Friday, November 26, 2021

လုပ်သင့်တဲ့ ကဏ္ဍ နဲ့ စာနာမှု


        မနေ့က သတင်းမှာ လူသတ်သမား PDF တွေကို သေဒဏ်ပေးတဲ့ သတင်းပါလာတာတွေ့ရပါတယ် ။ ဥပဒေအရ အယူခံတင်ပြီးနောက် တလအတွင်း အယူခံပယ်လျှင် မုချ သတ်ရပါ့မယ် ။

      သို့သော် မြန်မာခေါင်းဆောင်များရဲ့ အယူအဆအရ အယူခံပယ်ခြင်း ခံရတဲ့ သေဒဏ်ကျခံရမည့် တရားခံအား သတ်ရန် လက်မှတ်ထိုးပေးရမည်ကို လက်တွန့်နေကြ၍ မကြာခင် ထောင်တသက်ဟု ပြင်ဆင်လျှော့ပေါ့ ပေးလေ့ ရှိပါတယ် ။ 

          အဲဒါကြောင့် မသတ်ဖူး အချိန်တန်ရင် ပြန်လွတ်မှာလို့ လိမ်လည်ပြီး လူငယ်တွေကို သွေးထိုးနေကြတာပါ ။ တကယ် သတ်ပြလိုက်ပါ လူဆိုတာ သေရမှာ ကြောက်တဲ့သူချည်းပါပဲ ။ ကြိုးတိုက်ထဲမှာ မိုက်ပေ့ဆိုတဲ့ လူမိုက် ခြောက်ယောက် ထိမ်းမရ သိမ်းမရ ဖြစ်ပြီး ဆူပူသောင်းကျန်းဖူးပါတယ် ။ 

      ထောင်မှူးက ကြိုးစင်ကို သန့်ရှင်းရေးလုပ် ပတ္တာတွေဆီထည့်ပြီး ဘယ်ကောင်သေမယ်မသိဘူး ကြိုးစင်ပြင်ခိုင်းပြန်ပြီလို့ သတင်းလွှင့်လိုက်တယ် ။ မိုက်ပါတယ်ဆိုတဲ့ ကြိုးသမား ခြောက်ယောက်လုံး သူလား ငါလား နဲ့ ခြောက်ခြားနေပြီး ဆူပူသောင်းကျန်းဖို့ အသာထား ထမင်းတောင် မစားနိုင်အောင် ကြောက်နေလေရဲ့ ။ 

         ယခု သေဒဏ်ချခံထားရတဲ့ PDF တွေဟာ အပြစ်မဲ့ ပြည်သူတွေကို ရက်စက်စွာ သတ်ဖြတ်ထားသူတွေပါ ။ ရန်ငြိုးရန်စရှိလို့ ပုဂ္ဂိုလ်ရေးအရ သတ်သူတွေ မဟုတ်ပါဘူး ။ ဒါကြောင့် သူတို့ကို စံနမူနာအနေနဲ့ တကယ် သတ်ပြဖို့ လိုအပ်နေပါပြီ ။ 

         ငွေအတွက်ပဲ သတ်ခဲ့သတ်ခဲ့ ယုံကြည်မှုအတွက်ပဲ သတ်ခဲ့သတ်ခဲ့ အင်မတန် လူမဆန်တဲ့သူတွေ ဖြစ်လို့ ဖြစ်နိုင်မယ်ဆိုရင် လူမြင်ကွင်းမှာ သတ်ပြစေချင်ပါတယ် ။ 

        နောက်သတင်းတခု ပန်ဆယ်လိုက ဒေါ်စုကြည် နဲ့ ဇေယျာသော်တို့ ဓာတ်ပုံတွေကို နစကမှ သတင်းထုတ်ပြန်လို့ ဆဲထားတဲ့ ပို့စ် ဖတ်မိပြီး ရီချင်လာပြန်ပါတယ် ။ အသက် ၇၀ ကျော် အမယ်အိုကြီးကို ဒီလို ပြောရမလားပေါ့ လေ ။ 

