက်ဆီးရက်လို့ပါပဲ ။ 

         သူ့ကို လူတွေ ဘာကြောင့် ဒီလောက် လွမ်းနေရသလဲ.... ?

      သူ့ကို လူတွေ ဘာကြောင့် လေးစား ချစ်ခင်နေကြသလဲ.... ?

       အကြောင်းများစွာကြောင့်လို့ပဲ ဆိုရပါလိမ့်မယ် ။ အဓိက အကျဆုံး အကြောင်းတရားကတော့ နိုင်ငံတော်အပေါ် သစ္စာကြီးလွန်းသူ တပ်မတော် နဲ့ ပြည်သူ အတွက် နားလည်မှု ပေါင်းကူးတံတား ၊ ရိုးသားသူ ၊ ကြိုးစားသူ ၊ စာပေကို ပြည်သူ့နှလုံးသားထဲ ရောက်အောင် ရသမြောက်ရေးနိုင်စွမ်းရှိသူ ၊ အထူးအားဖြင့် နီပိတ်လောကရဲ့ အကြောက်ရွံ့ရဆုံးသော ကလောင်ကိုင်တပ်မှူးကြီး ဖြစ်လို့ပါပဲ ။ 

        သူနဲ့ကျနော်တို့ရဲ့ ကွာခြားမှုကလည်း ဒီလိုရှိပါတယ် ။ ဒီနေ့ ကျနော်တို့ တပ်မတော်ကို ချစ်ကြပါတယ် ။ သို့သော် ကျနော်တို့ အကျိုးစီးပွား အတွက် တပ်မတော်နဲ့ ပတ်သက်ဆက်နွယ်ခြင်း မရှိပါပဲ ချစ်နေကြခြင်း ဖြစ်ပါတယ် ။ 

     ကိုရဲမိုးကြတော့ ဤသို့ မဟုတ်ပါဘူး ။ သူသည် တပ်မတော်ထောက်လှမ်းရေးတပ်ဖွဲ့ကြီးမှာ ဗိုလ်ကြီးအဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့ရပြီး တပ်မတော်မှ အဖွဲ့အစည်းတခုလုံး ဖျက်သိမ်းလိုက်ခြင်းဖြင့် သူ့ရဲ့ အဖွဲ့ သူ့ရဲ့ ကိုယ်ကျိုးအား တိုက်ရိုက်ဖျက်ဆီးခဲ့ပါတယ် ။ 

        သူကတော့ သူ့အဖွဲ့ သူ့ကိုယ်ကျိုးထက် တပ်မတော်အပေါ် မြတ်နိုးစိတ် ၊ တိုင်းပြည်အပေါ် သစ္စာစောင့်သိသော စိတ်တို့ နဲ့ တတ်စွမ်းသလောက် အကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်ပေးခဲ့ပါတယ် ။ 

      ကျနော်တို့ ယနေ့ တပ်မတော်ကို ချစ်ခင်လေးစားကြတယ်ဆိုတာ ကိုယ်ကျိုးစီးပွား ပျက်ဆီးအောင် ပြုလုပ်ခြင်း မခံကြဖူးလို့ပါပဲ ။ ကိုရဲမိုးလို ခံစားဖူးရင် ကျနော်ကတော့ တပ်မတော်ကို ဆက်လက် ချစ်ခင်လေးစားနိုင်ပါ့မလားဆိုတာ အာမမခံနိုင်ပါဘူး ။

       ထောက်လှမ်းရေးအဖွဲ့ဝင် အများစုရဲ့ ရင်ထဲကို တပ်မတော် နဲ့ တိုင်းပြည်အပေါ် ထာဝရ သစ္စာစောင့်သိဖို့ အမြဲဆိုဆုံးမခဲ့တဲ့ ဦးခင်ညွှန့် နဲ့ တကွ ထောက်လှမ်းရေး တပ်ဖွဲ့ဝင်များရဲ့ သစ္စာ နဲ့ တာဝန်ကျေပွန်လှပုံတို့ကို ကိုရဲမိုးက သေသည်အထိ သက်သေပြခဲ့ပါပြီ ။ 

         ရခိုင်အရေးအခင်းမှာ ရှေ့တန်းအထိ လိုက်လံပြီး စစ်သတင်းများရယူကာ တင်ပြပေးခြင်း ၊ လောက်ကိုင်တိုက်ပွဲမှာ ရှေ့တန်းအထိ ရဲဝင့်စွာ စစ်သတင်းများ ရယူ၍ အချိန်နဲ့တပြေးညီ တင်ပြခြင်းတွေဟာ ပြည်တွင်းက အဖျက်မီဒီယာပေါင်းစုံကို သူ့အင်အားနဲ့ အကောင်းဆုံး တုန့်ပြန်ပေးခဲ့တာပါပဲ ။ 

