Wednesday, November 24, 2021

တကယ်လို့သာ မင်းတို့ပြောသလို-ပြည်သူ သန်း ၅၀ မင်းတို့ ဘက်မှာရှိနေရင် ၊ အခုလောက်ဆို စစ်ကောင်စီပြာကျနေလောက်နေလောက်ပြီ ထင်တယ်။


စစ်သား ၅ သိန်းကွာ ၊ ရဲတွေ ဘာတွေ

ညာတွေအကုန်ပေါင်း ၊ အရံဆိုတာတွေ

ပေါင်း ၊ ၅ သန်း ရှိတယ်ထားဦး 

၄၅ သန်း က သေးနဲ့ဝိုင်းပန်းတောင်

သေးထဲမှာလက်ပစ်ကူးနေရမှာပေါ့ ။

မင်းတို့ ယုံကြည်နေတာတွေက 

အဖြစ်မှန်နဲ့ဝေးကွာလွန်းတယ် ။

ရုံးမတက်နဲ့ဆို တက်တယ် ၊

ဆေးမထိုးနဲ့ ဆိုထိုးတယ် ၊

ဘုရားမဖူးနဲ့ ဆိုဖူးတယ် ၊  

ကျောင်းမသွားနဲ့ ဆိုသွားတယ် ၊

ဒို့ပြည်သူတွေညီရဲ့လားဟေ့ ဆို

အော်ခဲ့တာတွေ က ဘယ်မှာလဲ ။

လက်နက်ကိုင်တော်လှန်တဲ့ နည်းက

အဓိက အားဖြင့် 

နံပတ် ( ၁) 
မင်းတို့ ကိုယ်တိုင် ဘဝတွေနာသွားတယ် ။

( ၂ ) ကတော့ ပြည်သူတွေ ရဲ့အေးချမ်း

တည်ငြိမ်တဲ့ဘ၀ ၊ အသက်အိုးအိမ်

စည်းစိမ်တွေ ပျက်စီးနစ်နာရတယ် ။

( ၃ ) ကတော့ တိုင်းပြည် နာတယ် ။

နောက်ထပ် နစ်နာ သွားတာတွေ အများကြီးနော် ။ 

မင်းတို့ ဘ၀ တွေ နာသွားတာက

မင်းတို့ကိစ္စချည်း ပဲ သက်သက် မဟုတ်ဘူး ။

မင်းတို့ ဘဝတွေ နာသွားတာက တိုင်းပြည်ရဲ့ 

ဘ၀ တစ်စိတ်တစ်ပိုင်း ပါ ထိခိုက်နစ်နာသွားတာ ။ 

အနှုတ်လက္ခဏာ ပြသွားတာ ။

မင်းတို့ တိုက်ပွဲမှာသေကုန်တာ ပဲ ဖြစ်ဖြစ် 

အဖမ်းခံရလို့ ထောင်ကျတာပဲဖြစ်ဖြစ် 

လူသားအရင်းအမြစ်တွေ ဆုံးရှုံးကုန်တာပဲ ။

မင်းတို့ ဖျက်ဆီးပစ်ခဲ့တဲ့ နိုင်ငံပိုင် ၊ ပုဂ္ဂလိကပိုင်

ပစ္စည်းတွေ ဆုံးရှုံးကုန်တာက တိုင်းပြည်ရဲ့

စီးပွားရေးဆိုင်ရာ အရင်းအမြစ်တွေထဲက
တချို့တစ်၀က်ပဲ ။ 

ပြည်သူ တစ်ဦးတစ်ယောက်

ပိုင်ဆိုင်တဲ့ ပစ္စည်းတွေ ပျက်စီးဆုံးရှုံးရင်လည်း

ပိုင်ဆိုင်တဲ့ ပြည်သူ တစ်ဦးတည်း နစ်နာ 
တာမဟုတ်ဘူး ။ 

တိုင်းပြည်ပါ နစ်နာသွားတာ။

ဘယ်ဟာက အမှန် တရားလဲ ဆိုတာ 

ရှင်းနေအောင် မြင်နေပြီပဲလေ..။

ပေါက်တဲ့ နဖူး မထူး ဘူးရယ်လို့ ဆက်ပြီး

မိုက်တွင်း နက်မနေနဲ့ ။ 

တကယ့်သူရဲကောင်းဆိုတာ 

ကိုယ်မှားမှန်း သိတာနဲ့ ချက်ချင်း

ပြောင်းလွယ်ပြင်လွယ် ရှိရတယ် ။

အမှားကြီးကို အရသာခံ ဖက်တွယ်နေပြီး

သေမှ လူမှုကွန် ယက်မှာ ဘာအိုင်ပီ ပါ

ညာအိုင်ပီ ပါ လျှောက်ပြောနေလည်း

မင်းတို့ ပြန်ရှင်ခွင့် မရှိတော့ဘူး ။ 

ပေါတောတော ပေးလာတဲ့ လေထဲက

သူရဲကောင်းဘွဲ့ကို ပီတိ တစ်ခု အဖြစ် 

ခံစားခွင့်မရှိတော့ဘူး ။

လဲရင် ပြန်ထ ဒါဘ၀ ပဲ ။

ချော်လဲ ရောထိုင်လုပ်မနေနဲ့ ။

ပြန်ထ ခဲ့ ၊ 

မိဘ ရင်ခွင် မှာ ခိုလှုံခွင့်ရဖို့ ၊ 

ပြည်သူ့ ရင်ခွင်မှာ ခိုလှုံခွင့်ရဖို့ ၊

တရားဥပဒေ ရင်ခွင်မှာ ခိုလှုံခွင့်ရဖို့ ၊

ပြန်လာခဲ့လိုက် ။ 

ဓမ္မမှာ

နောက်ကျတယ်ဆိုတာ မရှိဘူး ။

အဇာတသတ်မင်းကိုသာ သာဓက ယူကြ။

#AHR