Saturday, November 27, 2021

အတိတ်က အမှားတွေပြင်ပြီး အနာဂတ်မှာ ပြည်သူ့အကျိုးကို သယ်ပိုးကြတဲ့အခါမှာ


ဒေါသ၊ အာဃာတတွေ မထားကြဖို့ ပေါ်ထွက်လာမဲ့ အခြားပါတီ၊ အဖွဲ့အစည်းများကိုလည်း ပုဂ္ဂိုလ်ရေး နစ်နစ်နာနာမပြောကြဘဲ မြန်မာ့အကျိုးကိုဖြစ်စေမဲ့ မြန်မာ့လမ်းစဥ်ကိုသာ မှန်မှန်ကန်ကန် လျှောက်ဖို့ ဖြစ်-ပျက်၊ တက်-ကျ ပြောင်းလဲနေတဲ့ လောကဓံတရားတို့ကိုခံနိုင်ဖို့ အရေးကြီးပါတယ်။ မဟုတ်တရားစကား၊ ပြုလုပ်မှုတွေကို ဟုတ်မှန်သော သစ္စာတရားဖြင့်သာ နိုင်နိုင်ပါတယ်။ ခိုက်ရန်ဒေါသကို မေတ္တာဖြင့်သာ ငြိမ်းသတ်နိုင်ပါတယ်။

မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲကြတဲ့ ဟို ဝံသာနုခေတ်၊ ဂျီစီဘီအေ၊ ကျောင်းသားများ ကြိုးပမ်းမှု၊ တောင်သူလယ်သမား၊ အလုပ်သမားများရဲ့ ကြိုးပမ်းမှု၊ ရဲဘော်သုံးကျိပ်၊ ဖဆပလ တပ်မတော် ခေါင်းဆောင်များကို နိုင်ငံတော်အနေနဲ့ ဂုဏ်ပြု၊ မော်ကွန်းတင်ခဲ့ကြပါတယ်။ သူ့အခန်းကဏ္ဍနဲ့သူ အများပြည်သူအကျိုး၊ နိုင်ငံအကျိုးကို ထမ်းဆောင်ခဲ့ကြတာပါပဲ။ 

ပုဂ္ဂိုလ်တစ်ဦးစီမှာတော့ လူသားပေမို့ ကောင်းတာဆိုးတာ မှားခဲ့တာမှန်တာရှိတာပေါ့။ ဒီပုဂ္ဂိုလ်တွေကို အချို့လည်း ကွယ်လွန်ကြပါပြီ။ ကျွန်တော်တို့ ပြစ်တင်ရှုတ်ချမနေကြဘဲ သူတို့ကျေးဇူးကိုသိ၊ ထိုက်တန်သောဂုဏ်ပြုမှုကို ပြုသင့်ပါတယ်။ အနာဂတ်ကိုမျှော်ကိုးပြီး မကောင်းတာ ကောင်းလာအောင်၊ ကောင်းတာ ပိုကောင်းလာအောင်သာ ကြိုးစားကြဖို့လိုပါတယ်။ ကိုယ်မှားနေရင်လည်း ပြင်၊ သူမှား ပြီကောရယ်လို့ ကိုယ်ကလည်း လိုက်မမှားကြဖို့လိုပါတယ်။ အမှားတစ်ခုနဲ့ နောက်အမှားတစ်ခု ပေါင်းလိုက်လို့ အမှန်တစ်ခုမဖြစ်ပါဘူး။ 

နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများရဲ့ မေတ္တာ၊ ကရုဏာ၊ သြဝါဒဟာ ယခုအရေးအခင်းတွေ အဆိုးကြီးမဆိုးဖို့ အလွန်အထောက်အပံ့ဖြစ်ခဲ့ပါတယ်။ ကျွန်တော်သာ ကျွန်တော့်ကို ဝေဖန်တိုက်ခိုက်တဲ့ စာမှန်သမျှကို ပြန်ဖို့နေနေသာသာ၊ ဖတ်ရမယ်ဆိုရင်တောင်မှ၊ ဒီအပြင် ဘာအလုပ်ကိုမှ လုပ်နိုင်မယ်မထင်ဘူး။ 