        အဲဒီကာလတွေမှာ နီပိတ်တွေနဲ့ ပြည်ဖျက်မီဒီယာတွေ သိပ်ကြောက်တဲ့ ကလောင်ဆိုတာ ကိုရဲမိုးပါပဲ ။ အကျိုးအကြောင်း ညီညွှတ်ခြင်း ဒေတာပြည့်စုံခြင်း အရေးအသား ညက်ညောခြင်းတွေကြောင့် နီပိတ်တွေရဲ့ နံပါတ် တစ် ရန်သူတော်ကြီးအဖြစ် ကာလများစွာ ရပ်တည်နိုင်ခဲ့သူ ဖြစ်ပါတယ် ။ 

       သူ့စာ သူ့စိတ်ထားတွေဟာ အတုယူဖွယ်တွေ များလှပါတယ် ။ သု့ကို တပ်မတော်ရဲ့ ကြေးစားဘော်ဘီအဖြစ် ပုံဖော်အမည်ဖျက်ခဲ့ကြပါတယ် ။ တကယ်တမ်းကျတော့ ကိုရဲမိုးဟာ သနားစရာကောင်းလှအောင် ရိုးသားစွာ အထောက်အပံ့မဲ့ ရပ်တည်ခဲ့ရရှာပါတယ် ။ 

       သူအသည်းကင်ဆာအတွက် ဆေးဖိုးဝါးခ မပြည့်စုံလို့ သူ့ဆရာ ဒေါက်တာနေဇင်လတ်ကိုယ်တိုင် ငွေကြေးအကူညီပေးခဲ့ရတာ ကြည့်ခြင်းအားဖြင့် သူသည် ကြေးသားလော်ဘီ မဟုတ်ပဲ ကိုယ့်ထမင်း ကိုယ်စားပြီး တိုင်းပြည်အတွက် လုပ်ပေးခဲ့တဲ့ သူရဲကောင်းဆိုတာ ထင်ရှားစေခဲ့ပါတယ် ။ 

         ကိုရဲမိုးကဲ့သို့ သစ္စာကြီးသော ၊ တိုင်းပြည်ချစ်သော ၊ တပ်မတော်အားလေးစားမြတ်နိုးသော ဝန်ထမ်း အဟောင်း အသစ် များစွာ ရှိနေပါသေးတယ် ။ 

      လွန်ခဲ့သော တလခန့်အချိန်က ကိုရဲမိုးတယောက် ထုံးဘို မန္တလေး ကားလမ်းမဘေးမှာ ကွမ်းယာရောင်းနေတယ်ဆိုတဲ့ သတင်းတခု တက်လာပါသေးတယ် ။ ဖတ်မိသူများလည်း ရှိနိုင်ပါတယ် ။ ဒီလောက် တပ်မတော်အတွက် မေတ္တာမပျက် ပေးဆပ်နေသူတယောက် ဒီလို ဖြစ်စရာလား ဆိုပြီး ကျနော် စိတ်မကောင်း ဖြစ်မိပါသေးတယ် ။ 

        ကိုရဲမိုးရဲ့စာတွေကို ကျနော် စုဆောင်းပြီး သူချစ်တဲ့ တပ်မတော် နဲ့ ပြည်သူ ကြည်ဖြူကြစေဖို့ ဆိုတဲ့ အရပ်ဖက် တပ်ဖက် ဆက်ဆံရေးတိုးတက်စေလိုတဲ့ ကိုရဲမိုးရဲ့ ဆန္ဒကို ဂုဏ်ယူစွာနဲ့ အားဖြည့်ပေးသော အနေဖြင့် ပြန်လည် တင်ဆက်ချင်ပါသေးတယ် ။ 

        ဆယ်လတာမျှ fb လောကကြီးကနေ အလှမ်းကွာနေပေမယ့် သူ့ပရိတ်သပ် သူ့မိတ်ဆွေတွေကတော့ မေ့မရတဲ့သူ လွမ်းလောက်တဲ့လူကတော့ ကိုရဲမိုးပါပဲ ဗျာ ။ 

         ကိုရဲမိုးက သု့အကြောင်းတွေကို မရေးပါနဲ့လို့ မှာသွားတဲ့ ပို့စ် တွေ့ကြမှာပါ ။ အသေအချာ နားလည်အောင် ဖတ်ကြည့်ရင် သူဆိုလိုတာက သူ့ကို တကယ် မချစ်ခင် မလေးစားပဲ ဟန်ဆောင် တာဝန်ကျေ ပို့စ်တင်ပြီးတာ နဲ့ နာရီဝက်လောက်နေတော့ ကိုရီးယားကားထပ်တင် ၊ စားစရာပုံတွေ တင် နဲ့ မထော်မနန်း လုပ်ကြသူတွေ ကို သူမခံစားနိုင်ဘူးလို့ ရေးထားတာပါ ။ 