       ကျနော်တောင် မန့် မိသေးတယ် ၊ သမိုင်းကြောင်းအရ ပွေရှုပ်ခဲ့မိလို့ အပြောခံရတာဆိုပြီး မန့် ခဲ့ပါသေးတယ် ။ ပန်ဆယ်လိုအကြောင်း မိတ်ဆွေကြီးပြောခဲ့တာ မှတ်မိပါသေးတယ် ။ 

        စာပေလောကထဲမှာ သူ့ကို စပြီး အလုပ်ပေးခဲ့တယ်တဲ့ ။ လစာအပြင် ဝတ္တုတွေ ဆောင်းပါးတွေ ဖတ်ပြီး ဝေဖန် သုံးသပ်တဲ့ အလုပ်ကို လေ့ကျင့်ပေးတဲ့အနေနဲ့ လုပ်စေရင်း မုန့်ဖိုးသဘော ဘောက်ဆူး ပေးခဲ့သတဲ့ ။ 

       နောက်ကျတော့ ခိုင်းထားတဲ့ အလုပ်ကို လက်စသတ်အောင် မလုပ်ပဲ သူ့ရီးစားနဲ့ သွားတွေ့နေလို့ စိတ်ကောင်းရှိပေမယ့် တိကျတဲ့ မိတ်ဆွေကြီးက အညာသားပီပီ 
"ငါကတော့ မိန်းမ ဏှာဗူး အခုမှ တွေ့ဖူးတယ် အလုပ်က ထွက်တော့ '' ဆိုပြီး ထုတ်ပစ်ခဲ့သတဲ့ ။

        ပြောချင်တာက လူဆိုတာ စာနာတတ်ကြတယ်ဗျ ။ အထူးသဖြင့် မဟုတ်တာ လုပ်တဲ့နေရာမှာ ပိုပြီး စာနာတတ်ကြပါတယ် ။ အရက်သိပ်ကြိုက်တတ်သူ အရက်ငတ်နေတဲ့ အခြားအရက်သမား တွေ့ရင် သူတတ်နိုင်သလောက် တိုက်ချင်စိတ်ပေါက်သဗျ ဒါမျိုး ဒါမျိုး ပေါက်တယ်နော်.......

        အခု ပန်ဆယ်လိုလဲ သူ့မာမီ အတွက် ပေါက်ကွဲနေတာ အဲသလို စာနာမှုမျိုး ဗျ ။ ကျနော်လည်း ဒါကို သဘောပေါက်မိလို့ မန့် ပြီးမှ ပြန်​ဖျက်ဖို့ ရှာပေမယ့် မတွေ့တော့လို့ ဒီအတိုင်းပဲ ထားလိုက်ပါတော့တယ်😁😁 ။ 

         ဆက်စပ်ပြီး တွေးမိတာက ကိုယ်တောင် အိမ်ထောင်ရှိရဲ့သားနဲ့ သင်ဇာကို ပြစ်မှားလိုက် ၊ အေးသောင်းကို ပြစ်မှားလိုက် ၊ အိချော ကြံစည်လိုက် ဒနန့်ခတ်နေမိတာပဲပေါ့ ၊၊

         ဒီတော့ အိမ်ထောင်ဖက်မရှိလို့ သူတို့ဘာသာ ကြံဖန်အားပေးကြ ၊ ရှိသမျှ ဥာဏ်နီ ဥာဏ်နက်လေးတွေ နဲ့ စျေးဦးမပေါက်တဲ့ စျေးဗန်းကြီးတွေ အကြီးအကျယ် ခင်းပြနေရတဲ့ ဂေါ်မစွံ ကျား / မ အုပ်စုကြီးကို အလကားနေရင်း မစတော့ပါဘူးလို့ စိတ်ကူးမိလိုက်ပါရဲ့.........

         ကိုရွှေမျိုးဝင်း     
       
(စျေးဗန်းခင်းဗျူဟာ အလုပ်မဖြစ်ရင် တိုက်စစ်ကို ဒီလို ဒရစပ်ဖွင့်တိုက်နိုင်ဖို့ အရေးကြီးတယ်.....အိမ်ထောင်ကျဖို့ အာမ မခံနိုင်ပေမယ့် ငရဲကျဖို့တော့ သေချာတယ်😁😁)