ကျွန်တော်ဟာ အလုပ်ကို အကောင်းဆုံး လုပ်တတ်သလို ကြိုးစားလုပ်တယ်၊ အကယ်၍ လုပ်ခဲ့သော အလုပ်ရဲ့ အဆုံးရလဒ်ဟာ ကောင်းနေမယ်ဆိုရင် ကျွန်တော့်ကို ဆန့်ကျင်ပြောခဲ့တာ မှန်သမျှ ဘာမှအရာရောက်မှာမဟုတ်ဘူး။ ကျွန်တော်လုပ်ခဲ့တာဟာ မှားနေခဲ့ရင်တော့၊ နတ်သကြား ၁၀ ပါး ကျွန်တော့်ဘက်ကနေ ကျွန်တော်မှန်ပါတယ်ဆိုတဲ့ အကြောင်း ကျမ်းကျိန်ပြောနေရင်တောင်မှ ဘာမှထူးခြားလာလိမ့်မယ် မထင်ပါဘူး။

"ကြီးကျယ်သော လုပ်ငန်းစဥ်များတွင် ကြိုးစားအားထုတ်ခဲ့ရရုံမျှဖြင့် လုံလောက်ပြီ (In great things, it is enough to have tried)"။

အညတြရစစ်သည် 
ဗိုလ်စောမောင်


Related Posts:

  • သတင်းစာရှင်းလင်းပွဲအနှစ်ချုပ်■ Information Sheet ဆိုပြီး ဘာသာ(၄)မျိုးလောက်နဲ့ သံရုံးတွေကိုနေ့စဉ် ပို့နေတာဖြစ်တဲ့အတွက်ကြောင့်ဒီအချက်အလက်တွေက သံရုံးအတွက်တော့သိပ်ထူးခြားမှာမဟုတ်ဘူး…..ဒါပေမယ့် …..တရားဝင် သတင်းစာရှင်းလင်းပွဲတစ်ခုမှာတရားဝင်ဖိတ်ကြားပြီးရှင်းလင်… Read More
  • အာဆီယံကလည်း အိမ်စောင့်အစိုးရကို လက်ခံနေပီ။ ပန်ဆယ်လို မင်းကိုနိုင် ဇော်ဝေဆိုး မျိုးရန်လုံသိမ်း အဲ့လူတွေအကုန် ပြည်ပမှာအနူဂျီ ဆိုတဲ့ကောင်တွေကလည်း လေလှိုင်းမှာ ရေဒီယိုလွှင့်ဖို့ ရေဒီယို ပြင်နေတုန်း KIA /KIO လည်း စစ်ရှောင်ချင်နေပီPDF ကိုလက်ခံထားတဲ့ KNUတပ်မဟာအချို့ မွစာကျဲန… Read More
  • ဆရာမျိုး၀င်း ပွဲစားလုပ်မည်😋😋 ကဲ လာပြီနော်      ပြည်ဖျက် PDF သတင်းတွေ အတိအကျ ဖော်ထုတ်ပေးရင် အနည်းဆုံး ၅ သိန်းတဲ့ ဗျာ ။        အလုပ်အကိုင် ရှားပါးလို့ စိတ်ညစ်နေသလား PDF မုဆိုး လုပ်ကြည့်ပါ ။ သတင်းပေးမယ့်သူအတွက် လုံခြုံမှု ရှိဖို့ဆိုတာ နယ်ခံရဲစခန်းက အရေးကြီးပါတယ် ။     … Read More
  • မကြာခင် အကြမ်းဖက်တန်ပြန် နှိမ်နင်းရေး လုပ်ငန်းတွေ လုပ်ဖို့ရှိနေသလိုသတင်းအရ ကြမ်းဖက်သမားတွေကိုဝင်ရောက်ဖမ်းဆီးရာတွင် အရင်လို နယ်မြေခံရဲစခန်းတွေကို ကြိုတင်အကြောင်းကြားပူပေါင်းဖမ်းဆီးမှု့မျိုးတွေ မပြုလုပ်တော့ဘဲစရဖ နှင့် နယ်မြေခံတပ်မတော်သားများ ပူးပေါင်းကာဖမ်းဆီးမှု့များဆောင်ရွက်နေပြီး ၊ လိုအပ်မှ… Read More
  • ဆရာမျိုး၀င်း ပွဲစားလုပ်မည်😋😋 ကဲ လာပြီနော်      ပြည်ဖျက် PDF သတင်းတွေ အတိအကျ ဖော်ထုတ်ပေးရင် အနည်းဆုံး ၅ သိန်းတဲ့ ဗျာ ။        အလုပ်အကိုင် ရှားပါးလို့ စိတ်ညစ်နေသလား PDF မုဆိုး လုပ်ကြည့်ပါ ။ သတင်းပေးမယ့်သူအတွက် လုံခြုံမှု ရှိဖို့ဆိုတာ နယ်ခံရဲစခန်းက အရေးကြီးပါတယ် ။     … Read More