      ကျနော်ကတော့ သူယူဆထားတဲ့ အမျိုးအစားထဲက မဟုတ်ပဲ သူ့ကို အမှန်တကယ် လေးစားချစ်ခင်သူ တယောက်အနေနဲ့ ယခုလို လိပ်ပြာသန့်စွာဖြင့် ဂုဏ်ပြု ရေးသားလိုက်ရပါတယ် ။ 

       ကိုရွှေမျိုးဝင်း

တယ်လီဂရမ်လင့်နဲ့ကျွန်တော့အကောင့်လင့်ပါ
https://t.me/komyowin

https://www.facebook.com/profile.php?id=100075294842232

နိုင်ငံရေးသတင်းများကို Yutube မှာလည်းနားဆင်လို့ရပါပြီခင်ဗျာ
https://youtube.com/channel/UCG7fGVz_iyGtDnMsqyCABbw

Related Posts:

  • ✈️ 9-11 နှစ် (၂၀) ပြည့်ကမ္ဘာကျော်ပြီး၊ အာဖဂန်နစ္စတန်ကို တိုက်ခိုက်ခဲ့တဲ့9-11 ဟာ၊ ဒီနေ့မှာ နှစ်ပေါင်း (၂၀) တင်းတင်းပြည့်ခဲ့ပါပြီ၊ မှတ်မှတ်ရရ Bush (Jr) ဒုတိယသက်တမ်းအစမှာပါ၊ပြည်ပရောက်နေတဲ့ ညီကဖုန်းဆက်တယ်" WTO အတိုက်ခံရပြီ၊ ကိုကြီးတို့ဆီမှာ လိုင်းရရင်က… Read More
  • ၇လအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အစိုးရဝန်ထမ်း ၁၄၀ ဦး အပါဝင် သေဆုံးသူ ၉၃၃ ဦးရှိခဲ့ဟု နစကပြည်ထဲရေးဒုဝန်ကြီးဆိုရန်ကုန်၊စက်တင်ဘာ ၁၀ရက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှဩဂုတ်လကုန်အထိ နိုင်ငံအတွင်း သတ်ဖြတ်ခံလိုက်ရ၍ သေဆုံးခဲ့ရသော အရပ်ဘက်မြို့နယ်အဆင့်နှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအရေအတွက်၊ဒလန်ဟုစွပ်စွဲ၍ သတ်ဖြတ်ခံလိုက်ရသည့် ဦးရေ၊အစိုးရဝန်ထမ်းနှ… Read More
  • ကျော်ဟိန်း ပြဿနာနမူနာ (၁)----------          သူဌေးတယောက်က အလုပ်သမားကို ငွေချေးထားတယ် ။ လစာထဲက အချိုးကျဖြတ်မယ်ပေါ့ ။ မိသားစုကများ ၊ ကျန်းမာရေး​တွေကချို့တဲ့ ကုန်စျေးနှုံးက ရုတ်ချည်း အဆမတန် ကြီးလာ ၊ မိသားစုထဲက ရှိတဲ့အခြားအလုပ်က ပြုတ်ကြနဲ့ မလောက… Read More
  • ဘာပူစရာလဲ          ကိုစိုးလာတော့လည်း လက်ဖက်ရည်ဆိုင်သွား လေကန်ရတာပါ ပဲ ။ "ငမျိုးရေ ငါ သွားစရာ ရှိလို့ တခုပဲ မေးချင်တယ်ကွ ''"မေးပါ ဗျာ ''"အခု တာဝါတိုင်တွေ ဖျက်ဆီးနေတဲ့ ပြဿနာ မင်းဘာလို့ မရေးတာလဲ ကွ ''"တာဝါ ပျက်စီးတော့ ဘယ်ပြည်သူ့စောက်ပူ ပါ… Read More
  • ဘိုင်ဒင်ကို ထရမ့်ဝေဖန်အာဖဂန်ကနေအမေရိကန်တပ်တွေကိုအလျင်စလိုရုတ်သိမ်းလိုက်တာဟာအရည်အချင်းမဲ့တဲ့လုပ်ရပ်ပဲလို့ဘိုင်ဒင့်ကို ထရမ့်က ပြင်းပြင်းထန်ထန်ဝေဖန်လိုက်တယ်၊အာဖဂန်ကိုအမေရိကန်တွေစစ်တိုက်ရခြင်းဖြစ်တဲ့9-11 နှစ် (၂၀) နေ့လဲဖြစ်နေပါတယ်၊BaMaung… Read More