Wednesday, November 24, 2021

ဒီတခါနောက်ဆုံးဖြစ်ပါစေသား 🙏


ကိုယ့်နိုင်ငံကိုယ့်လူမျိုးကို ကိုယ့်နိုင်ငံသား ကိုယ့်လူမျိုးတွေက အမဲဖျက်နေတာ အသည်းတွေနာရတယ်။ ဘေးကခေတ်သစ် ကျူးကျော်သူတွေက လက်ခုပ်တီးလို့ စီးချင်းထိုးတဲ့ပွဲစည်းဝိုင်းထဲမှာ ဘယ်သူနိုင်နိုင်မနိုင်ဘူး။ ဘယ်သူရှုံးရှုံး အတူတူရှုံးတယ်။ ဒီနေ့လိုအဖြစ်ဆိုးတွေ နောင်မျိုးဆက်တွေအထိပါမသွားဖို့ တောင်းဆုပြုပါတယ်။ နာကျည်းချက်တွေ ဂလဲ့စားချေတာတွေ ဒဏ်ရာတွေနှင့် ပိတ်လှောင်နေတဲ့ သမိုင်းစာရင်းရှင်းပွဲမှာ မျိုးတူတွေ သည်းကြီးမည်းကြီး စီးချင်းထိုးနေပြီ။ သယံဇာတကျိန်စာတဲ့ ဒီမြေကချမ်းသာတာ ဒီလူမျိုးတွေအတွက် ကျိန်စာတဲ့လား။ လူသားဖြစ်တည်မှုမှာ ရက်စက်လှတဲ့ လူသားချင်းစာနာရေး ဒီတစ်သက်ဒီတခါသာ သံသရာမှာ နောက်ဆုံးကြုံပါရစေ။ ဒီတခါနောက်ဆုံးဖြစ်ပါစေသား။
🙏🙏🙏
ချစ်ခြင်းအားဖြင့်
နန်းမြမြမီမီဇော်
၂၀၂၁ခုနှစ်နိုဝင်ဘာလ၂၃ရက်။